ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၄.၂၀၂၃ )

      ၁.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၁.၃.၂၀၂၃ )

     ၃၁.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြင့်တက်လာသော စားအုန်းဆီဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ မတ်လ၊ နောက်ဆုံးပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီလက်ကားတစ်ပိဿာလျှင် (၈၆၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် မတ်လ၊ ပထမပတ်တွင်စားအုန်းဆီဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၅၉၀၀)ကျပ်ဖြစ်ပြီး ပထမပတ်နှင့် နောက်ဆုံးပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီလက်လီလက်ကားတစ်ပိဿာလျှင် (၂၆၀၀)ကျပ်မြင့်တက်လာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

 

 

ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်နေဆဲ ဆောင်းမြေပဲလုံးဆံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းကာ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုခရိုင်အတွင်းစိုက်ပျိုးထားသော ဆောင်းမြေပဲများရိတ်သိမ်းပြီး၍ ဖေဖော်ဝါရီလ စတုတ္ထပတ်မှ စတင်ပြီး ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ စတင်ဝင်ရောက်လာကြောင်း၊ မတ်လ၊ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံတစ်တင်းလျှင် (၉၉၂၀ဝိ/-)ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၅၂၅)တင်း/ (၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံတစ်တင်းလျှင် (၆၀၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ မြေပဲလုံးဆံတစ်တင်းလျှင်(၉၉၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင် နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၈၄၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာတူညီနေပြီး ဈေးငြိမ်နေသော်လည်း  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံဈေးဆက်လက်မြင့်ပြီး အရောင်းအဝယ်ဖြစ်နေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

  ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ၊ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင်(၇၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅)တင်း/ (၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံတစ်တင်းလျှင် (၄၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခင်အပတ်၌ ပဲစဉ်းငုံတစ်တင်းလျှင် (၇၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် (၃၀၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ပြီး   ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျှင် (၄၀၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးငြိမ်နေ၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

      ၂၀၂၃ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၅၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၃၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၀၅၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၅၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၃၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင် (၁၂၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင် (၂၈၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင် (၂၉၅၀ဝိ/-)ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဈေးငြိမ်နေသော်လည်း ယခင်အပတ်ထက်ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓါတ်မြေဩဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အညာဒေသတွင် အုန်းစိမ်း‌ရည် အရောင်းအဝယ်သွက်လျက်ရှိ

        အညာဒေသ မုံရွာမြို့နယ်တွင် အုန်းစိမ်းများကို ရန်ကုန်မြို့၊ ကနီမြို့နယ်ရှိ တွင်းမဒေသတို့မှ ဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၅၀၀) လုံးပါ ကား (၂) စီးဝင်ရောက်ကြောင်း၊ အုန်းစိမ်းတစ်လုံးလျှင် (၁၀၀၀) ကျပ် မှ (၁၈၀၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၁၀၀) လုံး မှ (၁၅၀) လုံးထိ အုန်းစိမ်းရေများ ရောင်းချရကြောင်း၊ နွေဦးရာသီရောက် ရှိလာပြီဖြစ်သဖြင့် အုန်းစိမ်းရေများ အရောင်းအဝယ်သွက်ကြောင်း အုန်းစိမ်းရေရောင်းချသူများထံမှ သိရှိရပါသည်။

   အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးကြောင်း၊ အရွယ်တင်နုပျိုစေသည့်အပြင် ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါများကိုလည်း တိုက်ဖျက်နိုင်သည့်အစွမ်းလည်းရှိကြောင်း၊ အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသည့် သဘာဝအချိုရည်တစ် မျိုးဖြစ်ကြောင်း၊ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။     

   မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ယခင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀) ဈေးရရှိပြီး ယခုမတ်လတွင် အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၇၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။

DOCA(စစ်ကိုင်း)

ယခင်အပတ်အောက် ဈေးအနည်းငယ်ကျပြီး အဝင်နည်းသော ကုလားပဲ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ၊ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

      ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး မတ်လ၊ စတုတ္ထပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ယခင်အပတ်တွင် ကုလားပဲ(V2)နှင့် ကုလားပဲ(929)တို့ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအပတ်တွင် ကုလားပဲ(V2)တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ (V2)တစ်တင်းလျှင်(၆၈၀၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅)တင်း/(၇)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းအား နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျှင်(၆၉၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ် ဈေးလျော့၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ကလေးမြို့ပေါ်တွင် ၂၀၂၃ခုနှစ် မတ်လ၊ စတုတ္ထအပတ်အတွင်း  ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ဧည့်မထစပါးအသစ် ( ၁ ) တင်း လျှင် ( ၁၄၀၀၀ ) ကျပ်၊ ငစိန်စပါးအသစ် ( ၁ ) တင်းလျှင် ( ၁၃၀၀၀ ) ကျပ်၊ ဧရာမင်းစပါးအသစ် ( ၁ ) တင်းလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဧည့်မထဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၀၀၀၀ ) ကျပ်၊ ငစိန်ဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၅၀၀၀ ) ကျပ်၊ ဧရာမင်းဆန်အသစ် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၆၀၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျှင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၆၀၀ ) ကျပ်၊ ကြက်သွန်နီ ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) တစ်ပိဿာလျှင် ( ၁၈၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင် ( ၇၀၀ ) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၂၂၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၃၂၀၀၀ ) ကျပ်၊ အာလူး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( အစေ့လွတ် ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၈၀၀၀ ) ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း