ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကျည်းသီးမှည့်များ အထွက်ကောင်း၍ ဈေးကောင်းလည်းရရှိ

    နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အိမ်တိုင်းလိုလိုတွင် နှစ်ရှည်ပင် မကျည်းသီးပင်များ စိုက်ပျိုးကြပါသည်။ ယခုအခါ ရာသီပေါ် မကျည်းသီးမှည့်ရည့်မှည့်ချိန် ဖြစ်ပါသည်။ မန်ကျည်းသီးမှည့် သည်အပူဒဏ်ကို ကောင်းစွာခံနိုင်ပြီး  အပူကိုအကြောင်းပြုဖြစ် သောရောဂါများ အပူလွန်များ အတွက်  အကိုးအားထားပြုရသော ဆေးဖက်ဝင် အစာအဟာရ တစ်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်း မှည့်သည် မြန်မာဟင်းလျာများ ချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး  အစာလည်းဆေး ဆေးလည်း အစာ ဆိုသလို အိမ်ရှင်မများ၏ မီးဖိုချောင်တွင် နေရာယူထားသည့် ဆေးဖက်ဝင်သီးနှံလည်း ဖြစ်ပါသည်။

          ဇန်နဝါရီလ မကျည်းသီးမှည့်များ စတင်ထွက်ရှိချိန် တွင်အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၅၅၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၈၀၀၀) နှုန်းပေါက်ဈေးရှိခဲ့ပြီး ယခု ဧပြီလ ပထမအပတ်တွင် မကျည်းသီးများလှိုင်လှိုင်ထွက်သည့် အတွက်  အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၇၈၀၀) နှုန်းပေါက်ဈေးရှိသဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။  ယခုနှစ်တွင် မကျည်းသီးမှည့်များ အထွက်နှုန်း   ကောင်း၍ ဈေးကောင်းလည်းရရှိပါကြောင်း မကျည်းစိုက်တောင်သူများထံမှ သိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြိုနယ်၌ ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး လောင်စာဈေးနှုန်း၊ဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အိမ်ရှင်မများ ချက်ပြုတ်ရာ မီးဖိုချောင် အသုံးပြုသည့် လောင်စာများဖြစ်သည့် ထင်း၊ မီးသွေး ၊ လွှစာများကို  စိုစွတ် သည့်မိုးရာသီတွင်  အသုံးပြုလုပ်ရန် အတွက် ယခုလိုခြောက်သွေ့ရာသီတွင်   ဝယ်ယူ စုဆောင်း  ကြောင်းသိရပါသည်။

     ယခု မတ်လစတုတ္တပတ်တွင် နတ်တလင်းမြို့နယ် လောင်စာဈေးကွက်အတွင်း မကျည်းသား   မီးသွေး တစ်တင်းခွဲဝင် တစ်အိတ် (၁၆၀၀၀)ကျပ်၊ မကျည်သား နံပြား တစ်တင်းခွဲဝင် တစ်အိတ် (၈၀၀၀) ကျပ်၊ အင်သားထင်း ၇ချောင်းခန့်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ လွှစာ တစ်တင်းခွဲဝင် တစ်အိတ် (၁၀၀၀) ကျပ်၊ မကျည်းသား ခွဲခြမ်း တစ်ချောင်း (၂၀၀)ကျပ် နှုန်း၊ ဂတ်စ် တစ်ပိဿာ (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၏ ရာသီပေါ် ဖရဲသီးဈေးကွက်

   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဖရဲသီးကို လူတိုင်းနီးပါး ကြိုက်နှစ်သက် သည့်အတွက် နေရာဒေသအလိုက် အရာင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ဆောင်းအကုန် နွေအကူးတွင် ဖရဲသီးများ ထွက်ရှိပြီးရေဓာတ် ဖြည့်တင်းပေးသည့် အသီးဖြစ်သည့် အတွက် နွေရာသီရာသီနှင့် လိုက်ဖက်သည့် အသီးတစ်မျိုးလည်း   ဖြစ်ပါသည်။ အလှူပွဲများတွင်လည်း ဖရဲသီးကိုအချိုပွဲအဖြစ် တည်ခင်းကျွေးမွေးကြပါသည်။      

   ပေါင်းတည် မြို့နယ် အတွင်း ရောင်းချလျက်ရှိသည့် ကျောက်စိမ်းဖရဲနှင့် ဖရဲကြားသီးများကို ရွှေတောင်မြို့နယ်နှင့် ထုံးဘိုမြို့နယ် တို့မှ ဝယ်ယူရောင်းချကြောင်းသိရပြီး ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း ယခု ဧပြီလ ပထမအပတ်တွင် အရွယ်အစားကိုလိုက်၍ ကျောက်စိမ်း ဖရဲသီး တစ်လုံးလျှင် (၃၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်နှုန်း ၊ ဖရဲကြားသီး တစ်လုံးလျှင်  (၃၅၀၀)ကျပ်မှ (၇၀၀၀)ကျပ်နှုန်းဖြင့် အသီးသီး ရောင်းချနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်သီးနှံဈေးနှုန်းအခြေအနေ

    ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်နှစ်က (၁၈၀၀၀ - ၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၅၀၀၀ -၁၆၀၀၀ -၁၈၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊အောင်ပန်းမှ ပုံမှန်အဝင်ရှိနေပြီး ဒေသတွင်းအရောင်းအဝယ်မှာလည်း ပုံမှန်ဖြစ်သည့်အတွက် ဈေးငြိမ်နေလျက် ရှိပါသည်။

     အာလူးအနေဖြင့် အရွယ်အစားပေါ်မူတည်၍ ယခင်နှစ်က တစ်ပိဿာလျှင် (၂၅၀၀ -၂၆၀၀- ၂၇၀၀ -၂၈၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်မှာတော့ တစ်ပိဿာလျှင် (၄၅၀၀-၅၀၀၀-၅၅၀၀) ကျပ်ဈေးရှိပြီး အဝင်ပါးကာ ဒေသတွင်း ဝယ်လိုအားကောင်းနေသည့်အတွက် ဈေးကောင်းလျက် ရှိပါသည်။

    ငရုတ်သီးခြောက်အနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် (၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ငရုတ်သီးခြောက်(အရှည်)တစ်ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀-၁၆၀၀၀ ကျပ်၊ (အပု) တစ်ပိဿာလျှင် ၁၈၅၀၀-၁၉၀၀၀-၂၀၀၀၀ ကျပ်ဈေးရှိပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များကြီးမြင့်လာသည့်အတွက် စိုက်ပျိုးသူ တောင်သူများလျော့နည်းလာပြီး အထွက်နှုန်း လည်းနည်းလာသောကြောင့် ဈေးကောင်းအနည်းငယ်ရနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရှိဖရဲသီး ဈေးနှုန်းဈေးကွက်

      မြန်မာနိုင်ငံတွင် ဖရဲသီးကို ဒေသအနှံ့အပြား၌စိုက်ပျိုးကြပြီး ဖရဲသီးအများဆုံးစိုက်ပျိုးသော ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးသည် ယခင်က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌စိုက်ပျိုးကြပါသည်။

          ဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများ ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဈေးကြီး၌ ၂၀၂၅ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် ဖရဲသီးအကြီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀၀)ကျပ် ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ဖူးစားပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ခြင်း

    ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ နေကျော်တန်းရှိ တောင်သူ ဦးကုလား၏ ပြောင်းဖူးစိုက်ခင်းသို့ (၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ စိုက်ပျိုးသော ပြောင်းဖူးမျိုးမှာ (၇၀၂)တံဆိပ် ၁ထုပ်ကို (၄၈၀၀၀)ကျပ် ပေး၍ဝယ်ယူ စိုက်ပျိုးရပါသည်။ ပြောင်းဖူးပင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပြောင်းဖူးများ ခုတ်ယူရောင်းချ၍ရပါသည်။ ပြောင်းခင်းတစ်ခင်း၏ ကုန်ကျစရိတ်မှာ (၅၀၀၀၀၀)ကျပ်ကုန်ကျပြီး၊ ပြောင်းဖူးများထွက်ပေါ်ချိန်တွင်  အခင်းသို့လာရောက်ပြီး အကြီး/အသေး (၁)ဖူးကို (၅၀၀)ကျပ်ဖြင့် လာရောက်သိမ်းယူပါသည်။ ပြောင်းဖူး ထွက်ပေါ်ချိန်မှ တုန်းချိန်အထိ အဖူးရေ ၁၈၀၀ခန့် ခူးဆွက်ရောင်းချရပြီး ဝင်ငွေအနေဖြင့် (၉)သိန်းကျပ်ရရှိပြီး၊ တောင်သူအကျိုးအမြတ်အနေဖြင့် (၄)သိန်းကျပ်ခန့် ရရှိသည်ဟု သိရပါသည်။ ဈေးများတွင်ရောင်းချသော လက်လီဈေးမှာ (၁)ဖူးကို (၇၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်ဖူးလျှင် သယ်ယူခနှင့်အထွေထွေကုန်ကျစရိတ်နှုတ်လိုက်လျှင် တစ်ဖူးလျှင် လက်လီရောင်းချသူ၏ အကျိုးအမြတ်မှာ (၁၀၀-၁၅၀)ခန့် ရရှိနိုင်သည်ဟု ခန့်မှန်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ပြောင်းဖူးများကို ရန်ကုန်မြို့နှင့် နယ်မြို့များသို့ တင်ပို့ ရောင်းချကြောင်း သိရပါသည်။ ပြောင်းဖူးများဈေးကောင်း ရရှိသောကြောင့် အမြတ်များ များရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

 

ကန်စွန်းဥ(ငချိတ်မျိုး)စိုက်ပျိုးထုတ်လုပ်မှု

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကွက်သစ်သို့ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများမှဦးစီး၍(၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကန်စွန်းဥ စိုက်ပျိုးခြင်းအား သွားရောက်လေ့လာခဲ့ပါသည်။ ကန်ဇွန်းဥစိုက်ပျိုးရန်အတွက် ပျိုးပင်အထုန်းများ ဝယ်ယူစိုက်ပျိုးရပါသည်။ ပျိုးပင်အထုန်း (၁)ထုန်းတွင် အပင်ရေ (၃၅၀-၄၀၀)အထိပါပြီး (၁)ထုန်းလျှင် (၇၅၀၀)ကျပ်ပေးရပါသည်။ (၁၅)ထုန်း စိုက်ပျိုးထားပြီး (၂)လခွဲကြာလျှင် တူးဖော်လို့ရ ပြီးဖြစ်သည်။ ပိဿာ (၃၅၀-၄၀၀)ပတ်ဝန်းကျင် ထွက်ရှိပါသည်။ ထွက်ရှိသည့် ကန်ဇွန်းဥများကို ပြည်၊ ဥသျှစ်ပင်၊ ရွှေတောင်ဈေးများ ဖောက်သည် ဈေး (၁၃၀၀)ကျပ်ပေးရသည်။ စိုက်ပျိုးသည့်အချိန်တွင် ပျိုးထုန်းများကို တယ်ထိုးပြီးအခင်းတွင် စိုက်ပျိုးလိုက်ယုံဖြစ်ပြီး ရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းစသည့် သွင်းအားစု ကုန်ကျစရိတ်မရှိပါ၊ အကျိုးအမြတ်အားဖြင့် (၃)သိန်း၊ (၃)သိန်းခွဲ ပတ်ဝန်းကျင်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့၏တို့စရာသခွားသီးဈေးနှုန်းဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဝန်ကျေးရွာရှိ တောင်သူ ဦးတိုးဌေး ပိုင်ဆိုင်သော တို့သခွားသီးစိုက်ခင်းသို့ (၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ သခွားစိုက်ဧကမှာ (၂)ယောက်စိုက် (ဧကဝက်)ရှိပြီး ပြာသိုလတွင် စတင်၍ အစေ့ချစိုက်ပျိုးပြီး (၂)လခွဲကြာ တပေါင်းလတွင် စတင်ခူးဆွတ်ရောင်းချရပါသည်။ စတင်ခူးဆွတ်ချိန်တွင် တစ်နေ့လျှင် အလုံးပေါင်း (၁၀၀၀)ကျော် ခူးဆွတ်ရရှိပြီး နောက်ပိုင်းအသီးများတိုးလာချိန်တွင် တစ်နေ့အလုံးပေါင်း (၅၀၀၀-၆၀၀၀)ထိ ခူးဆွတ် ရနိုင်ကြောင်း သိရှိရပါသည်။ အသီးပေါ်မူတည်ပြီး တစ်ရက်ခြား နှစ်ရက်ခြား၍ ခူးဆွတ် ရပါသည်။ သခွားသီးများကို တစ်လကြာခူးဆွတ်ရောင်းချရပါသည်။ သခွားသီးရောင်းဈေးမှာ တစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့် ပွဲစားများမှ လာရောက်သိမ်းယူကြပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်း ချကြပါသည်။ စုစုပေါင်းကုန်ကျစရိတ် မှာ(၅)သိန်းကျော်ကုန်ကျပြီး အကျိုးအမြတ်မှာ (၁၅)သိန်းဝန်း ကျင်လောက် ခန့်မှန်းရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရဲ့အသီးမျိုးစုံဈေးကွက်

    ပြည်မြို့၏အသီးမျိုးစုံဈေးကွက်တွင် အသီးအမျိုးအစားအစုံကို ရှမ်းပြည်တောင်ပိုင်းမှ ဝင်ရောက်လျက်ရှိပါသည်။ ပြည်မြို့ ပေါ်ရှိ ဈေးများတွင်သာမက Online မှတစ်ဆင့်လည်း ရောင်းချလျက်ရှိပါသည်။ အသီး ဈေးနှုန်းများ ကတော့ ချွန်းပန်းစပျစ်အညိုသီး တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အော်ဂန်လိမ္မော်သီး 1Kgလျှင် (၆၅၀၀)ကျပ်၊ ဂျပန်စတော်ရှယ်သန့် တစ်ပိဿာလျှင် (၂၂၅၀၀)ကျပ်၊ ယိုးဒယားပန်းသီး ကြွပ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ယိုးဒယားသရက်သီးမှည့် တစ်လုံးလျှင်(၁၉၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၆၀၀၀)ကျပ်၊ ဘေဘီနာနတ်သီး 1Kgကို (၁၃၀၀၀)ကျပ်၊ ယိုးဒယား ရေငန်းသီး(အချို) 1Kg (၁၄၀၀၀)ကျပ်၊ ယိုးဒယားပိန္နဲသီး ၁၀မွှာပါ တစ်ဘူးကို(၃၀၀၀)ကျပ်၊ ပန်းမာလကာသီး တစ်ပိဿာကို ၆၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရာသီစာပြည်ပုတက်စာဈေးကွက်

    ပြည်မြို့ပေါ်ရှိ ဈေးများတွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ ဟင်းချိုချက်၍ စားသောက် ရသော ပုတက်စာများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နွေရာသီပုတက်စာများပေါများချိန် ဖြစ်သည့်အတွက် ပြည်အနီးတဝိုက်နှင့်‌ ရွှေတောင်ဘက်မှဝင်ရောက်မှုရှိပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရာသီစာဟင်းသီးဟင်းရွက်ဖြစ်၍ အဝင်ရှိ သလောက်‌ ရောင်းချမှုလည်း ရှိပါသည်။ ဈေးနှုန်းမှာ ပုတက်စာ(၂)ပင်၊ (၃)ပင်စည်း တစ်စည်းလျှင် (၂၀၀-၃၀၀)ကျပ်ခန့်ရှိပြီး တစ်ခါချက်လျှင် (၃)စည်းခန့် ချက်ပြုတ်၍ ဘူးသီး၊ ပုဇွန်ခြောက်တို့ဖြင့် ရောနှောကာ ချက်ပြုတ်စား သောက်ရကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း