ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့ရှိ ဘိလပ်မြေ ဈေးနှုန်းဈေးကွက်အခြေအနေ

         ဇူလိုင်လ တတိယအပတ်တွင် ပုသိမ်မြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်းမှာ ထိုင်းဆင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ကြံနှစ်ကောင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီ အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

        ဇူလိုင်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေဈေးကွက်မှာ မိုးတွင်းကာလဖြစ်သောကြောင့် ဒေသတွင်းဝယ်ယူမှု နည်းသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိ၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်း

 မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခင်  ဇူလိုင်လ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၃)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၂)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခုဇူလိုင်လနောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၀၆၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၅)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၅၁)ကျပ်၊  95တစ်လီတာလျှင် (၅၂) ကျပ် ကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်()ကျပ်၊ ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃) ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို စိုက်ပျိုးပြီး ရောင်းချလျက်ရှိရာ ပိုလျှံသည့်အသီးများကို အခြောက်လှန်း၍  ပြန်လည်ရောင်း ချကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီးခြောက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီး ခြောက် တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ နို့ဆီတစ်ဘူး လျှင်(၁၀၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ခရမ်းချဉ်သီး၊ အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အားလူးသီးအလုံးကြီး() ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး()ပိဿာလျှင် (၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက် တစ်ပိဿာ လျှင်(၅၅၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းကြွပ်သီး၊ ကင်းမုံသီး နှင့် ပဲသီးတောင့်ရှည် ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ခရမ်းကြွပ်သီး၊ ကင်းမုံသီး နှင့် ပဲတောင့်ရှည်သီးများကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေးများတွင် ရောင်းချနေသော ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ပဲတောင့်ရှည်သီး(၁၀)စီး တစ်ထုံးလျှင်(၃၀၀၀)ကျပ်၊ ခရမ်း ကြွပ်သီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

  ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်း အနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၈၈၀၀)ကျပ်၊ နို့ဆီဘူး(၄) ဘူးလျှင်(၄၄၀၀)ကျပ်နှင့်  နို့ဆီ(၁)ဘူးလျှင် (၁၁၀၀)ကျပ်နှင့် ပဲတီဆံ တစ်ပြည်လျှင် (၈၈၀၀) ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ မှ ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

  ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ချစ်တီးမုန့် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၉၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှ မြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ဂျင်းနှင့် နနွင်းတက်ဈေးနှုန်းများ

 ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချနေသော ဂျင်းဈေးနှုန်းများအနေဖြင့် ယခင် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဂျင်း ၁ပိဿာလျှင် (၅၅၀၀)ကျပ် ဖြစ်ပေါ်ခဲ့ရာမှ ယခု ဩဂုတ်လ ပထမပတ်တွင် ( ၅၀၀၀)ကျပ်၊ နနွင်းတက် ဈေးနှုန်းများအနေဖြင့်  ၁ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ယခင်အပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ချက်အနေဖြင့် ဂျင်းဈေးနှုန်း ကျဆင်းလာပြီး နနွင်းတက်ဈေးနှုန်းမှာ တည်ငြိမ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ကြက်သွန်နီ/ဖြူဈေးနှုန်းများ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (အသစ်) ၁ပိဿာလျှင် (၂၀၀၀)ကျပ်၊ အရွယ်အစား အလိုက် ကြက်သွန်နီ( အဟောင်း) ၁ပိဿာလျှင် ( ၁၃၀၀)ကျပ်မှ ( ၁၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁ပိဿာလျှင် ( ၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခင်ဇူလိုင်လ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။

DOCA( စစ်ကိုင်း)

ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော အသား/ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်သား ( ၁ )ပိဿာလျှင် ( ၃၆၀၀၀)ကျပ်၊  CP ကြက်သားတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ဆိတ်သား အသားသန့်  ( ၁ ) ပိဿာလျှင် (  ၂၈၀၀၀  ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၀၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် (   ၃၁၀၀၀ )ကျပ်၊ ငါးမြစ်ချင်း ( ၁ )  ပိဿာလျှင်( ၂၂၀၀၀)၊  ငါးကြင်း ခုတ်သား ( ၂၅) ကျပ်သားလျှင် (     ၆၅၀၀)      ကျပ်၊ ဝက်သား ( ၁ )  ပိဿာ လျှင်( ၃၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၃၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လ နောက်ဆုံးပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အသား/ငါးအချို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ဗမာကြက်သားဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း