ပုသိမ်မြို့နယ်အတွင်း ချဉ်ပေါင်ရွက်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်နှင့် ကျေးရွာဒေသများတွင် တောင်သူ များသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းစသည့် အဓိကသီးနှံများအပြင် ဟင်းသီးဟင်းရွက်ဖြစ်သည့် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိကြသည်။ ဒေသခံများအနေဖြင့် မိသားစုတွင်း စားသုံးရန် အတွက်သာမက ဈေးကွက်တွင် ရောင်းချရန်အတွက်ပါ ချဉ်ပေါင်ရွက်များကို ဆယ်နှစ်ရာသီစိုက်ပျိုးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်အတွင်း ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ချဉ်ပေါင်ရွက်၏ ဈေးနှုန်းမှာ တစ်စည်းလျှင် ၂၀၀/၃၀၀ ကျပ်နှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပုသိမ်မြို့နယ်ရှိ ကမ်းနားဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသည့် ဒေသခံ ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(ဧရာဝတီ)