ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ‌ရောင်းချနေသော ပဲတီပင်ပေါက်နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

       ကျွန်းလှမြို့ ရာသီအရွေးရောင်းချရန် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာဖြစ်သည်။ ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ဗီတာမင်စီပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း အမျှင်ဓါတ်နှင့် ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ကို တည်ငြိမ်စေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးဥ ကယ်လိုရီနည်းပြီး အမျှင်ဓါတ်များသောကြောင့် ကိုယ်အလေးချိန်ကိုပါ ထိန်းညှိပေးသည့်အတွက် စားသုံးသင့်ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ‌စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက်ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၁၀) ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် လက္ကားတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ပဲတီပင်ပေါက်ချဉ် လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲတီပင်ပေါက်ကို မုန့်ပြားသလက်နှင့် မုန့်ရေပါးများတွင် အသုံးပြုကြတာများပြီး ပဲတီပင်ပေါက်ချဉ်ကိုတော့ မုန့်တီ၊ ရေစိမ်၊ ခေါက်ဆွဲဆိုင်နှင့် စားသောက်ဆိုင်များမှ အများဆုံးအသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲစိမ်းကြော်နှင့် မြေပဲပွကြော် ဈေးနှုန်း

         ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များနှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော်ထုတ်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းအနေဖြင့် ပဲစိမ်းကြော် တစ်ထုတ်လျှင် (၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ် နှင့် မြေပဲပွကြော် နိုဆီတစ်ဘူး လျှင်(၇၀၀)ကျပ်၊ တစ်ပြည်လျှင်(၅၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့ နှင့် ပြင်ဦးလွင်မြို့(၂၁)မိုင်တို့နှင့် မြေပဲပွကြော်ကိုတော့ မုံရွာမြို့တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးစိမ်းနှင့် ဇီးဖြူသီးအစိမ်းထောင်း ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ ဇီးဖြူသီးပင်၊ သီးသီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များကို လည်းစိုက်ပျိုးကြသည့်အနက် ဇီးဖြူသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဇီးဖြူသီးဈေးနှုန်းအနေဖြင့် ဇီးဖြူသီးတစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၀၀၀)ကျပ်နှင့် နို့ဆီဘူး တစ်လုံးလျှင်(၅၀၀)ကျပ်နှင့် ဇီးဖြူသီးအစိမ်းထောင်း လဖက်ရည်သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဇီးဖြူသီးကို အချဉ်ပေါင်းသည်နှင့် အိမ်ရှင်မများမှ အရန်ဟင်း တစ်ခွက်အဖြစ် အသုံးပြုစားသောက်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော အဆာပြေသရေစာ  ဆန်လှော်မရွှေးနှင့် ဆန်ခွေကြော် ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့်ပြုလုပ်ပြီး ထန်းလျက်‌‌ရေ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ဆန်ခွေကြော်ကိုတော့ ကောက်ညှင်းဆန်အဖြူဖြင့် ပြုလုပ်ရကြောင်း ဆန်လှော်မရွေးကို ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလ စတုတ္ထပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ဆန်ခွေကြော် (၁၀)ခုပါ တစ်ထုတ်လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်းနှင့် ငါးပြေမဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

        ၂၀၂၅ ခုနှစ်၊  နိုဝင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် ငါးပြေမဈေးနှုန်းအနေဖြင့် ငါးပြေမ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးပြေမကို စောင်းလျှားသီးဖြင့်ချက်စားလျှင် ကျောက်ကပ်ရောဂါ၊ ဆီကျောက်တည်ရောဂါတို့ကို ပျောက်ကင်းစေသည့်အတွက် ငါးပြေမသည် ရှားပါးပြီး ရောင်းအားကောင်းသောငါးဖြစ်ကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှို ဈေးနှုန်း

        ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့် လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်းအနေဖြင့် ကောက်ရိုးမှိုတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သား(၃၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင်များနှင့် ရွှေစက်ကျင်းများမှ ဝယ်ယူသည့်အတွက် ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံယို၊ စလေဘီနှင့် ချစ်တီးမုန့်ဈေးနှုန်း

       ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုနှင့် ချစ်တီးမုန့်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိပြီး စလေဘီကိုတော့ ဒေသထွက်ပြုလုပ်ရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်  စလေဘီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား(၄၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ချစ်တီးမုန့်ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၉၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  ကန်ဇွန်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ချဉ်ပေါင်ရွက်နှင့် ဆလတ်ရွက် ဈေးနှုန်းများ

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်၊ ဆလတ်ရွက်များကို စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက်၊ ဆလတ်ရွက်၊ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုးလျှင်(၂)စီး၊ ဆလပ်ရွက် ဈေးနှုန်းမှာ ဆလပ်ရွက်တစ်ပင်လျှင် (၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်()ပင်၊ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ငွေကျပ် (၅၀၀)ဖိုး လျှင်(၃)စီးလျှင်နှင့် (၁၀)စီးတစ်ထုံးလျှင်(၁၇၀၀)ကျပ်၊ ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၈၀၀) ကျပ်နှင့် (၂၅)သားလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ဇွန်းရွက်၊ ဆလတ်ရွက်၊ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက် တို့ကို  ထမင်းဆိုင်များ၊ စားဖွယ်စုံဆိုင်များနှင့် အထောင်းဆိုင်များမှ အများဆုံးအသုံးပြုသည့်အတွက် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း‌ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီးနှင့် ဩဇာသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရာသီစာအသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့်ဩဇာသီးသည် အသီးတင်သာမက အရွက်ရောအခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ မာလကာသီးနှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀ ) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။

          နိုဝင်ဘာလ စတုတ္ထပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီးအစိမ်းတစ်လုံးလျှင် (၆၀၀/၁၃၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၀၀၀/၄၅၀၀) ကျပ်၊  ဂွေးချိုသီး (၁၄)လုံးပါ တစ်ထုပ်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း