ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကျလာသောရုံးပတီသီးဈေးနှုန်းဈေးကွက်အခြေအနေ

         မြင်းခြံမြို့ရှိ လေးအိမ်တန်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် နဘူးအိုင်ကျေးရွာ များတွင်ရုံးပတီသီးပင်များ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ရုံးပတီသီးလက်လီ (၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ်၊  လက်ကားတစ်ပိဿာလျှင် (၃၅၀၀)ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ယခင်လဇွန်လ နောက်ဆုံး ပတ်တွင်ရုံးပတီသီး တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ရုံးပတီသီးလက်လီဈေးမှာ ပြောင်းလဲမှုမရှိကြောင်း၊ လက်ကားတစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဒေသတွင်းကျေးရွာများမှ စိုက်ပျိုး ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊  ကျေးရွာများမှ ထွက်ရှိ သော ရုံးပတီသီးများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း တောင်သူ၏ပြောကြားချက်အရ သိရှိရသည်။ ကျန်းမာရေး အကျိုးကျေးဇူး များအနေဖြင့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်စီယမ်၊ အမျှင်ဓာတ်နှင့် အချဉ်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကိုကောင်းမွန်၍ အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင် ပေးကြောင်း၊ ကယ်လ်စီယမ်ပါဝင်မှုကြောင့် အရိုးပွခြင်းနှင့် သွားပျက်စီးမှုကိုကာ ကွယ်ပေးကြောင်း၊ ဗီတာမင်အေပါဝင်မှုကြောင့် အသားအရေစိုပြေစေပြီး မျက်လုံးအားကောင်းစေသောကြောင့် စိုက်ပျိုး ရလွယ်ကူပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် ရုံးပတီသီးကို မိမိခြံဝင်းအတွင်း၌ စားသုံးရန် နှင့် ဝင်ငွေရရှိရန် တစ်ပိုင်တနိုင် စိုက်ပျိုးသင့်ကြောင်းသိရှိရသည်။

    DOCA (မန္တလေး)

အသားအရေကျန်းမာလှပစေနိုင်သော ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

    ခရမ်းချဉ်သီးကို ဟင်းချက်စားခြင်း၊ သုပ်၍စားခြင်း၊ ဆော့စ်ဖျော်ခြင်း၊ ရေစင်အောင်ဆေးပြီး အစိမ်းအတိုင်းစားခြင်း စသည်ဖြင့်အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ ခရမ်းချဉ်သီးသည် ကျန်းမားရေးအတွက် အာနိသင်များသလိုအသားအရေကိုလည်း ကျန်းမာစေနိုင်ပါသည်။ ခရမ်းချဉ်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗီတာမင်C ၊ဗီတာမင်A ၊ဗီတာမင်B၊ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အသားအရေလှပ စေရန်အတွက် များစွာအထောက်အကူပြုပါသည်။ ခရမ်းချဉ်သီးစားပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အရေပြားကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း၊ နေလောင်ခြင်းကိုသက်သာစေခြင်း၊ အနာကျက် မြန်စေခြင်း၊ အရေပြားရောင်ရမ်းမှုကိုသက်သာစေနိုင်ခြင်း၊ ကော်လာဂျင်ထွက်ရှိမှုကိုမြှင့်တင် ပေးခြင်း၊  ဆဲလ်သေများကိုဖယ်ရှားပေးနိုင်ခြင်း၊ အရွယ်တင်နုပျိုစေနိုင်ခြင်း၊ အကြောပြတ်အရာများ ကိုသက်သာစေနိုင်ခြင်းနှင့် အစိုဓာတ်ဖြည့်ပေးခြင်း၊ စသည့်အသားအရေဆိုင်ရာကျန်းမာခြင်းများကို ရရှိစေနိုင်ပါသည်။ ထိုသို့အသားအရေအတွက်များစွာ အကျိုးပြုသောခရမ်းချဉ်သီးကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ခရမ်းချဉ်သီး(အသေး) တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(အလတ်) တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊  ခရမ်းချဉ်သီး(အကြီး) တစ်ပိဿာလျှင်(၂၈၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှသိရှိရသည်။ 

DOCA(မန္တလေး)

 

မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်း ဈေးကွက်

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင် သောမြိုတစ်မြို့ဖြစ်ပါသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ငရုတ်သီးခြောက်ကို မြင်းခြံမြို့ မြစ်အနောက်ဘက်ရှိ နမော့ကျေးရွာ၊ သာဂေါင်ကျေးရွာ၊ မိဘုရားကျေးရွာ၊ ကျွဲကုန်းကျေးရွာနှင့် ကျောက်ဖူးကျေးရွာတို့မှ မှာယူရောင်းချလျက်ရှိပါသည်။အေးမြသီတာဈေးတွင် ၂၀၂၅ ခုနှစ်‌၊ ဇူလိုင်လ စတုတ္ထပတ်တွင်ရောင်းချနေသော ငရုတ်သီးခြောက် ဈေးနှုန်းများ အနေဖြင့် ငရုတ်သီးခြောက် (အပု)ကျွန်းလေး လက်လီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊   လက်လီ(၅၀) ကျပ်သားလျှင် (၇၀၀၀) ကျပ်၊ လက်လီ(၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း မြင်းခြံမြို့ ၊ အေးမြသီတာဈေးတွင် ငရုတ်သီးခြောက်အရောင်းအဝယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံဒေသထွက်နွားနို့ဈေးနှုန်းဈေးကွက်

  မြင်းခြံမြို့နယ်အတွင်းရှိ သဲဖြူဝကျေးရွာ၊ လေးအိမ်တန်း၊ အနိမ့်ရွာနှင့် တလုပ်ကျေးရွာ များတွင် တောင်သူများမှ လယ်ယာလုပ်ငန်းများအတွက် နွားမွေးမြူရေး လုပ်ငန်းများငန်းများ လုပ်ကိုင်ကြကြောင်း၊ ၎င်းမှထွက်ရှိသော နွားနို့များအားရောင်းချ၍ မိသားစုစားဝတ်နေရေးအတွက်  အသက်မွေးဝမ်းကျောင်းများ ပြုကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် ရောင်းချနေသော နွားနို့အစိမ်း တစ်ပိဿာ လျှင် (၆၀၀၀) ကျပ်၊ (၅၀) ကျပ်သားပါတစ်ဗူးလျှင် (၃၀၀၀) ကျပ်ဖြင့် ဒေသ တွင်း ဈေး ကွက် တွင် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ နွားနို့သည် လူသားတို့အတွက် အရေးပါသော အာဟာရဓာတ် များပါဝင်သည့် သဘာဝ အရည် တစ်မျိုးဖြစ်ပြီး ကလေးမှသည် လူကြီးအထိသောက်သုံး လေ့ရှိကြောင်း၊ နွားနို့ကို တစ်နေ့လျှင် တစ်ခွက်မှ နှစ်ခွက် သောက်သုံးခြင်း ဖြင့် လိုအပ်သော အာဟာရများကို ရရှိကြောင်း၊ နွားနို့ကို ကျိုချက်ပြီးမှ သောက်သုံးသင့်ကြောင်း၊ နွားနို့သည် ခန္ဓာကိုယ်အတွက် အထောက်အကူပြုသော အာဟာရဓာတ ်များ ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်ပါဝင်၍ ကြွက်သားနှင့် တစ်ရှူးများဖွံ့ဖြိုး၍ အရိုးနှင့်သွားများ ကိုလည်း သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးကြောင်း၊ နွားနို့တွင်ပါဝင်သော အမိုင်နိုအက်ဆစ်သည် စိတ်ငြိမ်စေပြီး ကောင်းစွာအိပ်ပျော်စေနိုင်ကြောင်း၊ စားသုံးမှုအနေဖြင့် နွားနို့ကို ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်များနှင့် ရောစပ်သောက်သုံးနိုင် သလို နွားနို့ချက်၊ နွားနို့ကင်၊ နွားနို့မလိုင် စသည်တို့ကို ပြုလုပ်စားသုံးနိုင်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့မုန်ညင်းထုပ်ဈေးကွက်

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် တွင် မြင်းခြံမြို့၊ အေးမြသီတာဈေး အတွင်း ရောင်းချနေသော မုန်ညင်းထုတ် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ စတုတ္ထပတ်တွင် မုန်ညင်းထုပ်၂၅ ကျပ်သားလျှင် (၆၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၁၂၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် မုန်ညင်းဖြူ ၂၅ ကျပ်သားလျှင် (၄၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၂၀၀) ကျပ်၊  တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့် တက်ခဲ့ခြင်းမှာ သယ်ယူစရိတ်နှင့် ဒေသထွက် မုန်ညင်းထုပ်များ ထွက်ပေါ်သော ရာသီချိန် ကုန် ဆုံးပြီဖြစ်သောကြောင့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊  လိုအပ် သော မုန်ညင်းထုတ် များ ကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ တင်သွင်း၍  ဒေသတွင်း ရောင်းချ ကြောင်း၊ သုံးစွဲမှု အနေဖြင့် စားသောက်ဆိုင်၊ ပင်လယ်စာဆိုင်၊ လက်ဖက် ရည်ဆိုင်နှင့် အသုပ်စုံ ဆိုင်များမှ အများ ဆုံးဝယ်ယူသုံးစွဲကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံဒေသ၏မြစ်ငါးဈေးနှုန်းဈေးကွက်

     မြစ်ငါးများသည် လူကြိုက်များသော သဘာဝရေချိုငါးများဖြစ်ကြောင်း၊ မြင်းခြံမြို့၊ လေးအိမ်တန်းအုပ်စု၊ လှိုင်းတက်ရွာ၊ အင်ကြင်းပင်ကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိပြီး တံငါလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းများ ပြုကြောင်း၊  ရေလုပ်သားများသည် မြစ်မှရရှိသော ငါးများကို   မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချ ကြောင်း၊ မြစ်ငါးများသည် သဘာဝငါး များဖြစ်သောကြောင့် အရသာမှာ ထူးကဲချိုမြပြီး  မွေးမြူရေး ငါးများထက် ဈေးကောင်း ရရှိကြောင်း၊ ၂၀၂၅ခုနှစ်ဇူလိုင်လ စတုတ္ထပတ်တွင်ငါးဖမ်းမ ၂၅ကျပ်သား လျှင် (၃၀၀၀) ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ငါးလူး၂၅ကျပ်သား လျှင်(၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ တိလားဘီးရားငါး ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာ လျှင် (၉၅၀၀) ကျပ်၊ ငါးဇင်ရိုင်း အဖြူကြီး၂၅ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၉၀၀၀)၊ မြစ်ငါးခူ (၂၅) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊  မြစ်ပုစွန် (၂၅) ကျပ်သားလျှင် (၁၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၇၀၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ မြစ်ငါးများသည် သဘာဝရေချိုငါးများ ဖြစ်သောကြောင့် ဈေးကွက်တွင် လူကြိုက်များ၍ အရောင်း အဝယ် သွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ရေကျ ချိန်ဖြစ်သောကြောင်း ငါးများဈေးကွက်တွင် ပေါများစွာရောင်းချကြောင်း ငါးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရသိရသည်။

DOCA(မန္တလေး)

အာဟာရကြွယ်ဝသောငုံးဥဈေးနှုန်းဈေးကွက်

   ငုံးဥတွင်အာဟာရဓာတ် ကြယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကိုအထောက်အကူပြုကြောင်း၊ ဗီတာမင် အေကြွယ်ဝသောကြောင့်မျက်စိကိုအမြင် အာရုံကောင်းမွန်စေကြောင်း၊ ပြည့်ဝဆီပါဝင်သော ကြောင့် ကိုလက်စထရော ပမာဏကိုထိန်းညှိပေးကြောင်း၊ ပရိုတင်းဓာတ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးကြောင်း၊ ပိုတက်ဆီယမ် ကြွယ်ဝစွာဝင်ပြီး သွေးတိုးကျစေကြောင်း၊ နေ့စဉ်စား သုံးမည် ဆိုပါကသွေးကြောတွေထဲက အဆိပ်အတောက် များကိုဖယ်ရှား ပေးကြောင်း၊ သက်ကြီးရွယ်အို ကလေးနှင့် သွေးအားနည်းသောသူများ သိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်စတုတ္ထပတ်၌ ရောင်းချနေသော ငုံဥလက်လီ တစ်လုံးလျှင် (၁၀၀)ကျပ်၊ (၂၅)လုံးလျှင်(၂၃၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချ‌ကြောင်း၊ မြင်းခြံမြို့အတွင်း ရောင်းချနေသောငုံးဥများကို ပခုက္ကူမြို့ တို့မှမှာယူ တင်သွင်းရောင်းချကြောင်း၊ သုံးစွဲမှုအနေဖြင့် ငုံးဥအကင်ရောင်းချသူနှင့် စားသောက်ဆိုင်များမှ  အများဆုံးဝယ်ယူရောင်းချကြောင်း၊ စားသုံးမှုများ၍ အရောင်းဝယ်ဖြစ်လျက်ရှ ကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏စက်သုံးဆီ ဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်း ဈေးများအား အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန် လျက်ရှိကြောင်း  သိရှိရသည်။

   မြင်းခြံမြို့၏ စက်သုံးဆီအရောင်းဆိုင်များမှာ ပုံမှန်အတိုင်းဖွင့်လှစ် ရောင်းချ လျက်ရှိကြောင်း၊၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance ဓါတ်ဆီ (၃၀၄၅) ကျပ်၊ 95 Octance ဓါတ်ဆီ  (၃၁၀၅ ) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၈၂၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရသည်။ ယခင်လဖြစ်သောဇွန်လ စတုတ္ထပတ် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance ဓါတ်ဆီ (၃၂၅၅)ကျပ်၊ 95 Octance ဓါတ်ဆီ (၃၃၂၅) ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၄၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၅၀၀)ကျပ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါကဇူလိုင်လ စတုတ္ထတ်တွင် စက်သုံးဆီ တစ်လီတာလျှင် 92 Octance ဓါတ်ဆီ (၂၁၀) ကျပ်၊ 95 Octance ဓါတ်ဆီ (၂၂၀) ကျပ်၊ ရိုးရိုးဒီဇယ် (၂၅) ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၀) ကျပ်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း စက်သုံးဆီများကို  အများပြည်သူများအား နေ့စဉ် ရောင်းချပေးလျက် ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အခြေခံစားသောက်ကုန်ဈေးနှုန်းများ

   မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေးတွင် ဟင်းသီးဟင်းရွက်၊ အသားငါးမျိုးစုံ၊ သစ်သီးဝလံနှင့် စားသောက်ကုန်အမျိုးမျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလို်ငလ စတုတ္ထပတ်တွင် အခြေခံစားသောက်ကုန် လက်လီလက်ကား ဈေးနှုန်းများအနေဖြင့် ပေါ်ဆန်းမွှေး ဆန် ၁ ပြည်လျှင် (၆၀၀၀ - ၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာလျှင် (၇၀၁၅-၇၂၀၅) ကျပ်၊ ပဲဆီသန့် ၁ပိဿာလျှင် (၁၇၅၀၀- ၁၈၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၁၃၀၀ - ၁၅၀၀) ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာလျှင် (၈၀၀၀ - ၉၅၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၁၀၀၀-၂၆၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ ပိဿာလျှင် (၂၈၀၀၀ - ၃၀၀၀၀) ကျပ်၊ အမဲသား ၁ ပိဿာလျှင် (၂၁၀၀၀- ၂၆၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ ပိဿာလျှင် (၁၂၀၀၀ - ၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ ပိဿာ လျှင်(၁၇၀၀၀ - ၁၈၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၈၀ -၅၀၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၆၅၀-၇၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ဖြစ်ထွန်းအောင်မြင်နေသောပဲစဉ်းငုံစိုက်ပျိုးထားရှိမှု

  တောင်သာမြို့နယ်သည် ဆည်ရေသောက်အသင့်အတင့်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။  မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက်ပေါ်ချိန်မှာ (ဖေဖော်ဝါရီလ-မတ်လ) တို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၇)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

   ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်တွင် တောင်သာမြို့နယ်၌ ပဲစဉ်းငုံစိုက်ပျိုး ဧက(၁၄၅၅၂) ဧကစိုက်ပျိုးထားရှိကြောင်း ခရိုင်‌ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် သက်ကြီး ရွှေဒင်္ဂါးမျိုးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်း များစွဲပြီး အစေ့ချ စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တောင်သာမြို့နယ် ပဲစဉ်းငုံစိုက်ရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်းသိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက် နှုန်းမှာ (၁၁) တင်း ခန့်ထွက် ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မိုးအသင့်အတင့်ရွာသွန်းသဖြင့် အပင်များ ဖြစ်ထွန်းသောကြောင့် ယခင် နှစ်ထက် အထွက်နှုန်း များပိုမိုထွက်ရှိ်နိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ် များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ ဝင်ငွေ တိုးသော သီးနှံဖြစ်ကြောင်း ပဲစဉ်းငုံစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင် သာ မြို့နယ်၌ ယခုဇူလိုင်စတုတ္ထပတ် တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၈၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့် ဒေသတွင်းပွဲရုံများတွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး မြို့၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့‌ရောင်း ချ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း