ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ မတ်လ ပဲမျိုးစုံနှိုင်းယှဉ်ဈေး

 

မတ်ပဲ

   မတ်လပထမပတ်တွင် ပတ်ပဲအသစ်များအဝင်ရှိနေပြီး တစ်တင်းကို(၉၄၀၀၀-၉၃၅၀၀)ကျပ် ဖြင့်  တစ်ရက်ကို အိတ်(၂၅၀-၃၀၀)ခန့် ရန်ကုန်အရောင်းအဝယ်ဖြစ်ပါသည်။ ဒုတိယပတ်တွင် မတ်ပဲ ကိုင်းပဲတစ်တင်း ကို (၉၂၅၀၀-၉၃၀၀၀)ကျပ်၊ မတ်ပဲ လယ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် ရှိပါသည်။ မတ်လ တတိယပတ်တွင် မတ်ပဲ ကိုင်းပဲတစ်တင်းကို (၉၃၅၀၀)ကျပ်၊ မတ်ပဲ လယ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၇၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲ တစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၁၅၀၀)ခန့် ရှိပါသည်။

ပဲစဉ်းငုံ

  မတ်လပထမပတ်တွင် ပဲစဉ်းငုံ(သစ်) တစ်တင်းကို (၉၅၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၂၅၀၀-၉၃၀၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၅၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်း ကို (၉၂၀၀၀-၉၂၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို (၉၃၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၇၀၀-၈၀၀)ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါသည်။

ကုလားပဲ

    မတ်လ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၈၀၀၀-၇၉၀၀၀)ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၅၀၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) ပဲတစ်တင်းကို (၈၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၉၀၀၀-၈၉၅၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ်(၃၀၀)ခန့် အရောင်းအဝယ် ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၉၅၀၀-၈၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် ရန်ကုန်ခွဲစက်များ အဝယ်တစ်ရက်ကို အိတ်(၈၀၀)ခန့် အရောင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၉၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၈၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် လှောင်သမား အဝယ်တစ်ရက်ကို အိတ်(၉၀၀)ခန့် အဝယ်ရှိပါသည်။

ပဲကြီး

   မတ်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွမ်း)တစ်တင်းကို (၈၃၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၇၈၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ်(၅၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၈၃၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၇၈၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး (ရွှေကျွမ်း)တစ်တင်းကို (၇၈၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲသစ်အဝင်ရှိ (၁၄၀၀/၁၅၀၀)ခန့်သာရှိပြီး ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၇၈၀၀၀-၇၉၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်း ကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်လှောင်သမား အဝယ်တစ်ရက်ကို အိတ်(၂၈၀၀/၃၀၀၀)ခန့် အဝယ် ရှိပါသည်။

ဘိုကိတ်

   မတ်လ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၆၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀-၃၀၀)ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၇၃၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကိူ (၇၃၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၄၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များအဝင်ရှိနေပြီး ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်မှ သကြားစက်များ၏ ကြံကြိတ်ခွဲထုတ်လုပ်ပြီးစီးမှုနှင့် ဈေးနှုန်း၊ဈေးကွက်

    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်ရှိ ပြည်မြို့နယ်မှ နဝဒေး သကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက် နေ့မှ စတင်လည်ပတ်ခဲ့ရာမှ နဝဒေးသကြားစက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အပြီးသတ်ကြိတ်ဝါးခဲ့ပြီး အင်ငါးခွသကြားစက်မှာ ၂၀၂၅ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် အပြီး သတ်ကြိတ်ဝါးပြီးဖြစ်ပါသည်။

   သကြားစက်များအနေဖြင့် အပြီးသတ်ကြိတ်ဝါးပြီးချိန်မှာ နဝဒေးသကြားစက်၏ ကြိတ်ခွဲနိုင် ခဲ့သည့် ကြံတန်ချိန်မှာ (၂၃၈၀၀၀)ဖြစ်ပြီး သကြားအထွက်မှာ (၂၃၁၀၀၀)ကျော် ထွက်ရှိပါသည်။ အင်ငါးခွသကြားစက်၏ ကြိတ်ခွဲနိုင်ခဲ့သည့် ကြံတန်ချိန်မှာ (၁၂၁၀၀၀)ကျော်ဖြစ်ပြီး သကြားအထွက် မှာ (၁၁၁၀၀)ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။

    ပြည်ဈေးကွက်တွင် ယခင်နှစ်က သကြား တစ်ပိဿာလျှင် (၃၅၀၀-၃၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပိဿာလျှင် (၅၀၀၀-၅၂၀၀)ကျပ်ဈေးရှိပြီး ဒေသတွင်း လက်လီလက်ကားဝယ်ယူသူများ၊ တိုင်းအတွင်းအခြားမြို့နယ်များမှ ဝယ်ယူသူများဖြင့် ပုံမှန် အရောင်းအဝယ် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော အခြေခံစားကုန် ဈေးနှုန်းများအခြေအနေ

     ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဧပရယ်လအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရိုးရိုးပေါ်ဆန်း တစ်ပြည်လျှင် ကျပ်(၅၅၀၀)၊ ရိုးရိုးပေါ်ဆန်း ၂၄ ပြည်အသစ်တစ်အိတ်လျှင် ကျပ် (၁၃ဝဝဝဝိ)၊ ဧည့်မထ ဆန် (နွေ) တစ်အိတ်လျှင် ကျပ် (၇၅ဝဝဝိ)၊ မှော်ဘီဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် (၈ဝဝဝဝိ မှ ၉၃ဝဝဝိ)၊ ကျောက်ရွေး ၂၄ ပြည်တစ်အိတ်လျှင် ကျပ် (၉ဝဝဝဝိ) မှ (၉၅ဝဝဝိ/-)၊ ငွေတိုး ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၉ဝဝဝဝိ/-) မှ (၉၃ဝဝဝိ/-)၊ ကောက်ညှင်းတစ်ပြည်လျှင် ကျပ် (၇ဝဝဝိ/- ) ၊ ငချိတ်တစ်ပြည်လျှင် ကျပ် (၉ဝဝဝိ/-) ၊ ပဲဆီရှယ်တစ်ပိဿာလျှင် ကျပ် (၁၉ဝဝဝိ/-)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅ဝဝိ/-)၊ ငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ် (၁၅၀ဝဝိ/-)၊ ငရုတ်ခြောက် အပု တစ်ပိဿာလျှင် ကျပ် (၂၀ဝဝဝိ/-)၊ ကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် ကျပ် (၂၈ဝဝိ/-)၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၁၆ဝဝဝိ/-) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၂ဝဝဝဝိ/-)၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ ဆားတစ်ပိဿာလျှင် ကျပ် (၁၀၀ဝိ/-)၊ မြေပဲဆန်တစ်ဘူးလျှင် ကျပ် (၁၂ဝဝိ/-)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၂ဝဝိ/-)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ သကြားတစ်ပိဿာလျှင် ကျပ် (၅၂ဝဝိ/-)၊ (မွေးမြူရေး) ကြက်တစ်ပိဿာလျှင် ကျပ် (၁၈ဝဝဝိ/-)၊ (ဒေသကြက်) တစ်ပိဿာလျှင် ကျပ် (၃၀ဝဝဝိ/-)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၂၅ဝဝဝိ/-)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၂၅ဝဝဝိ/-)၊  ဆိတ်သား တစ်ပိဿာလျှင်ကျပ် (၃၀ဝဝဝိ/-)၊ ငါးကြင်း (ဖြူ) တစ်ပိဿာလျှင် ကျပ် (၁၂ဝဝဝိ/-)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၀ဝဝိ/-)၊ ကျောက်စိမ်းငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၃ဝဝဝိ/-)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အထုပ်အကြီး အသေး ပေါ်မူတည်၍ ကျပ် (၁ဝဝဝိ/- ၊ ၂ဝဝဝိ/- ၃ဝဝဝိ/-)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၃၅ဝိ/-)၊ ဘဲဥ တစ်လုံးလျှင်ကျပ် (၅၅ဝိ/-)  အသီးသီးဈေးရှိပြီး အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရပါသည်။

          ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အားလူးဈေးတို့မှာ ဈေးနှုန်းအတက်၊ အကျအနည်းငယ်ရှိပြီး စားအုန်းဆီ ဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိကြောင်း ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးရှိ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Anchorပြည်မြို့ရှိ ဈေးကွက်များတွင် ဆီထွက်သီးနှံများ၏ ကာလတူဈေးနှုန်းနှိုင်းယှဉ်ချက်

     ပြည်ခရိုင်၊ အတွင်းတွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထားရှိပါသည်။ ထိုဆီထွက်သီးနှံများမှာ နှစ်စဉ်ထွက်ရှိမှု့များလည်းရှိပြီး အထွက်နှုန်းလည်း မလျော့ဘဲ ထွက်ရှိပါသည်။ ယခုအချိန်ဖြစ်သော မတ်လနောက်ဆုံးပတ်တွင် နွေနှမ်းများစိုက်ပျိုးထားချိန်ဖြစ်ပြီး ဧကအနည်းငယ်သာစိုက်ပျိုးထားကြောင်း သိရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက် ဧကမှာ ၆၆၉၄၀ ဧကတွင် ၆၄၁၃၃ဧက ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၁၇.၁၀)တင်းထွက်ရှိပြီး အထွက်စုစုပေါင်းမှာ ၁၀၉၆၈၃၀တင်းထွက်ရှိပြီး ဆောင်းနှမ်းမှာ စိုက်ဧက ၁၁၂၆၄ တွင် ၇၃၇၇ဧက ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့်(၁၆.၁၀)တင်းထွက်ရှိပြီး စုစုပေါင်းအထွက်တင်းမှာ ၁၁၈၈၀၃ တင်းထွက်ရှိသည်ဟု သိရှိရပါသည်။ မြေပဲစိုက်ဧကအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် မိုးမြေပဲ စိုက်ဧကမှာ ၄၁၃၁၉ဧကတွင် ၃၉၀၇၇ဧကရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၇၀.၉၅) တင်း၊ စုစုပေါင်းအထွက်တင်းမှာ ၂၇၇၂၅၅၅၆တင်းထွက်ရှိ၍ ဆောင်းမြေပဲမှာ စိုက်ဧက ၄၁၀၅၈ ဧကတွင် ၂၆၈၀၉ဧက ရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းမှာ (၈၁.၄၄)တင်းထွက်ရှိ၍ စုစုပေါင်း အထွက်တင်းမှာ ၂၁၈၃၂၃၉တင်းထွက်ရှိသည်ဟု ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စားရင်းများ အရသိရှိရပါသည်။

          ပြည်ခရိုင်အတွင်း ပြည်မြို့၏ ပွဲရုံများနှင့် ဈေးကွက်များတွင် မတ်လနောက်ဆုံးပတ်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများမှာ မြေပဲဆီဆန်(ဖြူ)တစ်ပိဿာလျှင် ၇၇၀၀ကျပ်၊ မြေပဲဆီဆန်(အနီ) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ နှင့် မြေပဲလုံးဆန် (အဖြူ) တစ်ပိဿာလျှင် ၈၄၀၀ကျပ်၊ မြေပဲလုံးဆန်(အနီ) တစ်ပိဿာလျှင် ၈၃၀၀ကျပ် ဖြင့် ဆီစက်လုပ်ငန်း ရှင်များနှင့် ပွဲရုံများ၊ လုပ်ငန်းရှင်များမှ တစ်နေ့လျှင် အိတ် ၇၀၀/၈၀၀ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ထိုအတူ နှမ်းဈေးနှုန်းများအနေဖြင့် ယခု မတ်လနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း တစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် အဝင်ပါးပြီး အရောင်းအဝယ်အေးလျှက်ရှိပါသည်။ ယခင် ဖေဖော်ဝါရီလကုန်တွင် မြေပဲဆီဆန်(ဖြူ)တစ်ပိဿာလျှင် ၇၇၀၀ကျပ်၊ မြေပဲဆီဆန်(အနီ) တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ မြေပဲလုံးဆန်(အနီ) တစ်ပိဿာလျှင် ၈၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဈေးမှာလည်း နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၃၀၀၀ကျပ်၊ စမုံနက်နှမ်း တစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင်  ယခုလမှာ မြေပဲဆန်လုံးဆန်ဈေးမှာ အနည်းငယ်သာကျဆင်းလာတာတွေ့ရပါသည်။

          ပြည်ခရိုင်တွင်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးများကို နှစ်အလိုက်ကာလတူအချိန် ဈေးနှုန်းများကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင်-

စဉ်      အမျိုးအမည်   ရေတွက်ပုံ      ၂၀၂၃ခုနှစ်၊မတ်လ      ၂၀၂၄ခုနှစ်၊မတ်လ      ၂၀၂၅ခုနှစ်၊မတ်လ    

                                                    နောက်ဆုံးပတ်        နောက်ဆုံးပတ်        နောက်ဆုံးပတ်        

၁။      ဆီဆန်(ဖြူ)    ပိဿာ           ၇၀၀၀                     ၇၃၀၀                     ၇၇၀၀

၂။       ဆီဆန်(နီ)      ပိဿာ           ၆၂၀၀                     ၆၅၀၀                     ၇၅၀၀

၃။      လုံးဆန်(ဖြူ)   ပိဿာ           ၇၀၀၀                     ၇၅၀၀                     ၈၄၀၀ 

၄။      လုံးဆန်(နီ)     ပိဿာ           ၆၂၀၀                     ၇၈၀၀                     ၈၂၀၀           

၅။      နှမ်းနီ            တင်း             ၁၂၇၅၀၀                 ၁၁၂၅၀၀                 ၁၂၀၀၀၀

၆။      နှမ်းနက်         တင်း             ၁၃၉၅၀၀                 ၁၂၃၀၀၀                 ၁၇၀၀၀၀

၇။      စမုံနက်နှမ်း     တင်း             ၁၄၇၀၀၀                 ၁၁၅၅၀၀                 ၂၀၀၀၀၀

          ပြည်ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ကာလတူအချိန် နှစ်အလိုက်ဈေးနှုန်းများကို လေ့လာကြည်မည်ဆိုလျှင် နှစ်စဉ်ဈေးနှုန်းများမြင့်တက်လာခဲ့ပေမယ့် ၂၀၂၄ခုနှစ်၊ မတ်လနောက်ဆုံးပတ်တွင် နှမ်းမျိုးစုံဈေးမှာ ယခင်နှစ် ၂၀၂၃ခုနှစ်နှင့်ယှဉ်လျှင် နှမ်းဈေးအနည်းငယ် ကျဆင်းလာတာတွေ့ရပါသည်။

DOCA(ပဲခူး)

“ သန်လျင်မြို့နယ်ဈေးကွက်အတွင်းရှိဆန်ဈေးနှုန်းအခြေအနေ ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်ကြမ်း၊ ဆန်ချောများ ရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာဈေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေး အတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစားများဖြစ်သည့် ဧည့်မထတစ်ပြည်လျှင် (၃၇၀၀-၃၉၀၀)ကျပ်၊ ငစိန်တစ်ပြည်လျှင် (၃၀၀၀-၃၂၀၀) ကျပ်၊ ဧရာဝတီ ပေါ်ဆန်း တစ်ပြည်လျှင် (၅၀၀၀-၅၂၀၀)ကျပ်၊ တောင်ပျံ တစ်ပြည်လျှင် (၅၅၀၀-၅၈၀၀)ကျပ်ဖြင့် ရောင်းချနေကြ ကြောင်း သိရှိရပြီး ၎င်းဆန်များသည် ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ပွဲရုံများမှ ဝယ်ယူ၍ ရောင်းချ နေကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများဖြင့်သာ ရောင်းချနေ ကြောင်း ဆန်ဆိုင်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ရုံးမှဝန်ထမ်းများသည် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ဆန်များကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပါသည်။ ယခုနှစ် စိုက်ပျိုးရာသီတွင် အထွက်နှုန်း ကောင်းမွန်သောကြောင့် ဆန်၊ စပါးဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

၂.၄.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁.၄.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၆၇၂၅၄၅) ကား (၈၂) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၂၆၂၀၀) ကား(၂၇) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၃၀၀၀)  ကား (၃၄)စီး ဝင်ရောက်ကြောင်း  သိရှိရပါသည်။

     ၂.၄.၂၀၂၅ ရက်နေ့တွင် ကုန်ဝင်ရောက်မှုမှာ (၁.၄.၂၀၂၅) ရက်နေ့ထက် ကုန်အဝင်မှာ လျော့နည်းနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးအတွင်းသို့ ၁.၄.၂၀၂၅ ရက်နေ့တွင် သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်း ဝင်ရောက်မှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေးတိုင်းတို့မှ ၁.၄.၂၀၂၅ ရက်နေ့တွင် တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၆၇၃၅၀၀) ကား (၈၃) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၉၆၅၅၀) ကား(၂၈) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၃၃၀၀)  ကား (၃၅)စီး ဝင်ရောက်နေပါကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

           

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီနှင့် အာလူးဈေးနှုန်းများ

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂.၄.၂၀၂၅ ရက်နေ့ ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ဈေးနှုန်းမှာ ကြူကုတ်(ရှယ်) တစ်ပိဿာ ကျပ် ၁၃၅၀၀/၁၃၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၆၀၀၀၊  အောင်ပန်းထူး-၃ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၅ ကျပ် ၈၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းမှာ ဆိပ်ဖြူ(သစ်)ရှယ် ကျပ် ၂၀၀၀၊ ဆိပ်ဖြူ(သစ်) လတ်ကြီး ကျပ် ၂၀၀၀၊ ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၈၅၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၁၃၅၀၊ မြစ်သား(သစ်) ရှယ် ကျပ် ၂၅၀၀/၂၄၀၀၊ မြစ်သား(သစ်) လတ်ကြီး ကျပ် ၂၇၀၀/၂၅၀၀၊ မြစ်သား(သစ်) လတ်သန့် ကျပ် ၂၃၅၀/၂၂၀၀၊ မြစ်သား(သစ်) လတ်ချော ကျပ် ၁၆၀၀/၁၅၀၀၊  တောင်တွင်း(သစ်) ရှယ် ကျပ် ၁၉၀၀၊ တောင်တွင်း(သစ်) လတ်ကြီး ကျပ် ၁၉၀၀၊ တောင်တွင်း(သစ်) လတ်သန့် ကျပ် ၁၈၀၀၊ တောင်တွင်း(သစ်) လတ်ချော ကျပ် ၁၃၀၀၊ မိတ္ထီလာ(သစ်) လက်သန့် ကျပ် ၁၇၅၀၊ မိတ္ထီလာ(သစ်) လက်ချော ကျပ် ၁၂၅၀၊ တရုတ်အာလူး အမြင့်ဆုံးဈေး ကျပ် ၄၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၃၅၀၀ တို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

    မြစ်သား(သစ်) နှင့် တောင်တွင်း(သစ်) ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာဈေးနှုန်းများမှာ (၁၀၀/၂၀၀) ကျပ် အနည်းငယ်မြှင့်တက်လျက်ရှိပါသည်။

DOCA(ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ ကောက်ယူမှုစာရင်း

   ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများ ဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ  ၂.၄.၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီးတစ်ပိဿာဈေးနှုန်း ပန်းရဲ / မြှားနီ (အသစ်) အမြင့်ဆုံးဈေး ကျပ် ၈၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊ ပန်းရဲ/မြှားနီ/(AC) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ အနိမ့်ဆုံးဈေး ၇၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊  ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေးကျပ် ၁၄၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀၊ မြစ်ဝ(ပု/သစ်)  အမြင့်ဆုံးဈေး ကျပ် ၁၂၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀  တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

     တစ်ပတ်အတွင်း ငရုတ်သီးဈေးနှုန်းများမှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ ကောက်ယူမှုအခြေအနေ

    ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၄၈၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၇၀၀၀ မှ ၆၉၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၄၀ နှင့် ဈေးနှုန်းမှာ ၆၆၀၀၀ မှ ၆၇၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၅၄ နှင့် ဈေးနှုန်းမှာ ၆၅၀၀၀ မှ ၆၆၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၂ နှင့် ဈေးနှုန်းများမှာ ၆၃၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၅၄၂ နှင့် ဈေးနှုန်းများမှာ ၄၈၅၀၀ မှ ၅၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၅၆၃ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၂၀၂၂ ၊လတ်စအိတ်ရေ ၁၄၈၉၊ ၂၅မတ်ဆန်အိတ် ၈၄၁ ဆန်ကွဲအိတ်ရေ ၃၇၂၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၇၇ အိတ်၊ ဆန်ကြမ်းထိပ်စ ၁၉၈၀ အိတ်၊ လတ်စ ၁၅၂၀ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၆၂၀ နှင့် ဆန်ကွဲအိတ်ရေ ၃၆၉၄ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ၁.၄.၂၀၂၅ ရက်နေ့တွင် ပဲခူးအရှေ့မှ ဝင်ရောက်လျက်ရှိသော ဆန်အဝင်များအနက် ရှယ်စအိတ် ဝင်ရောက်မှုမှာ အနည်းငယ်လျော့နည်းပြီး ကျန်အမျိုးအစားများမှာ ၃၁.၃.၂၀၂၅ ရက်နေ့ထက် အနည်းငယ်ပိုမိုဝင်ရောက်ကြောင်း သိရှိခဲ့ရပြီး ပဲခူးအနောက်မှ ဝင်ရောက်လာသော ဆန်အမျိုးအစားများမှာလည်း အနည်းငယ်လျော့နည်း၍ ဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်းမှ ဝင်ရောက်သော ဆန်အမျိုးအစားများမှ ယခင်နေ့ထက်လျော့နည်း၍ ဝင်ရောက်ကြောင်းသိရှိရပြီး ဈေးနှုန်းများမှာလည်း တည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း