ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ရှိ ဈေးကောင်းနေသော သံပုရာသီး

     ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီပေါ်သံပုရာသီးများဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော သံပုရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင် ရေးမြို့တို့ဘက်မှဖြစ်သည်။ မြန်မာသံပုရာသီးအိတ်ကြီး တစ်အိတ်လျှင် (၄၅၀၀၀၀၊၅၀၀၀၀၀) ကျပ်ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၆၀၀ မှ ၁၇၀၀ ထိပါရှိသည်။ သံပုရာသီးအလုံးချော (အကြီး)တစ်လုံးလျှင် (၆၀၀၊၇၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၅၀၀)ကျပ်နှင့် ယိုးဒယားမျိုးစပ်သံပုရာသီး သံပုရာသီးအလုံး ချော(အကြီး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၄၀၀)ကျပ်၊ သံပုရာသီးအလုံး ချော(ငယ်)တစ်လုံးလျှင် (၃၀၀ကျပ် နှင့် ၃လုံး ၁၀၀၀ကျပ်) တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း ၊ သံပုရာသီး၊ရှောက်သီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ဘားအံမြို့ဒေသထွက် သခွားမွေးသီးဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဧပြီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို ဘားအံမြို့ အနီ တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ သခွားမွေးသီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀၊ ၃၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေးတစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် တို့ဖြစ်ကြောင်းနှင့် ယခုလို သခွားမွေးသီး ဈေးကောင်းရ၍ တွက်ချေကိုက်ရခြင်းမှ စိုက်ခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် သခွားမွေးသီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိ သည်။

DOCA(ကရင်)

မုဒုံမြို့၌ နွေစံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ

      မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် တစ်နိုင်တစ်ပိုင် နွေစံပယ်များကိုစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။

   စံပယ်ပင်များကို ပျိုးပင်များနှင့် ကိုင်းဖြတ်ကိုင်းကူးနည်းစနစ်များဖြင့် မိုးဦးကျကာလ ဇွန်လနှင့်ဇူလိုင်လတို့၌ အများဆုံးစိုက်ပျိုးကြပြီး မိုးနှောင်းကာလ စက်တင်ဘာနှင့် အောက်တိုဘာလမှစ၍ ပန်းအငုံများစတင်ထွက်ရှိသည်။ သဘာဝမြေသြဇာကျွေးခြင်းနှင့် ပေါင်းသင်မြေဆွပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပါက အပွင့်များလှိုင်လှိုင်ထွက်ရှိကြောင်း၊ စံပယ်ပင်(၁၀၀)ပင်စိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ရှိ၍ တစ်နှစ်လျှင် ဝင်ငွေ ကျပ်(၃၀၀၀၀၀)ကျော်ရရှိသဖြင့် တွက်ချေကိုက်ကြောင်း စံပယ်ပန်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

        စံပယ်ပန်းစိုက်ပျိုးရေးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိရေးအတွက် ဒေသခံပြည်သူများက အိမ်ခြံဝင်းများ၊ မြေကွက်လပ်နေရာများတွင် စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများဖြင့်လည်း စနစ်တကျတွင်ကျယ်စွာစိုက်ပျိုးရောင်းချသူများလည်းရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပခုက္ကူမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်၌ ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားအလိုက် ကြက်ဥ (လက်လီ) ဈေးနှုန်းများမှာ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ် (၂၇၀)၊ ကြက်ဥ(အကြီး)တစ်လုံးလျှင် ကျပ် (၂၉၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဆေးဘဲဥတစ်လုံးလျှင် ကျပ်(၄၅၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၇၅၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ (စတုတ္ထပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ကြက်ဥ(လက်ကား)ဈေးနှုန်းအနေဖြင့် ယခင်မတ်လ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ် (၆၁၀၀)ဖြစ်ခဲ့ပြီး ယခုဧပြီလ(ပထမပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၆၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး နှစ်သစ်ကူးကာလဖြစ်သောကြောင့် ကုသိုလ်ကောင်းမှုနှင့် လှူဒါန်းမှုများပြုလုပ်ကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကြက်ဥအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၌ ဧပြီလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသော မြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးမြို့များနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများမှလည်း ကုန်းလမ်းမှ မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ဧပြီလ(ပထမပတ်)တွင် ဆန်(အသစ်နှင့်အဟောင်း)များ ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

       ဧပြီလ(ပထမပတ်)တွင် ဆန်ဈေးနှုန်းများမှာ ဆင်ဖြူကျွန်း ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန်(အသစ်)  တစ်အိတ်လျှင် ကျပ် (၁၁၀၀၀၀)၊ ဆင်းသုခ ဆင်ဖြူကျွန်း(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန် (အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြန်မာပြည်အောက်ပိုင်းရှိ မြောင်းမြဧရာပဒေသာဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ မြောင်းမြရာပြည့် ဖန်သီးဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မြောင်းမြဆန် စိန်ပုလဲသု(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဖန်သီး အောင်တံခွန်ဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး(အသစ်) တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ မြောင်းမြပေါ်ဆန်း(အဟောင်း)တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မြောင်းမြပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ငချိတ်ဆန်တစ်ပြည်လျှင် ကျပ်(၇၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်‌နေကြောင်းသိရှိရပါသည်။

       ယခင်မတ်လ(ပထမပတ်)နှင့် ယခုဧပြီလ(ပထမပတ်) ဈေးနှုန်းတို့နှိုင်းယှဉ်ကြည့်လျှင် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)         

ပခုက္ကူကုန်စည်ဒိုင်တွင် ဧပြီလ(ပထမပတ်) ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံဖြစ်သော ကုလားပဲ(၃) မျိုး၊ ထောပတ်ပဲ၊ ပဲဇီးကွက်၊ စွန်တာနီ၊ ပဲယင်းနှင့် အခြားပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်ပဲများသာမက အခြားဒေသမှ ပဲများလည်းဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများမှာ ကုလားပဲ(ဝါ)လုံးကြီး (929)(၁)တင်းလျှင် ကျပ်(၇၈၀၀၀)၊ ကုလားပဲ(ဝါ) (Hl) (၁)တင်းလျှင် ကျပ်(၇၆၄၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း) (၁)တင်းလျှင် ကျပ်(၈၆၅၀၀)၊ စွန်တာနီ (၁) တင်းလျှင် ကျပ်(၄၅၆၀၀)၊ ပဲဇီးကွက်(၁)တင်းလျှင် ကျပ်(၄၆၀၀၀)၊ ပဲယင်း(မခ)(၁)တင်းလျှင် ကျပ် (၄၆၄၀၀)၊ နေလဲစေ့(၁)ပိဿာလျှင် ကျပ်(၇၁၀၀)၊ မန်ကျည်းတောင့် (အစေ့ပါ) (၁)ပိဿာလျှင် ကျပ်(၂၄၉၀)၊ ကြက်ဆူ(၁)ပိဿာလျှင် ကျပ်(၃၁၇၅)ဖြစ်ပြီး၊ ကုလားပဲ(ဝါ)လုံးကြီး (929)(၇၀)အိတ်၊ ကုလားပဲ(ဝါ) (Hl)(၅၀)အိတ်၊ ထောပတ်ပဲဖြူ(ကျွန်း)(၃၀၀)အိတ်၊ စွန်တာနီ(၂၀၀)အိတ်၊ ပဲဇီးကွက် (၃၀၀)အိတ်၊ ပဲယင်း(မခ)(၁၀၀)အိတ်၊ နေလဲစေ့(၁၅၀၀)ပိဿာ၊ မန်ကျည်းတောင့် (အစေ့ပါ)(၁၀၀၀) ပိဿာ၊ ကြက်ဆူ(၁၀၀၀)ပိဿာ စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌ ဧပြီလ(ပထမပတ်)တွင် ပဲစင်းငုံနီဈေးနှုန်းများ တရိပ်ရိပ်တက်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပဲစင်းငုံနီစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ချေက်ကန်အုပ်စု၊ အရှေ့ချောက်ကန်၊ အနောက်‌ချောက်ကန်၊ လက်ပံကန်၊ မန်ကျည်းကိုးပင်နှင့် အင်ပင်၊ ကိုင်းအုပ်စုကျေးရွာများ၊ ကန်တော်၊ ကံလှကျေးရွာများတွင် ပဲစင်းငုံနီများကို သီးညှပ်သီးထပ်အဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲစင်းငုံနီများကို ရိတ်သိမ်းပြီးစီးကြောင်း တောင်သူများထံမှသိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက် ပဲစင်းငုံနီများသာမက မြိုင်နှင့်အခြားနယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ နယ်များဖြစ်သော ငါးသရောက်၊ လက်ပံခြေပေါ်၊ ပုလင်း၊ အောက်ညဉ့်နယ်နှင့် သူကောင်းတည်ရွာများမှထွက်ရှိသော ပဲစင်းငုံနီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

  ၂၀၂၄ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံနီဈေးနှုန်းမှာ (၂၀)ပိဿာပါ (၁)တင်းလျှင် ကျပ်(၁၂၃၄၀၀)ဖြစ်ပြီး၊ မတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပဲစင်းငုံနီ(၁)တင်းလျှင်  ကျပ်(၁၁၈၀၀၀-၁၁၉၄၀၀) ဖြစ်ခဲ့၍ ယခုအပတ်နှင့်နှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ်(၄၀၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ နေ့စဉ်(၂၀၀မှ ၄၀၀)အထိဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ကုန်းလမ်းသာမက ရေလမ်းခရီးဖြင့်လည်း  ရန်ကုန်မြို့သို့တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့နယ်မှ ပဲမျိုးစုံကုန်စည်စီးဆင်းမှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ပဲမျိုးစုံများဖြစ်သည့် ပဲယင်းနီ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်းပြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ နှမ်း၊ ကြက်သွန်နီများကို အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ရေကြောင်းလမ်းပို့ဆောင်ရေးတို့မှသိရှိရပါသည်။

     ရွှေမြန်မာ၊ အင်အား၊ ကြယ်တံခွန်ဂိတ်များမှ ပဲ၊ နှမ်းတင်ပို့မှုများကို ကောက်ယူလျက်ရှိပြီး မတ်လ၏ တင်ပို့မှုအများဆုံးပဲများမှာ ပဲယင်းနီ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်းပြာနှင့် စွန်တာနီတို့ဖြစ်ပြီး ရန်ကုန်ရွှေပြည်သာသို့တင်ပို့နေရကြောင်း ဂိတ်များမှသိရှိရပါသည်။ မတ်လ၏ စီးထွက်မှုအခြေအနေမှာ ကုန်လမ်းဖြင့် ပဲယင်းနီ(၂၅၀၀၀)အိတ်၊ ထောပတ်ပဲ(၂၉၈၀၀)အိတ်၊ ကုလားပဲ (၇၈၆၀)အိတ်၊ ပဲလွန်းပြာ(၁၆၀၀)အိတ်၊ စွန်တာနီ (၂၁၅၀)အိတ်၊ ပဲစင်းငုံနီ(၁၆၃၀)အိတ်၊ ပဲတီစိမ်း (၁၆၀)အိတ်၊ နှမ်းနက်စမုံ(၂၁၀)အိတ်တို့ဖြစ်ပြီး၊ ရေလမ်းဖြင့် ပဲစင်းငုံနီ(၄၉၀၀၀)အိတ်ကို ရန်ကုန်သို့တင်ပို့နေရကြောင်း ရေကြောင်းပို့ဆောင်ရေးမှ သိရှိရပါသည်။

DOCA(မကွေး)

မုဒုံမြို့နယ်တွင် ဒေသထွက်ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိ

    မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ  မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင် တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်တွင် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ပိန္နဲပင်များကို ပျိုးပင်များနှင့် ကိုင်းဆက်ကိုင်းကူးနည်းဖြင့် စိုက်ပျိုးကြရာ ရိုးရိုးအရိုင်းသီးမျိုးများထက် ယိုးဒယားမျိုးကို အများဆုံးစိုက်ပျိုးကြသည်။ ပိန္နဲပင်သည် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သောကြောင့် စိုက်ပျိုးနည်းစနစ်များ စနစ်တကျမှန်ကန်အောင် ပြုစုရကြောင်း၊ ယိုးဒယားပိန္နဲမျိုးကို စိုက်ပျိုးပြီး (၃)နှစ်ခန့်အကြာတွင် အသီးစတင် ထွက်ရှိကြောင်း၊ ယိုးဒယားမျိုး ပိန္နဲသီးအပင်(၂၀)ကို စိုက်ပျိုးလျှင် တစ်နှစ်ဝင်ငွေ သိန်း(၄၀)ခန့်ရရှိနိုင်ကြောင်း ဘဲရမ်း ကျေးရွာနေ ပိန္နဲသီးစိုက် တောင်သူတစ်ဦးကပြောသည်။

     မုဒုံမြို့နယ်တွင် ဒေသထွက် ပိန္နဲသီးများကို တစ်ကီလိုလျှင် ငွေကျပ် (၁၅၀၀) မှ (၂၀၀၀) ကျပ်အထိ ဈေးရရှိပြီး ပိန္နဲသီးတစ်လုံးလျှင် ဒေသပေါက်ဈေး အသီးအရွယ်အစား အလိုက် ငွေကျပ် (၁၂၀၀၀) မှ (၃၀၀၀၀) ကျပ်အထိရရှိကာ မြို့ပေါ်ဈေးများအပြင် မော်လမြိုင်၊ ရန်ကုန်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မွန်)

မုဒုံမြို့တွင်​ဒူးရင်းသီးများ စတင်​ထွက်​ရှိပြီး​ ဈေး​ကောင်းရရှိ၍ စိုက်​ပျိုးသူများ အဆင်​ပြေ

       မွန်​ပြည်​နယ်​သည် ​လယ်​ယာသီးနှံ ဥယျာဉ်​ခြံများနှင့် ​ရော်​ဘာစိုက်​ပျိုးထုတ်​လုပ်​မှု​ကောင်းမွန်​သည့်​ပြည်​နယ်​ဖြစ်​ရာ ကာလရှည်​သီးနှံတစ်​မျိုးဖြစ်​သည့်​ရာသီ​ပေါ် ဒူးရင်းသီးများ စတင်​ထွက်​ရှိချိန်​ လူကြိုက်​များသည့် ​သီးနှံတစ်​မျိုးဖြစ်​သော​ကြောင့်​ ဈေး​ကောင်းရရှိ၍ စိုက်​ပျိုးသူများ အဆင်​ပြေလျက်​ရှိသည်​။

     မုဒုံမြို့တွင်​ဒူးရင်းပင်​အမျိုးအစား​ပေါင်း (၂၀)ခန့်​စိုက်​ပျိုးကြရာ မွန်​ထောင်း၊ ချန်းနီ၊ မ​လေးမျိုး (မူဆန်​ကင်း)၊ ယိုးဒယားမျိုးတို့ကို ပျိုးပင်​များနှင့်​ကိုင်းဆက်​၊ကိုင်းကူးနည်းတို့ဖြင့်​အဓိကထား အများအပြား စိုက်​ပျိုးကြပြီး ဒူးရင်းပင်​ကိုင်းဆက်​မျိုးများကို စိုက်​ပျိုးပြီး(၃)နှစ်​ခန့်​အကြာတွင်​အသီးများစတင်​ထွက်​ရှိ​ကြောင်း၊ ဒူးရင်းပင်​တစ်ဧကလျှင်​အပင်​တန်းကြား(၃၀)​ပေ ပတ်​လည်​စိုက်​ပျိုးမည်​ဆိုပါက ၄၈ ပင်​၊ (၂၅)​ပေ ပတ်​လည်​စိုက်​ပျိုးမည်​ဆိုပါက အပင်​ရေ (၇၀)ခန့်​အထိ စိုက်​ပျိုးနိုင်​ကြောင်း၊ အပင်​များပိုးမကျ​ စေရန်ပြုလုပ်ခြင်း ​နှင့်​ သဘာဝဓာတ်​မြေဩဇာများ ထည့်​သွင်းခြင်း လုပ်​ငန်းကို စနစ်​တကျ ပြုလုပ်ရန်​လိုအပ်​ကြောင်း၊ ဒူးရင်းမျိုး​ကောင်း တစ်​ဧက စိုက်ပျိုးခြင်းဖြင့် တစ်​နှစ်​လျှင်​ဝင်​ငွေ ကျပ်​သိန်း(၁၀၀)​ကျော်​ရရှိနိုင်​ကြောင်း၊ ယခုအခါ ဒူးရင်းသီးများ စတင်​ထွက်​ရှိချိန်​ ဒူးရင်းအမျိုးအစား​ပေါ် မူတည်​၍ တစ်​ကီလိုလျှင်​ငွေကျပ်​(၁၅၀၀၀)အထက်​ရရှိ​နေ​ကြောင်းကို မုဒုံမြို့နယ်​ဘဲရမ်း​ကျေးရွာမှ ဒူးရင်းသီးစိုက်​ပျိုး​တောင်​သူတစ်​ဦးက​ပြောသည်​။

    မုဒုံမြို့နယ်​ဒေသထွက်​ဒူးရင်းမျိုး​ကောင်း၊ မျိုးသန့်​များကို ပြည်​တွင်း၊ပြည်​ပ တင်​ပို့နိုင်​ရန်​ဒူးရင်းမျိုးများ သု​တေသနပြုစိုက်​ပျိုးထားရှိခြင်း၊ သစ်​သီးဝလံသု​တေသန စိုက်​ပျိုး​ရေး နည်းပညာများကို​တောင်​သူများထံသို့ ဖြန့်​ဝေ​ပေးခြင်း၊ သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးအတွက်​တောင်​သူများနှင့်​ ပူး​ပေါင်းပြီး စိုက်​ပျိုး​ရေးဦးစီးဌာနနှင့်​တာဝန်​ရှိသူများမှ ကြိုးပမ်း​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရှိရသည်။

DOCA(မွန်)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း