ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မစည်ပင်သာယာဈေးရှိ ဘုရားပန်းဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ စံပါယ်ပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          ၂၀၂၅ ခုနှစ်၊ မေလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ် နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ် ၊ ဂန္ဓာမာ ပန်း(အပွင့်သေး) တစ်စီးလျှင်(၁၂၀၀)ကျပ်၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် (၂၅၀၀/၃၀၀၀/၃၅၀၀/၅၀၀၀)ကျပ်၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ အာစီယံသပြေ အခက် တစ်စီးလျှင်(၅၀၀)ကျပ်၊ မေမြို့ပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၃၀၀/ ၃၅၀)ကျပ်၊ စပါယ်ပန်း တစ်ကုံးလျှင်(၁၅၀)ကျပ်၊ (၅၀၀)ဖိုး(၄)ကုံး၊ စကားဝါပန်း တစ်ကုံး(၃၅၀) ကျပ်၊ (၁၀၀၀)ဖိုး(၃)ကုံးနှင့် ကျောက်စိမ်းပန်း (၁)စီးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘို ပဲဈေးကွက်ရှိ ဘိုပဲဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ဘိုပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ဘိုပဲများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ(၁)ပြည်လျှင်(၁၃၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၀၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည်လျှင်(၁၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲလွန်းဖြူ ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းဖြူများကို ဒေသတွင်းမှစိုက်ပျိုးထွက်ရှိသည့် ပဲလွန်းဖြူများအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၈၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ် နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲလွန်းပြာဈေးပုံမှန်သာရှိ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာများကို ဒေသတွင်းမှစိုက်ပျိုးထွက်ရှိသည့်ပဲများအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက် အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ (၁)ပြည်လျှင် (၅၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင်(၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်း ပေါင်းရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရွှေဘိုဈေးကွက်တွင် ပဲဖြူလေးဈေး အနည်းငယ်တက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲဖြူလေး(၂၂၅)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူလေးများကို ဒေသထွက်ပဲများအပြင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ပဲဖြူလေးဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၁၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အ‌ရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူလေး (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲဖြူလေး(၁)ပြည်လျှင်(၆၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ ယခုအပတ်တွင် ကျွန်းပဲများလည်းဝင်ရောက် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်းပဲဖြူလေးကို ခေတ်သစ်ပဲဟုလည်းခေါ်ကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့တွင်း ရောင်းချလျက်ရှိသောကနစိုးသီးဈေးနှုန်း

   ကနစိုပင်များသည် တပို့တွဲနှင့်တပေါင်းလများတွင် ပန်းပွင့်၍ တန်ခူးနှင့် ကဆုန်လများတွင် အသီးများမှည့်ကြသည်။ ထိုအချိန်၌ တစ်ပင်လုံး ဝါးဝင်းလုမတတ် လှပစွာ တွဲရရွဲ သီးနေသော ကနစိုးသီး တို့မှာ မြင်ရသူများအဖို့ သွားရည်ကျစရာ ဖြစ်စေပြီး စပျစ်သီးခိုင်ကဲ့သို့ အပြွတ်လိုက်၊ အခိုင်လိုက်သီးသဖြင့် အင်္ဂလိပ် လူမျိုးတို့က မြန်မာစပျစ်သီးပင်ဟူ၍ပင် အမည်ပေးထားကြသည်။

   ကနစိုးသီးသည် မမှည့်သေးမီအချိန်တွင် အစိမ်းရောင်ရှိ၍ မှည့်လာသောအခါမှ ဝါလာ သည်။ အခွံဝါ အတွင်းရှိ နှင်းဆီ ရောင်ဖျော့ဖျော့ အမြွှာသုံးခုကို လူတို့စားသုံးကြသည်။ အမြွှာများ အတွင်း၌ အစေ့တစ်စေ့စီ ပါရှိ၏။ ကနစိုးသီးတွင် အချို့ သို့မဟုတ် ချိုချဉ်မျိုးနှင့် အချဉ်မျိုးဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံ၌ အစေ့များကိုသာ စိုက်ပျိုးကြသည်။

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ ကုန်စိမ်းဈေးများနှင့် အသီးဆိုင်များတွင် မိုးရာသီသီးနှံဖြစ်သော ကနစိုးသီးများ စတင်ဝင်ရောက်လျက်ရှိကာ ရာသီစာသီးနှံဖြစ်သည့်အတွက် ဒေသခံများမှ ဝယ်ယူစားသုံးမှု များပြားလျက်ရှိပြီး (၁) တွဲလျှင် ကျပ် (၅၀၀) နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်တွင် ပဲမျိုးစုံဈေးကွက်ဝင်ရောက်ပြီး ကုလားပဲနှင့် မတ်ပဲများ အဓိကရောင်းချ

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဆန်စပါးအပြင် ပဲမျိုးစုံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး စားတော်ပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ကုလားပဲများဈေးကွက်သို့ စီးဝင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၌ ဟင်္သာတခရိုင်တွင် စားတော်ပဲ (၁၂၀) ဧကနှင့် မတ်ပဲ (၉၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။ ကုလားပဲ ၁ ပိဿာ လျှင် ၅,၅၀၀ ကျပ်မှ ၆,၀၀၀ ကျပ်နှင့် မတ်ပဲ ၁ ပြည်လျှင် ၅,၈၀၀ ကျပ်မှ ၆,၃၀၀ ကျပ် ၊ ၁ တင်းလျှင် ၉၆,၁၀၀ ကျပ်မှ ၉၇,၃၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ပြီး ပဲအမျိုးမျိုးကို ဒေသခံများက ပဲပြုတ် ၊  ပဲကြော် ၊  မုန့်ဟင်းခါးဖြည့်စွက်နှင့်  အိမ်ထောင်စု စားသုံးမှုအတွက်အဓိကဝယ်ယူကြပြီး၊ ရန်ကုန်၊ ပုသိမ်နှင့် ပြည်မြို့များသို့လည်း တင်ပို့ရောင်းချသည်။

     ဟင်္သာတဒေသရှိစိုက်ပျိုးသူများက ပဲသီးနှံများကို ရေသွင်းစိုက်ပျိုးလေ့ရှိသော်လည်း၊ မိုးခေါင်မှုနှင့် ပိုးမွှားကျရောက်မှုတို့ကြောင့် ထုတ်လုပ်မှုအနည်းငယ်လျော့နည်းနေသည်။ သို့ပါ၍ ပဲဈေးနှုန်းများ ယခင်နှစ်ထက် ၁၀-၁၅% ခန့် မြင့်တက်နေသည်။ ဧရာဝတီတိုင်းအတွင်း ပဲစိုက်ဧက တိုးချဲ့ရန် စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိပြီး၊ ဒေသခံများအနေဖြင့်လည်း ပဲသီးနှံ၏ စီးပွားဖြစ်အလားအလာကို အသုံးချလာကြသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်တွင် မတ်ပဲဈေးနှုန်းများ ယာယီကျဆင်း

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးရာဒေသအဖြစ် ထင်ရှားပြီး ဒေသခံတောင်သူများအနေဖြင့် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိသည်။ မတ်ပဲ သီးနှံ များကို ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကစိုက်ပျိုးထုတ်လုပ်ပြီး ဒေသတွင်း ဈေးကွက်များတွင် ရောင်းချလျက်ရှိသည်။ ဧပြီလ တတိယပတ်အတွင်း ဟင်္သာတမြို့နယ်တွင် မတ်ပဲရိုးရိုး တစ်တင်းလျှင် (၉၇,၀၀၀) ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၉၂,၅၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံ သီးနှံကုန်သည်များထံမှ သိရသည်။ ယခုအပတ်အတွင်း မတ်ပဲဈေးနှုန်းများသည် ယခင်အပတ်များနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းလာခြင်းဖြစ်ပြီး ဈေးကွက်ဝယ်လိုအား ယာယီနည်းပါးမှုကြောင့်ဟု သုံးသပ်ရသည်။

    ဟင်္သာတမြို့နယ်မှ ထွက်ရှိသော မတ်ပဲများကို ဒေသတွင်းသာမက ရန်ကုန်မြို့နှင့်ပဲခူးမြို့ များရှိ ကုန်စည်ဒိုင်များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ မတ်ပဲဈေးနှုန်းများ ပြန်လည် တက်ရောက်လာစေရန်အတွက် ဒေသခံတောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော စိုက်ပျိုးထုတ်လုပ်မှုများ ပြုလုပ်သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြု ထားသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်တွင် နှမ်းဈေးနှုန်းများ မြင့်တက်လာ

   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတမြို့နယ်သည် ဆီထွက်သီးနှံများ စိုက်ပျိုးရာ ဒေသအဖြစ် ထင်ရှားပြီး ဒေသခံတောင်သူများအနေဖြင့် နှမ်းနက် (စမုံ) နှင့် နှမ်းဖြူ (ဂျပန်) စသည့် နှမ်းမျိုးစုံကို စိုက်ပျိုးလျက်ရှိသည်။ ထွက်ရှိလာသော နှမ်းသီးနှံများကို ဒေသတွင်း သာမက ရန်ကုန်မြို့နှင့်ပဲခူးမြို့ရှိ ပွဲရုံများသို့ပါ တင်ပို့ရောင်းချလျက်ရှိရာ နှမ်းဈေးကွက်သည် ဟင်္သာတမြို့နယ်အတွက် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

   ၂၀၂၅ ခုနှစ်၊ ဧပြီလစတုတ္ထပတ်အတွင်း ဟင်္သာတမြို့နယ်တွင် နှမ်းနက် (စမုံ) တစ်တင်း လျှင် (၂၁၂,၀၀၀) ကျပ်၊ နှမ်းဖြူ (ဂျပန်) တစ်တင်းလျှင် (၁၀၇,၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း မေလ ပထမပတ်တွင် နှမ်းနက် တစ်တင်း (၂၃၀,၀၀၀) ကျပ် အထိ မြင့်တက်လာခဲ့သည်။ နှမ်းဖြူဈေးနှုန်းမှာ (၁၀၇,၀၀၀) ကျပ်တင်းဖြင့် မပြောင်းလဲသေးသော် လည်း နှမ်းနက်ဈေးနှုန်း တစ်တင်းလျှင် ယခင်ထက် (၁၈,၀၀၀) ကျပ် ပိုမိုမြင့်တက်လာကြောင်း ဒေသခံ သီးနှံကုန်သည်တစ်ဦးထံမှ သိရသည်။

   ဟင်္သာတမြို့နယ်အတွင်း နှမ်းဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပြည်တွင်းပြည်ပ ဈေးကွက် ဝယ်လိုအားပေါ်မူတည်နေပြီး ဒေသခံတောင်သူများအတွက် ပိုမိုကောင်းမွန်သော ဝင်ငွေအခွင့်အလမ်းများ ဖြစ်ထွန်းစေပြီး နှမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု များ ပိုမိုတိုးတက်လာခြင်းသည် ဒေသ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုလျက်ရှိပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း