ရွှေဘိုမြို့၏ နွေစပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးအဓိကစိုက်ပျိုးသည့်ခရိုင်တစ်ခုဖြစ်ပြီး (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါး (၈၁၀၄၈) ဧကစိုက်ပျိုးခဲ့ရာ ဇွန်လ၊ လဝက်ခန့်မှစတင်၍ စိုက်ပျိုးထားသည့်စပါးများကိုရိတ်သိမ်းခဲ့ကြပါသည်။ နွေစပါးများကို ရွှေဘိုဈေးကွက်တွင် ဇွန်လ၊ တတိယအပတ်မှစတင်၍ BG နှင့် 747 စပါးများအရောင်းအဝယ်ဖြစ်ခဲ့ပြီး ၎င်းစပါးများကို ကြိတ်ခွဲ၍ထွက်ရှိသောဆန်များမှာ ထမင်းအဖြစ် ချက်ပြုတ်စားသုံးရသည့်ဆန်မဟုတ်ဘဲ သားရေစာအဖြစ်စားသုံးသည့်ခေါက်ဆွဲနှင့် မုန့်အမျိုးမျိုးပြုလုပ်ရာတွင် အသုံးပြုကြကြောင်း၊ ဇွန်လ၊ လကုန်အပတ်တွင် ရွှေဝါထွန်းစပါးများ ဈေးကွက်အတွင်း စတင်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ တတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် နွေစပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းများမှာ ရွှေဝါထွန်းစပါးတင်း (၁၀၀) လျှင် (၁၅၅၀၀၀ဝိ/-) ကျပ်ဖြစ်၍ ရွှေဝါထွန်းစပါးကိုကြိတ်ခွဲပါက ဆန်၊ ဆန်လတ်၊ ဆန်ကွဲနှင့် ဖွဲနုများထွက်ရှိပြီး (၁၀၉) ပေါင်ဝင်ဆန်အိတ်တစ်အိတ်လျှင် (၆၄၀၀ဝိ/-) ကျပ်၊ ဆန်လတ်တစ်အိတ်လျှင် (၄၆၅၀ဝိ/-) ကျပ်၊ ဆန်ကွဲတစ်အိတ်လျှင် (၄၅၀၀ဝိ/-) ကျပ်နှင့် ဖွဲနု (၁၈) ပိဿာဝင်တစ်အိတ်လျှင် (၂၃၅၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဝါထွန်းဆန်သည် ထမင်းချက်ပြုတ်စားသုံးရသည့်ဆန်ဖြစ်သဖြင့် ဒေသတွင်းစားသုံးသူများက အများဆုံးဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စပါးဝယ်ယူရာတွင် စိုက်ပျိုးသည့်ဒေသများသို့ ကိုယ်တိုင်သွားရောက်၍ ဝယ်ယူခြင်းမပြုလုပ်ဘဲ ပွဲစားများလာရောက်ပေးပို့သည့်စပါးကို ကားခအပါအဝင် ဈေးညှိ၍ဝယ်ယူကြကြောင်း ဆန်စက်လုပ်ငန်းရှင်ထံမှသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)