ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံနှင့်ပဲမျိုးစုံတို့၏ စျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

  ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံအနေဖြင့် နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းနီ(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၉၁၆၇၀)တို့ဖြင့် စျေးနှုန်းမြင့်တက်လာပြီး နှမ်းနက်စမုံ (၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊  နှမ်းညိုကြား(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)တို့ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

    ပဲမျိုးစုံအနေဖြင့်လည်း ပဲတီစိမ်း(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၅၈၀၀၀)၊ ပဲနောက်(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၄၇၀၀၀)၊ ပဲလွန်းဝါ(ကျွန်း)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၃၀၀၀)၊ ကုလားပဲကြီး(929)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၉၀၀၀)၊ ကုလားပဲ(ဟော်လန်)(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၈၈၀၀)၊ ကုလားပဲလုံးသေး(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၁၅၀၀)၊ ပဲကြီးဖြူ(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲကြီးမဲ(၁၉) ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၄၀၀၀)၊ ထောပတ်ပဲ(၁၉)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၈၃၀၀၀)၊ မတ်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၆၂၅၀၀)၊ ပဲစင်းငုံနီ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၇၁၀၀၀)၊ စားတော်ပဲ(၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)တို့ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

          မတ်လ (စတုတ္ထအပတ်) တွင် နှမ်းဖြူ(၈၀၀)အိတ်၊ နှမ်းနီ(၃၀၀)အိတ်၊ နှမ်းနက်စမုံ(၈၀၀)အိတ်၊ နှမ်းညိုကြား(၁၀၀)အိတ်၊ ပဲနောက်(၂၀၀)အိတ်၊ ပဲလွန်းဝါ(ကျွန်း)(၂၀၀)အိတ်၊ ကုလားပဲ(၁၀၀၀၀)အိတ်၊ ပဲကြီးဖြူ(၂၀၀၀)အိတ်၊ ပဲကြီးမဲ(၄၀၀)အိတ်၊ စားတော်ပဲ(၂၀၀၀)အိတ်၊ မတ်ပဲ(၁၆၀၀)အိတ်၊ ထောပတ်ပဲ (၆၀၀၀)အိတ်နှင့် ပဲစင်းငုံနီ(၂၀၀၀)အိတ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံစျေးနှုန်းအခြေအနေ

     မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချနေသော သစ်သီးဝလံများမှာ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေး၊ တောင်ကြီး၊ သီပေါဒေသတို့မှ အသီးသီးဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

      ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ထောပတ်သီး(၁)လုံးလျှင် ကျပ် (၁၀၀၀မှ ၁၅၀၀)အတွင်း၊ ပန်းသီး(၁)လုံးလျှင် ကျပ်(၅၀၀မှ ၁၀၀၀)အတွင်း၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ် (၆၀၀၀မှ ၈၀၀၀)အတွင်း၊ ရွက်ပျားလိမ္မော် (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)အတွင်း၊ စပျစ်သီး(ဗမာ)(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)အတွင်း၊ စပျစ်သီး (ထိုင်ဝမ်) (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)အတွင်း၊ စပျစ်သီး (အချွန်)(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)အတွင်း၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)အတွင်း၊ မာလကာသီး(၁)လုံးလျှင် ကျပ်(၃၀၀မှ ၅၀၀)အတွင်း၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၂၀၀၀မှ ၂၅၀၀)အတွင်း၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ် (၄၀၀၀မှ ၅၀၀၀)အတွင်း၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ်(၃၀၀၀မှ ၄၀၀၀)အတွင်း၊ သ​င်္ဘောသီး(၁)လုံးလျှင် ကျပ်(၅၀၀မှ ၁၀၀၀)အတွင်း၊ ဖရဲသီး(၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၃၀၀၀)အတွင်း (ကြီး/လတ်/သေး)အပေါ်မူတည်၍ စျေးနှုန်းကွာခြားကာ ရောင်းချလျက်ရှိကြောင်း စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဈေးများ၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံး ကုန်ဈေးနှုန်းအခြေအနေ

       မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်းသီး၊ ချင်းတက်၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူများမှာ မန္တ‌လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှဝင်ရောက်လျက်ရှိပြီး သံပရာသီး၊ သံပယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။

      မတ်လ(စတုတ္ထ)ပတ်အတွင်း မကွေးမြို့ပေါ်ရှိ စျေးများ၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၀၀မှ ၁၅၀၀)အတွင်း၊ ဂေါ်ဖီထုတ် (၁)ထုတ်လျှင် ကျပ် (၁၀၀၀)၊ ခရမ်းချဉ်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)အတွင်း၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ သံပယိုသီး (၁)လုံးလျှင် ကျပ်(၁၅၀)၊ ရှောက်သီး(၁)လုံးလျှင် ကျပ်(၃၀၀)၊ ကြက်သွန်နီ(အသစ်) (၁)ပိဿာလျှင် ကျပ် (၁၂၀၀ မှ ၁၅၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(၁)ပိဿာလျှင် ကျပ် (၄၅၀၀မှ ၅၀၀၀) အတွင်း၊ ငရုတ်သီးခြောက်အရှည်(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီးခြောက်အပု(၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၈၀၀မှ ၃၂၀၀)အတွင်း၊ မန်ကျည်းသီးမှည့်(၁)ပိဿာ လျှင် ကျပ်(၄၅၀၀)၊ (CP)ကြက်သား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဗမာကြက်သား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀မှ ၂၄၀၀၀)အတွင်း၊ ငါးမြစ်ချင်း(အလတ်)(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၂၀မှ ၂၅၀)အတွင်းနှင့် ဘဲဥ(၁)လုံးလျှင် ကျပ်(၂၈၀မှ ၃၂၀) အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

                                               

လွိုင်ကော်မြို့ရှိ ဟင်းသီးဟင်းရွက်များဈေးနှုန်း

   စားဖိုဆောင်ဟင်းသီးဟင်းရွက်ဖြစ်သော ဂေါ်ရခါးသီး(ဆူကာသီး)နှင့် ဂေါ်ရခါးညွှန့်(ဆူကာညွှန့်)တို့သည် ဒေသတွင်း အနည်းငယ်သာထွက်ရှိသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်းတို့မှ မှာယူရောင်းချလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆူကာသီးဈေးနှုန်းမှာ (၁) လုံးလျှင် (၂၅၀) ကျပ် ( ၁၀၀၀ )ဖိုး (၄) လုံးနှင့် ဆူကာညွန့် (၁) စီးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

        လွိုင်ကော်မြို့၊ နောင်ယားဈေးအတွင်း ရောင်းချနေသောဟင်းသီးဟင်းရွက်များ၏ လက်လီဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ မုန်ညှင်းရွက်တစ်စည်းလျှင် (၂၀၀) ကျပ်၊ ဆလပ်ရွက်တစ်စည်းလျှင် (၁၀၀) ကျပ်၊ ကိုက်လန်တစ်စည်းလျှင် (၃၀၀) ကျပ်၊ ပန်း ဂေါ်ဖီတစ်ပွင့်(ကြီး)လျှင် (၁၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်(သေး)လျှင် (၅၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်(ကြီး)လျှင် (၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်(သေး)တစ်ထုပ်လျှင် (၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

                 

 

 

မတ်လ (စတုတ္ထပတ်) အတွင်းရှိ နာနတ်သီးဈေးနှုန်း

ကယားပြည်နယ်၊ သစ်သီးဝလံဈေးကွက်အတွင်း ဝင်ရောက်လာနေသော နာနတ်သီးကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင်လည်းကောင်း၊ နောင်ယားဈေးတွင်လည်ကောင်း၊ ပျံကျဈေးတို့ တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။

          နာနတ်သီးကို ရှမ်းပြည်နယ်၊ ဆိုက်ခေါင်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း၌ ဈေးကွက်တွင်ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ နာနတ်သီးအကြီးတစ်လုံးလျှင် (၈၀၀) ကျပ်၊ နာနတ်သီးအသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း နောင်ယားဈေ အတွင်းရှိ နာနတ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

 

လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၈၆၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း )တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် )တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၁၈၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၆၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၃၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်ဥအလုံးလတ်တစ်လုံးလျှင် ၂၃၀ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင် ၂၄၀ကျပ်၊ ဘဲဥအလုံးလတ်တစ်လုံးလျှင် ၂၈၀ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင် ၃၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လွိုင်ကော်မြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

ပြည်နယ်အတွင်း၌ ကုန်သွယ်မှုအခြေအနေ

     ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယပတ်)၌ ဆန်တင်သွင်းမှုမှာ (၁၆၂၀) အိတ်/ (၈၁) တန်၊ ဆီတင်သွင်းမှုမှာ (၇၀) ပုံး၊ ကြက်သွန်နီတင်သွင်းမှုမှာ (၄၀၀) အိတ်၊ ငရုတ်သီးတင်သွင်းမှုမှာ (၆၀) အိတ် အချိုရည်ကား(၂)စီးး၊ ကြက်ဥ (၃၆၆၀) ကဒ်၊ ကုန်မျိုးစုံ (၂၁) စီးတင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၁၂၀) အိတ် (၆) တန်၊ ပဲစင်းငုံတင်ပို့မှုမှာ (၈၃၆) အိတ်/(၄၁.၈) တန်၊ နှမ်းတင်ပို့မှုမှာ (၃၇၀) အိတ်/(၂၄.၆၆) တန်၊ ပြောင်းတင်ပို့မှုမှာ (၆၉၅) အိတ်/(၃၄.၀၄) တန်၊ ငှက်ပျောသီးကား(၆)စီး၊ မန်ကျည်းသီးကား(၆)စီးတင်ပို့နိုင်ခဲ့ကြောင်း၊ တတိယပတ်တွင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၇၁၅) အိတ်/(၃၀.၇၅) တန်၊ ကုန်မျိုးစုံ(၆)စီး၊ ကြက်ဥ (၉၁)ဖာ၊ ကုန်စည်များဝင်ရောက်မှုမှာ လျော့နည်းလာကြောင်း ပြည်နယ်မှ အခြားမြို့သို့တင်ပို့မှုမှာ ပြောင်း (၆၀၀) အိတ်/ (၂၉.၃၉) တန်၊ ငှက်ပျောကား (၁) စီးတင်ပို့နိုင်ကြောင်း ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာ ကုန်စည်များတင်သွင်း/တင်ပို့မှုမှာ လျော့နည်းလာကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။

DOCA(ကယား)

 

ဈေးကွက်အတွင်းရှိ စတော်ဘယ်ရီသီးဈေးနှုန်း

    ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော စတော်ဘယ်ရီသီးကို ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလျက်ရှိပြီး စတော်ဘယ်ရီသီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ တောင်ကြီးဘက်မှလည်းဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စတော်ဘယ်ရီသီးဈေးနှုန်းမှာ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္တပတ်) တွင် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၅၀၀) ကျပ်ထိရောင်းချလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ (စတုတ္တပတ်) တွင် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်အထိရောင်းချခဲ့ပြီး ယခုမတ်လ (စတုတ္တပတ်) နှင့် ယခင်ဖေဖော်ဝါရီလ (စတုတ္တပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ စတော်ဘယ်ရီသီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ထိကျဆင်းလာကြောင်း‌ နောင်ယားဈေးအတွင်းရှိ စတော်ဘယ်ရီသီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းအရောင်းသွက်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်း

     ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်ကို လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ် ၊ နောင်တရားဒေသတို့မှလည် းမှာယူရောင်းချလျက်ရှိပါသည်။

  ယခုလက်ရှိဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမှာ ပန်းဂေါ်ဖီပွင့်(ဖြူ)အကြီးတစ်ပွင့်လျှင် (၇၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင် (၅၀၀)ကျပ်၊အသေးတစ်ပွင့်လျှင် (၃၅၀)ကျပ်နှင့် ပန်းဂေါ်ဖီပွင့်(စိမ်း)အကြီးတစ်ပွင့်လျှင် (၆၀၀)ကျပ်၊ အလတ်တစ်ပွင့်လျှင် (၄၀၀)ကျပ်နှင့် အပွင့်သေးတစ်ပွင့်လျှင် (၂၅၀)ကျပ်ထိရောင်းချလျှက်ရှိရား ဈေးကွက်အတွင်း အရောင်းသွက်နေကြောင်း နောင်တယားမြို့မှလာရောက်ရောင်းချသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း