ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

         စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁.၈.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

         ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၃၀)ကျပ်၊ 95 Octance(၃၁၃၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၃၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ်ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်၏ ငရုတ်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ငရုတ်သီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၁၀၁) ဧကစိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည် ။ ငရုတ်မျိုးများ အနေဖြင့် သာမို ၊ ဒီမွန် ၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း ငရုတ်မျိုးများကို စိုက်ပျိုးကြပြီး ၎င်းမျိုးများအနက် ၆၉၂ ငရုတ်မျိုးများကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၄၀၀-၄၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက် အညှာပါ တစ်ပိဿာ လျှင်(၉၀၀၀)ကျပ်၊ ငရုတ်သီးခြောက်အညှာခြွေ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့်(၂၁၀၀၀၀၀/-)ကျပ်ဝန်းကျင် မြတ်ကြောင်း ၊ ငရုတ်ပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူကြပြီး ဈေးကွက်ရှိရာ မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ငရုတ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိသည့်အပြင် မိသားစုစားဝတ်နေရေးပါပြေလည်သည့်အတွက်ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

 

 

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

            နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၂၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၇၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ် ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကြက်ဟင်းခါးသီးဈေးနှုန်းဈေးကွက်”

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ကြက်ဟင်းခါးသီးကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ကြက်ဟင်းခါးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ဗိုလ်တစ်ထောင် ကြက်ဟင်းခါးသီးမျိုးများကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး ရက်(၃၀)ခန့်အတွင်း စိုက်ပျိုးရကြောင်း၊စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် ခူးဆွတ်နိုင် ကြောင်း၊စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ်အထွက်နှုန်းပိုလာကြောင်း၊အထွက်နှုန်းအနေ ဖြင့်(၁)ဧကလျှင်(၃၀၀-၃၅၀)ပိဿာထွက်ရှိကြောင်း၊(၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၂၀၀၀၀၀- ၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ကြက်ဟင်းခါးသီးဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် လက်လီ (၄၀၀၀/-)ကျပ်၊လက်ကား(၂၅၀၀-၂၈၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချရကြောင်း၊ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်ဈေးနှုန်းမတူညီကြောင်း၊ကုန်စိမ်းပွဲစားများမှစိုက်ခင်းထဲ အထိလာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ပွဲစာများမှ ရန်ကုန်၊မန္တလေး ဈေးကွက်များသို့တင်ပို့ရောင်းချကြကြောင်း၊(၁)ဧက အကျိုးအမြတ်အနေဖြင့်(၄၅၀၀၀၀-၅၀၀၀၀၀) ကျပ်ခန့်အမြတ်ရရှိသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ကြက်ဟင်းခါးသီးစိုက်ပျိုး သောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။  

DOCA (မန္တလေး)                                                                                         

 

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

              တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၅)ကျပ်၊ 95 Octance(၃၁၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၇၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၂၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁-၈-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ် ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁.၈.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

          မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၁၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ်ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပျော်ရွှင်အားပေး ပြည်သူ့သက်သာဈေး

            ၃၁.၇.၂၀၂၅ နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာဈေး၌ ပြည်သူများ၏သက်သာချောင်ချိရေးကိုရှေးရှု၍ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရန် ပြည်သူ့သက်သာဈေး အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

           အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်များတွင် ရောင်းချပေးခဲ့သည့် စားသောက်ကုန်များနှင့် ဈေးနှုန်းများမှာ ဆန်(၁)ပြည်လျှင် (၃၆၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၁၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများသည် ပျော်ရွှင်ကြည်နူးစွာ ဝယ်ယူအားပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးပြောင်းဖူးများစတင်ထွက်ရှိ”

            ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် မိုးပြောင်းဖူးစိုက်ဧကများအောင်မြင်ဖြစ်ထွန်းလျှက် ရှိပြီး ဇူလိုင်လကုန်မှစတင်၍ မိုးပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း(၂၆၉)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်း မျိုးဖြစ်ပြီး (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၅၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ ယခုသြဂုတ်လဆန်းမှစတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း ၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိ ကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့်တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက် ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက်ကြောင်း ၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သ‌ရေစာအဖြစ် စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူ ကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း ၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူး သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 DOCA (မန္တလေး)                                                                                         

                                                                                                  

“ပတ်ကြဲမိုးစပါးများအောင်မြင်ဖြစ်ထွန်း”

             ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍စိုက်ပျိုးလျှက်ရှိရာ ယခုအချိန် တွင်ပတ်ကြဲမိုးစပါးများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ခရိုင်အတွင်း (၅၉၉၇၁)ဧက စိုက်ပျိုးထားရှိပြီး မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၄၉၃၁)ဧက စိုက်ပျိုးထား ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှု နှင့်ပတ်ကြဲစိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ယခုနှစ်တွင် တောင်သူအများစုမှာ မိုးကောင်းသော ကြောင့်ပတ်ကြဲစိုက်ပျိုးမှုကိုပိုမိုစိုက်ပျိုးလာကြကြောင်း၊ပတ်ကြဲစိုက်ပျိုးမှုတွင် မျိုး(၂)တင်းခန့်အသုံး ပြုရပြီးစိုက်ပျိုးစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၉၁၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပျိုး‌ထောင်မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စရိတ် နှင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့် တင်း (၈၀-၈၅)တင်းခန့်ထွက်ရှိကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-) ကျပ်၊မနောသုခတစ်တင်းလျှင်(၂၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်ခဲ့သောကြောင့်အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၁၃၀၀၀၀၀/-)ကျပ်ကျော်မြတ်ခဲ့ကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊ မနောသုခ တင်း(၁၀၀)လျှင် (၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန် (အဟောင်း)တစ်အိတ်လျှင် (၁၃၅၀၀၀/-)ကျပ်၊ မနောသု တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါးအသစ် မနောသုခ တင်း(၁၀၀) လျှင်(၁၇၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊ စျေးကွက်အနေဖြင့် မိုးစပါးထွက်ပေါ်ချိန်တွင် တောင်သူများထံသို့ ပွဲစားများမှ တိုက်ရိုက် လာရောက်ဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှလည်း ကြိတ်ခွဲရောင်းချရန်အတွက် လာရောက်ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးစပါးများအောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။                 

DOCA (မန္တလေး)                                                                                         

 

 

“ခရမ်းသီးစိုက်ပျိုးဝင်ငွေတိုး”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူ ကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ခရမ်းသီးပင် များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ကျောင်းကုန်း ကျေးရွာတွင် စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် စိန်းညိုလုံးကြီးမျိုး၊ ၇၈၉မျိုး နှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ခရမ်းပင်စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံးပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧက တစ်ပတ်အထွက်နှုန်းမှာ ပိဿာ(၁၅၀)မှ (၂၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ ခရမ်းသီးများ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက သွင်းအားစု ကုန်ကျစရိတ်မှာ (၈၀၀၀၀/-) ကျပ် ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၂၀၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် လက်လီဈေးအနေဖြင့် (၁၂၀၀/-)ကျပ် ရှိပြီး ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ လက်ကားဈေး အနေဖြင့် တစ်ပိဿာလျှင်(၉၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့်(၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ် ရရှိသည့် ခရမ်းသီး သီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။

DOCA (မန္တလေး)                                                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း