ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ခါကြက်ဥ ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကား လျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် မိသားစု စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများ သည် ခါကြက်ဥများကို ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများနှင့် မိမိတို့ဒေသထွက် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိရာ ခါကြက်ဥ(တရုတ်)နှင့် ခါကြက်ဥ(ဗမာ)ဟူ၍ ခါကြက်ဥ (၂)မျိုးရှိပြီး ယခု လက်ရှိမှာတော့ ခါကြက်ဥ(ဗမာ)ဥကိုတော့ ဒေသတွင်း ထွက်ရှိသည် ခါကြက်ဥများကိုသာ ဝယ်ယူရောင်းချကြောင်းသိရပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀) ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

သစ်ရာမြိုင်ဈေးရှိ ဒေသထွက် ခဝဲသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ခဝဲသီးများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  ခဝဲသီးဈေးနှုန်းများမှာ ခဝဲသီးလက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့်တို့ ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ရှိ ခရမ်းသီး ဈေးနှုန်း/ဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်း များမှာ ခရမ်းသီး(အညို)သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၂၅) ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသာ ခရမ်းချဉ်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ် နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချ ကြသည့်အတွက် မိမိတို့ ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ဈေးသက်သာပြီး လတ်ဆတ်သော ဒေသတွင်း  ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြေပဲဆံစျေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)၌ (၂၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မကွေးတိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ အပါအဝင် မကွေးမြို့အတွင်းရှိ မြေပဲ၊ နှမ်း လက်ကားကုန်သည် ကြီးများ၊ ဆီစက်ပိုင်ရှင်များနှင့် ပဲခွဲစက်ပိုင်ရှင်များအား မြေပဲဆံစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားရန်ရည်ရွယ်၍ မြေပဲဆံများ ဝယ်ယူသိုလှောင်ခြင်းမပြုလုပ်စေ ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးမှုအနေဖြင့် ပင်ထောင် နှင့်ပင်ပြန့်ဟူ၍ (၂)မျိုးစိုက်ပျိုး လျက်ရှိပြီး ပင်ထောင်မြေပဲသည် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ များတွင်ထွက်ရှိ၍ ပင်ပြန့် မြေပဲသည် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင် ထွက်ပေါ်လျက်ရှိပါသည်။ ယခုအချိန်တွင် မြေပဲသီးနှံ ပေါ်ချိန်မဟုတ်သည့်အတွက် ကုန်သည်/ ပွဲစားများနှင့် ဆီစက်များတွင် ပစ္စည်းလက်ကျန်နည်းပါး လျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလနှင့်မတ်လတွင် ဝယ်ယူထားသော ဧရာဝတီနှင့်ပဲခူးတိုင်းတို့မှ ဝင်ရောက်ထားသည့် ပစ္စည်းများကိုသာ ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          မြေပဲဆံစျေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် မြေပဲလုံးဆံဖြူ(၁)ပိဿာ လျှင် ကျပ်(၈၄၀၀- ၈၅၀၀)၊ ပြန့်လုံးဆံ(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ် (၇၉၀၀-၈၀၀၀)၊ မြေပဲအောက်ကျဆံ(၁)ပိဿာလျှင် ကျပ်(၆၉၀၀-၇၂၀၀)ဖြစ်ပြီး ဧပြီလ(စတုတ္ထပတ်) တွင် မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၉၆၀၀)၊ ပြန့်လုံးဆံ(၁)ပိဿာလျှင် ကျပ်(၉၀၀၀-၉၂၀၀)၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ကျပ်(၈၅၀၀-၈၈၀၀)၊ မြေပဲအောက်ကျဆံ (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၄၀၀)ဖြစ်၍ ဧပြီလ(ပထမပတ်)ထက် စျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။ စျေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ရခြင်းမှာ အခြားတိုင်းဒေသကြီးမှ မြေပဲကုန်ကြမ်းဝင်ရောက်မှုမရှိခြင်း၊ ယခင်နှစ် က ဆောင်းမြေပဲအထွက်နှုန်းနည်းပါးခြင်းနှင့် မိုးဦးကျစောခဲ့သဖြင့် တောင်သူများမှာ မြေပဲမျိုးများ ကြိုတင်ဝယ်ယူမှုများခဲ့ခြင်းစသည်တို့ကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ချဉ်ပေါင်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှ မြို့ပေါ်ရပ်ကွက်များမှ တောင်သူများသည် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် စားဖိုဆောင် သီးနှံမျိုးစုံတို့ကို စိုက်ပျိုးသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြရာတွင် ချဉ်ပေါင်ရွက်ကိုလည်း စိုက်ပျိုး ရောင်းချလျက်ရှိကြပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ် ကျွန်းလှမြို့တွင်ဖြစ်ပေါ်နေသည့် ချဉ်ပေါင်ရွက်ဈေးနှုန်း မှာ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုဈေးကွက်တွင် ကုလာပဲလုံးဈေးအေးနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲလုံးများကို ဒေသတွင်းအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင် နှစ်မျိုးရှိပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ် ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ကုလားပဲဆံဈေးငြိမ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင် ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ (၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲ ဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သရက်သီးစိမ်း ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

   သရက်သီးစိမ်းကို ယခုလိုလှိုင်လှိုင်ထွက်ရှိချိန်တွင် ဟင်းရှားပါးသည့် ရာသီအတွက် သရက် ချဉ်တည်ခြင်း၊ သရက်သီးကုလားတည်ပြုလုပ်ခြင်း၊ သရက်သီးခြောက်လှမ်းခြင်းနှင့် သရက်သီး အစိမ်းသုပ်စားခြင်းတို့ ပြုလုပ်သည့်အချိန်ဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။

  ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၁၅၀)ကျပ်၊ (၁၀၀၀)ဖိုး(၄)လုံး နှင့် သရက်သီး အသေး တစ်လုံးလျှင်(၁၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သပြေပန်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

    မြန်မာလူမျိုးတို့သည်စိတ်၏ စွဲလမ်းမှုဖြင့်  သပြေပန်းကို ‌အောင်ပန်းဟု ယူဆကာ အခြား သောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ထုံးတမ်း အစဉ်အလာအရ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ခြင်း၊  ဘာသာရေးပွဲများဖြစ်သည့် တရားပွဲများတွင် အလှပန်းထိုးခြင်း၊ တရားဟောပုလ္လင်များတွင် အလှဆင်ခြင်းနှင့် မင်္ဂလာဆောင်ပွဲ များတွင်  အောင်ပန်းအဖြစ်အသုံးပြုခြင်း နှင့်‌ ရှေ့တန်းပြန် တပ်မတော်သားများ ကြိုဆိုရာတွင်လည်း အသုံးပြုကြပါသည်။

  ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း သပြေပန်းအခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်းအငုတ် အကြီး(၁)ငုတ်လျှင်(၅၀၀၀/၄၀၀၀)ကျပ်နှင့် သပြေပန်းအငုတ် အသေး(၁)ငုတ်လျှင် (၂၅၀၀/၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်း အဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း