ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလနောက်ဆုံးပတ်တွင် အာလူးစျေးအနည်းငယ်တက်

           မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည်နယ်မှ အာလူးသီးများဝင်ရောက်မှု အနည်းငယ်ကျ ဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူးပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူး သီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊ လုံးလတ်လက္ကားစျေး၆၀၀ဝိ/-၊ လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံးသေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်တတိယပတ် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

အရောင်းသွက်သည့် မန္တလေးနနွင်းတက်စျေးကွက်

              မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင်နနွင်းတက်စိုက်ပျိုးမှု ၂၈၉၉ ဧက၊ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်   နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက်တစ်ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်းစျေးကွက်တွင် စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

စျေးငြိမ်နေသောမန္တလေးငရုတ်သီးခြောက်စျေးကွက်

            မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ် ပိဿာ လျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- ၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

ဗုံလုံသီး စိုက်ပျိုးထွက်ရှိမှု နှင့် တောင်သူအကျိုးအမြတ်ရရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုး၍ စီးပွားဖြစ်စိုက်ပျိုးကြောင်း ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍  မအူပင်မြို့နယ်၊ တလုပ်လပ် ကမ်းနားသဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      စိုက်ပျိုးမှု အနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၀၀၀ စိုက်ပျိုးပြီး ၂၀၂ခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ပြီး ဗုံလုံသီးထွက်ရှိမှုမှာ  ၂၀၂၅ခုနှစ် မတ်လတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၃၀ ၀၀၀ ၀၀၀ကျပ် ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွာ ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံ အတောင့်ရေ လေးသောင်းနှစ်ထောင်အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

      ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို ၁၀၀၀/-၊ ကျပ်ဈေးကောင်းရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၀၀-၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိက ထား တင်ပို့ရောင်းချပြီး စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ငါးလတာအတွင်း အကျိုးအမြတ်နှုတ်ပြီး သိန်း ၁၀ နီးပါး ခန့် ကျန်ရှိနိုင်ကြောင်းကို စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

တော်ဝင်သဇင်ပန်းဈေးနှုန်းဈေးကွက်အခြေအနေ

            သဇင်ပန်းကလေးများသည် ဆောင်းရာသီဖြစ်သော နတ်တော်လ၊ ပြာသိုလများတွင် လှိုင်လှိုင်ပွင့် လေ့ရှိသည်။ သဇင်ပန်းသည် ဘုရင်၏မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ခွင့်ရသောပန်းဖြစ်သဖြင့် တော်ဝင်ပန်း အဖြစ် အသိအမှတ်ပြုကြသည်။ သဇင်ပန်းသည် နတ်တော်လ၌ ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင် ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ကြသည်။

          သဇင်ပင်သည် သစ်ခွမျိုးစိတ်ထဲတွင် ပါဝင်ပြီး ဂမုန်းမျိုးတွင်လည်း ပါဝင်သည်ဟု မှတ်သား ရသည်။ ဂမုန်းမျိုးဖြစ်သော သဇင်(၁၅)မျိုးရှိကြောင်း တော်ဝင်ပန်းဖြစ်ကြောင်းတို့ကို ရွှေတိုက်စိုးဦးတိုး ရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင် တွေ့မြင်နိုင်သည်။ သဇင်ပန်းပွင့်အရောင်သည် လေးမျိုးရှိပြီး ယင်းတို့မှာ သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊တောင်ငူ၊ မန္တလေး၊ မြစ်ကြီးနားနှင့် ပြင်ဦးလွင် စသည့် အနီးတစ်ဝိုက်တို့တွင် သဇင်ဖြူနှင့်သဇင်ဝါတို့ကိုတွေ့ရပါသည်။ သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝိုက် ကျေးလက်တောအုံများတွင် သဇင်နက်များ တစ်ခါ တစ်ရံတွေ့ရသည်။  သဇင်ပန်းမျိုးများစွာရှိသော်လည်း ယခုအခါတွင် စီးပွားဖြစ်အနေဖြင့် ရောင်းတန်းဝင် လှသော တော်ဝင်သဇင်ပန်းကို ပိုမိုစိုက်ပျိုးလာကြသည်။ သဇင်ပန်းသည် ဆေးဖက်လည်း ဝင်လှပေသည်။ မြန်မာ့ဆေးကျမ်းအလိုအရ သဇင်ပွင့်သည် ဦးခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ အနာရောဂါ အချို့ကိုလည်းကောင်း ပျောက်ကင်းစေနိုင်သည်ဟုသိရပါသည်။     

          သဇင်ပန်းအမျိုးအမည်များစွာရှိသည့်အနက် လူကြိုက်များ၍ အရောင်းရဆုံးမှာ   တော်ဝင်သဇင်ပန်း ဖြစ်သည်။ ဈေးကွက်အတွင်းတွင် ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင်  တော်ဝင်သဇင်ပန်း  ၅" တစ်ခက်လျှင် (၁၀၀၀၀)ကျပ်၊ ၆"တစ်ခက်လျှင် (၂၀၀၀၀)ကျပ်၊ ၇"တစ်ခက်လျှင် (၃၀၀၀၀)ကျပ်၊ ၈"တစ်ခက်လျှင် (၄၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၆"/၇"/ ၈")ဆယ်ခက်လျှင်  (၃၀၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၅"/၆"/ ၇") ဆယ်ခက်လျှင်  (၂၀၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၅"/၆")ဆယ်ခက်လျှင်  (၁၅၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သဇင်စိုက်ပျိုးသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                                                                          

 

ငှက်ပျောသီးဈေးနှုန်းဈေးကွက်

                မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာ၊ ရွှေဘိုမြို့နယ် ဘက်မှ ငှက်ပျောသီးများ ဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးအမျိုးအစားများစွာ ရှိသည့်အပြင် ရခိုင် ငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျောသီးများ မန္တလေးဈေး ကွက်အတွင်းသို့ အများ အပြားဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်များ စွာပါဝင်သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ငှက်ပျောသီးမှာပါဝင်တဲ့  ပိုတက်စီယမ် ဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေက နှလုံးကျန်းမာ ရေးအတွက်များစွာ အထောက် အကူဖြစ်စေပြီး အထူး သဖြင့် သွေးဖိအားကို  ပုံမှန်ဖြစ်စေဖို့   ထိန်းညှိ ပေးနိုင်ပါသည်။ ငှက်ပျောသီးကို ဘုရားကန်တော့ပွဲနှင့် ရိုးရာဘုရားကန်တော့ပွဲများတွင်လည်း အသုံးပြုကြသည်။ ငှက်ပျောသီးများမှာ အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် ငှက်ပျောပူတင်း၊ ငှက်ပျောသီးကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောကိတ်မုန့်၊ စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။ ငှက်ပျောသီးတွင် အမျှင်ဓါတ်များစွာပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်းအတွက် ကာကွယ်ပေးပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်ပါသည်။ ငှက်ပျောသီးတွင်ပါဝင်သော ကိုယ်ခံအားကောင်းစေခြင်း၊ ငှက်ပျောသီး စားသုံး ခြင်းဖြင့်အရိုးအဆစ်များကိုသန်မာစေပါသည်။ ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၂၀၀၀/၂၅၀၀)ကျပ်နှင့် သီးမွှေး ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀)ကျပ်ဖြင့် ဈေးနှုန်းဖြင့် အရွယ်အစားအကြီးအသေးအပေါ်မူတည်၍  ရောင်းချ လျှက်ရှိကြောင်း ငှက်ပျောသီးအရောင်းဆိုင်မှ သိရှိရသည်။    

DOCA(မန္တလေး)                                                                          

ရုံးပတီသီးဈေးနှုန်းဈေးကွက်

          မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ မုံရွာမြို့များမှ ထွက်ရှိလာသည့် ရုံးပတီသီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရုံးပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညှိပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအား နည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်း အဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံးပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ ပုဇွန်ခြောက်ဖြင့်လည်းကောင်း ၊ ချဉ်ပေါင်ရွက်နှင့် အချဉ်ရည်ဟင်းချက်၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်လဘာလစတုတ္ထပတ်တွင် ရောင်းချနေသောရုံးပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

 

ဒီဇင်ဘာလဒုတိယပတ်တွင် မန္တလေးနှမ်းကျဆင်းလျက်ရှိ

       ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမှု ၉၂၃၁၅၃ ဧက၊ရိတ်သိမ်းမှု ၈၉၈၀၅၂ ဧက၊ အထွက်နှုန်း ၅.၁၉ တင်းနှင့် အထွက်စုစုပေါင်း ၄၆၆၁၉၈၈ တင်းဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ)တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၂၈၅၀၀၀ ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊နှမ်းဖြူ(ဗမာ)၂၆၅၀၀၀ကျပ်နှင့် ၂၇၀၀၀၀ကျပ်၊နှမ်းညို ၂၆၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ နှမ်းဖြူ (ဂျပန်) ၆၃၃၃ကျပ်နှင့် ၆၄၄၄ ကျပ်၊ နှမ်းဖြူ(ဗမာ)၅၈၈၉ကျပ်နှင့်၆၀၀၀ကျပ်၊ နှမ်းညို ၅၇၇၈ကျပ်နှင့် ၆၁၁၁ကျပ် စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၃၃၃ကျပ်နှင့် ၉၅၅၆ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၂၂၂ ကျပ်နှင့် ၈၅၅၆ ကျပ်၊နှမ်းညို ၇၀၀၀ ကျပ်နှင့် ၇၁၁၁ ကျပ်၊နှမ်းနီ ၇၇၇၈ ကျပ်နှင့်၇၈၈၉ ကျပ်၊ နှမ်းဝါ ၇၄၄၄ ကျပ်နှင့် ၇၅၅၆ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မန္တလေးစျေးကွက်တွင်နှမ်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အစေ့ထုတ်ပြောင်းဆန်များ ဒီဇင်ဘာလဒုတိယပတ်တွင် ကျဆင်းလျက်ရှိ

      ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း) ၇၄၀၀၀ ကျပ်နှင့် ၇၅၀၀၀ကျပ်၊ ပြောင်းဖူးစေ့ (စီပီ) ၇၄၀၀၀ ကျပ် နှင့် ၇၅၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၃၇၀ကျပ်နှင့် ၁၃၈၉ကျပ်၊(စီပီ)၁၃၇၀ကျပ်နှင့် ၁၃၈၉ကျပ်စျေးတို့ ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)၁၆၃၀ ကျပ်နှင့် ၁၆၄၈ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၆၃၀ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၆၇၄ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်ဈေးနှင့် ယခင်နှစ်ကာလတူစျေးနှင့် နှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဒီဇင်ဘာလဒုတိယပတ်အတွင်း မြေပဲစျေးကျဆင်းလျက်ရှိ

         စျေးကွက်အတွင်းမြေပဲစျေးမှာ  ပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ယခင်နှစ်စျေးနှင့် နှိုင်းယှဉ်ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးမှာအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်နှင့် ပြည်ပသို့တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၃၀၀ ကျပ်နှင့် ၈၈၀၀ကျပ်၊S1 ဆီဆန်  ၇၇၀၀ ကျပ် နှင့်၇၈၅၀ကျပ်၊ Mတွဲလုံးဆန် ၈၃၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊M တွဲဆီဆန် ၇၈၀၀ ကျပ်နှင့် ၈၀၀၀ကျပ်၊ အနီလုံးဆန် ၈၁၅၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ ပြန့်ဆီဆန် ၇၇၀၀ကျပ်နှင့် ၇၈၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၅၀၀ ကျပ်နှင့် ၈၇၀၀ ကျပ်၊S1 ဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ ကျပ်၊ အနီလုံးဆန် ၈၅၀၀ကျပ်နှင့် ၈၇၀၀ကျပ်၊ အနီဆီဆန် ၈၃၀၀ကျပ်နှင့် ၈၄၀၀ကျပ်၊Mတွဲလုံးဆန် ၈၉၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ M တွဲဆီဆန် ၈၄၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ ပြန်ဆီဆန် ၈၆၀၀ကျပ်နှင့် ၈၇၀၀ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်နှင့် ယခုနှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ လျော့နည်းသွားကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း