ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ စားဖိုဆောင်သုံးသီးနှံ အခြေအနေ

   ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ ကောက်ယူရရှိသော ဈေးနှုန်းစာရင်းများမှာ လက်လီရောင်းချမှုအနေဖြင့် မြေပဲဆီ တစ်ပိဿာ(၂၀၀၀ဝိ/-)၊ စားအုန်းဆီ တစ်ပိဿာ (၈၀၀ဝိ/-)၊ စားဖိုဆောင်သုံးအနေဖြင့် ငရုပ်သီးခြောက်အရှည် တစ်ပိသာ (၁၆၀၀ဝိ/-)၊ ငရုပ် သီးခြောက်အပု တစ်ပိဿာ(၂၂၀၀ဝိ/-)၊ ကြက်သွန်နီ တစ်ပိဿာ(၂၈၀ဝိ/-)၊  ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ(၁၅၀၀ဝိ/-)၊ ဂျင်းတစ်ပိဿာ (၇၀၀ဝိ/-)၊ မန်ကျည်းသီးမှည့် တစ်ပိဿာ(၁၀၀၀ဝိ/-)၊  ကုလားပဲခြမ်း တစ်ပိဿာ(၇၈၀ဝိ/-)၊ အာလူး တစ်ပိဿာ(၅၀၀ဝိ/-)၊ သကြား တစ်ပိဿာ(၅၆၀ဝိ/-)၊  ကန်စွန်းရွက်တစ်စီး(၂၅ဝိ/-)၊ ပဲတောင့်ရှည်တစ်စီး(၇၀ဝိ/-)၊ ခရမ်းချဉ်းသီး တစ်ပိဿာ (၂၀၀ဝိ/-)၊ ဂေါ်ဖီထုတ် တစ်ထုပ်(၂၂၀ဝိ/-)၊ ပန်းဂေါ်ဖီတစ်ပွင့်(၁၂၀ဝိ/-)၊ ကျပ်အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

                   

ထားဝယ်မြို့ရှိ ပိန္နဲသီးဈေးနှုန်း

    ထားဝယ်မြို့ အိုးလုပ်ဈေးတွင် ပိန္နဲသီးများ လာရောက်ရောင်းချလျက်ရှိပါသည်။ ပိန္နဲသီးအမှည့် ကို အချိုပွဲသစ်သီးအနေဖြင့် စားသုံးကြပြီး ယိုထိုးခြင်း၊ အခြောက်လှန်း၍ ကြော်စားခြင်းဖြင့်လည်း စားသုံး ကြပါသည်။ အသီးနုနုကို အကွင်းလိုက် လှီးပြီး ပြုတ်ကာ ငါးပိရည်နှင့် တို့စား၍ဖြစ်စေ၊ ချဉ်ရည်ဟင်းချက်၍ဖြစ်စေ၊ အသားတစ်မျိုးမျိုးနှင့် ဆီပြန်ချက်စား၍ဖြစ်စေ၊ ပိန္နဲသီးအစေ့ကို ပြုတ်စား၍ဖြစ်စေ၊ ဟင်းချက်စား၍ဖြစ်စေ စားသုံးကြပါသည်။

          ပိန္နဲသီးအမာသီးသည် အပျော့သီးထက်ပို၍စားကောင်းသလို ဈေးလည်းကောင်းပါသည်။ ထားဝယ်မြို့ အိုးလုပ်ဈေးတွင် ပိန္နဲသီး(အမာသီး)ကို တစ်လုံးလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချပြီး ခြမ်းထားပြီးသား အခြမ်းငယ် တစ်ခြမ်းလျှင် ၂၅၀၀ကျပ် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ ဘိလပ်မြေနှင့် ဓါတ်မြေသြဇာ စျေးနှုန်းအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၃၀၀၀၀)ကျပ်ရှိပြီး စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၀၉၆၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၄၉၀၀)ကျပ်၊ အာမို အမှတ်တံဆိပ် ၁၅ ပတ်လည် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၁၆၃၀၀၀)ကျပ် ခန့်အသီးသီးရှိပြီး စျေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိစျေးကွက်အတွင်း ဒီဇယ်ဆီစျေးနှုန်းကျဆင်း

     ထားဝယ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှာ (၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီစျေးနှုန်းများမှာ ယခုဧပြီလ ပထမပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာ (၂၇၁၅) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာ(၃၃၂၅)ကျပ်၊ ယခင်မတ်လ စတုတ္ထပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာ(၂၇၆၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာ (၃၄၁၀) ကျပ် ၊ ယခင်အပတ်နှင့် ယခုအပတ်အတွင်း ဖြစ်ပေါ်နေသော  စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး (၄၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၈၅) ကျပ်၊ စျေးနှုန်းများကျဆင်းလာကြောင်း၊ စျေးနှုန်းကျဆင်း လာရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းကျဆင်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့စျေးကွက်အတွင်း ကြက်သွန်ဖြူစျေးနှုန်းအနည်ငယ်ကျဆင်း

      စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခုဧပြီလ ပထမပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၇၀၀၀)မှ (၁၁၀၀၀) ကျပ်သို့ လည်းကောင်း၊ (ကြူဂုတ်) တစ်ပိဿလျှင် (၁၇၀၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်သို့ ကျဆင်းလာကြောင်း သိရှိရပါသည်။

         မတ်လနှင့်ယခုဧပြီလအတွင်း စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူတစ် ပိဿာလျှင် (၆၀၀၀) ကျပ်မျှအနည်းငယ် ကျဆင်းလာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင်သုံးပစ္စည်းများရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေပဲလုံးဆံဈေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ (၁)ပြည်လျှင်(၉၀၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၄၁၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင် (၉၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(၁)ပြည်လျှင် (၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင် ရောင်းချသည့် မြေထောက်ပဲဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၉၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်း ဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၉၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဘိုပဲဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် ဘိုပဲဈေးနှုန်း မှာ(၁)ပြည်လျှင်(၁၃၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၀၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည်လျှင် (၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ဘိုပဲ(၁)ပြည်လျှင်(၁၀၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲလွန်းဖြူဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းဖြူများကို ဒေသတွင်းမှစိုက်ပျိုးထွက်ရှိသည့် ပဲလွန်းဖြူများအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၅၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင် (၁၀၁၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ကောက်ညှင်းပေါင်းရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း