ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဩဂုတ်လ ပထမပတ်၌ ရောင်းချ‌နေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိနန္ဒဝန်ဈေးသစ်တို့တွင် မုံရွာမြို့နှင့် အနီးတစ်ဝိုက်ရှိ စားဖို‌ဆောင် သီးနှံစိုက်ပျိုးတောင်သူများမှ လာရောက်၍ ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများအနေဖြင့် ကန်စွန်းရွက် ( ၁ )စည်းလျှင် ( ၂၀၀)ကျပ်၊ ပဲတောင့်ရှည်သီး ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊  ဖရဲသီးနု ( ၁၀)ကျပ်သားလျှင် ( ၅၀၀)ကျပ်၊ ခရမ်းသီး ( ၂၅)ကျပ်သားလျှင် ( ၇၀၀)ကျပ်၊ ခဝဲသီး ( ၂၅) ကျပ် သားလျှင် ( ၈၀၀)ကျပ်၊ ကင်းမွန်းရွက် ( ၃)စည်းပါ တစ်ထုပ်လျှင် ( ၅၀၀)ကျပ်၊ ဟင်းနုနွယ် ( ၁၀) ကျပ်သားလျှင် ( ၆၀၀) ကျပ်၊ ချဉ်ပေါင်ခါး ( ၂) စည်း လျှင် ( ၅၀၀)ကျပ်၊ ချဉ်ပေါင် ( ၁ )စည်းလျှင် ( ၂၀၀)ကျပ်၊ အိုးမုန့်ညှင်း ( ၁ )စည်းလျှင် ( ၃၀၀)ကျပ်၊ ( ၂ )စည်းလျှင် ( ၅၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ( ၁) ဘူးလျှင် ( ၇၀၀)၊ ဗမာ သံပရာသီး တစ်လုံးလျှင် ( ၁၅၀) ကျပ်၊ သံပယိုသီး ( ၁ )လုံးလျှင် ( ၂၀၀)ကျပ်၊ ရှောက်သီး တစ်လုံးလျှင် ( ၁၀၀၀)ကျပ်၊ ခါကြက်ဥ ( ၁၀)ကျပ်သားလျှင် ( ၉၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချလျက် ရှိရာ ဈေးအနည်ငယ် မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်အတွင်း ကောက်ရိုးမှိုနှင့်ငွေနှင်းမှို ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၂၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၅၀၀ )ကျပ်ဖြင့်ရောင်းချနေကြောင်း၊ ကောက်ရိုးမှို(၁၀)ကျပ် သားလျှင် (၈၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသာ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ကွမ်းသီးနှင့်ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ ) ပိဿာလျှင်( ၃၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၈၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၃၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၁၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကွမ်းသီး ဈေးငြိမ်နေ၍ ကွမ်းရွက်ဈေးများ ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်၌ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး ()ငုတ်လျှင် (၁၀၀၀)ကျပ်၊ ကံကော်ပန်း ( ၅ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် (၂၀၀၀)ကျပ်၊ ပန်းတိမ်ငို (ခေါ် ) ပန်းတိမ်မနိုင် ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊  ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ တစ်နိုင်တစ်ပိုင် ငရုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးသိန်းနိုင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

    လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးများဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား(၁)ပိဿာလျှင် (၄၀၀၀မှ ၄၅၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၂၂၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက် သင့်သည့် အကျိုးအမြတ်များရရှိကာ မိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ငါးကြင်းဈေးနှုန်းမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၃၂၀၀၀ကျပ်၊ အကောင်(၁)ပိဿာလျှင် ၂၄၀၀၀ကျပ် ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ် ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် ၁၈၀၀၀ကျပ်နှင့် ငါးတန်အကောင်(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေး ဒိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချသည့် သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် (၁)ပြည်လျှင်(၁၅၀၀)ကျပ်၊ (၂)ပြည်လျှင် (၂၇၀၀)ကျပ်၊ ဩဂုတ်လ ပထမပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးခြောက်များကို မြို့ပေါ်ရပ်ကွက် နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ သရက်သီးလှိုင်လှိုင်ပေါ်ချိန် တွင် အသီးစိမ်းများကိုအခြောက်လှမ်း၍ လာရောက်ရောင်းချသည့်အတွက် တဖက်တလမ်းမှ မိသားစုဝင်ငွေ ရရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ သခွတ်ပွင့်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန် များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

     “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသည့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၃၀၀)ကျပ်၊ (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့် ခြောက်(၁)ပုံလျှင် (၁၂၀၀)ကျပ်နှင့် (၂)ပုံလျှင် (၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ သခွတ်ပွင့်ခြောက်များ ဈေးကွက်ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရပါသည်။  

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်တွင် အရောင်းသွက်နေသည့် သပြေပန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသများတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။

     သပြေပန်းသည် အပွင့်မျိုးမဟုတ်၊ ရိုးတံအသစ်များမှ အရွက်နုကလေးများသည် ပန်းရောင်၊ အနီရောင်အဆင်းရှိသောကြောင့် လူကြိုက်များကြောင်း၊ သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူပန်းဈေးကွက်တွင် သပြေပန်းခက်(၁)စီးလျှင် (၅၀၀မှ ၈၀၀)ကျပ်၊ သပြေငုတ်ကြီး(၁)ငုတ်လျှင် (၄၀၀၀)ကျပ် နှင့် အသေး(၁)ငုတ်လျှင် (၁၅၀၀မှ ၂၅၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ သပြေပန်းအငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ နာနတ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ မြစ်ကြီးနားဒေသ ထွက်နာနတ်သီးများနှင့် မန္တလေးသစ်သီးဈေးကွက်မှ နာနတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း ယခုပတ်အတွင်း နာနတ်သီးဝင်ရောက်မှု များသောကြောင့် ဈေးအနည်းငယ်ကျသွားကြောင်း သစ်သီး ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

    ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း မန္တလေးနာနတ် သီး(၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ ဩဂုတ်လ ပထမပတ်အတွင်း မြစ်ကြီးနားသီး(၁)လုံးလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးသည် ရာသီပေါ်အသီးတစ်မျိုး ဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများပြား၍ နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း