ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခရမ်းချဉ်သီးဈေးကွက်အခြေအနေ

     ခရမ်းချဉ်သီးကို မြန်မာနိုင်ငံတွင် ရာသီဥတုအမျိုးမျိုးနှင့်ကိုက်ညီသောဒေသများတွင် စိုက်ပျိုးကြသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော ညောင်ရွှေ၊ တောင်ကြီးမြို့နှင့်ရှမ်းပြည် နယ်မြောက် ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ အေးမြသောတောင်ပေါ်ဒေသများတွင် အောက်တိုဘာလမှ မတ်လအတွင်း စိုက်ပျိုးကြ၍ မြေပြန့်ဒေသများတွင် မိုးရာသီ(ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာလနှင့်ဒီဇင်ဘာလ)တို့တွင် အဓိကစိုက်ပျိုးသည်။

    မြင်းခြံမြို့နယ် ကုန်စိမ်းဈေးများတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာ ယခင် မေလပထမပတ်တွင်  တစ်ပိဿာလျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုမေလ တတိယတွင် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယခုတစ်ပတ် တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာ ဒေသထွက်ခရမ်းချဉ် သီးများ ထွက်ပေါ်ချိန် ရာသီကုန်ဆုံးချိန်ဖြစ်သောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း မြင်းခြံမြို့ နယ်အတွင်းကုန်စိမ်းပွဲရုံများတွင် ရောင်းချနေသော ခရမ်းချဉ်သီများမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မှ တင်သွင်းရောင်းချကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ခရမ်း ချဉ်သီးသည် လူကြိုက်များသော ဟင်းသီးဟင်းရွက် အသီးအနှံတစ်မျိုးဖြစ်ပြီး ဟင်းလျာများစွာတွင် အသုံးပြုကြပါသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်၏အစေ့ထုတ်ပြောင်း(ဆောင်း)စိုက်ပျိုးထွက်ရှိမှု

    မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်သည် ဆည်ရေသောက် အသင့်အတင့်ရှိပြီး မြို့နယ်အ တွင်းရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက် သွန်နီသီးနှံများကို စိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့ နယ်အတွင်း စေ့ထုတ်ပြောင်းသီးနှံကို (၉၄၀၀) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီး မြို့နယ်တွင် (၆၀၂) ဧက၊ ခရိုင်ချုပ်စုစုပေါင်း (၁၀၇၁၄) ဧကစိုက်ပျိုးထားရာတွင် စိုက်ဧက အားလုံးမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။

   အစေ့ထုတ်ပြောင်း(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး လေးလခန့်အကြာ ဖေဖော်ဝါရီလ၊ မတ်လနှင့်ဧပြီလ တို့တွင် ရိတ်သိမ်းရကြောင်း၊ အစေ့ထုတ်ပြောင်း (ဆောင်း)သီးနှံ ထယ်ရေး (၂-၃ ကြိမ်) ထိုးပြီး သဘာဝမြေဩဇာဖြစ်သော နွားချေးထည့်ပြီး တန်းကြား စနစ်ဖြင့်ချစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုး၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစု ပေါင်းငွေကျပ် (၁၀၈၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်း အနေဖြင့် (၈၀) တင်း နှုန်းခန့်ထွက်ရှိပြီး ယခုမေလ တတိယပတ်တွင်အစေ့ထုတ်ပြောင်း တစ်ပိဿာလျှင်(၁၅၅၀)ကျပ်ဖြစ်ကြောင်း တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ ရောင်းချကာ အကျိုးအမြတ် ရရှိကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

အညာဒေသ၏ထန်းသီးဆံဈေးကွက်

   ထန်းသီးဆံသည် ထန်းပွင့်(ထန်းခိုင်) မှထွက်ရှိသော အသီးဖြစ်ပြီး မြန်မာနိုင်ငံတွင် နွေဦး ရာသီဖြစ်သော ဖေဖော်ဝါရီလမှ မေလအတွင်းအဓိကထွက်ရှိကြောင်း၊ ထန်းသီးဆံသည် မြန်မာ့ရိုးရာ သဘာဝအစားအစာဖြစ်ပြီး လူအများနှစ်သက်စွာစာသုံးကြကြောင်း၊ ထန်းသီးဆံများကို  မြင်းခြံမြို့ နယ်နှင့်တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကထွက်ရှိကြောင်း၊ ထန်းတက်တောင်သူ များက  မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချကြောင်း သိရှိရသည်။  ထန်းသီးဆံ (၇-၈)ဆံလျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ နေ့စဉ် ထန်းသီးဆံရောင်းရငွေ (၅၀၀၀၀-၇၀၀၀၀) ကျပ်ခန့်အထိ ရရှိကြောင်း၊ ထန်းပင်တစ်ပင်မှ ထန်းသီး ဆံထွက်ရှိမှုသည် အသက်(၅-၁၀)နှစ်အောက် ထန်းပင်သည် ထန်းသီးဆံ အထွက်နည်းပြီး၊ (၁၀)နှစ် အထက်ထန်းပင်သည် ထန်းသီးဆံပိုမိုထွက်ရှိသည်ကြောင်း၊ ထန်းပင်၏မျိုးကွဲပေါ်မူတည်၍ ထန်းသီး ဆံထွက်ရှိမှု ကွာခြားကြောင်း၊  ထန်းတက်ရာသီတွင် ထန်းတောင်သူများစီးပွားရေး အဆင်ပြေ ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ထန်းသီးဆံသည်ကျေးလက်ဒေသ များတွင် ကျေးရွာသုံးသကြားအဖြစ် တင်စားခေါ်ဝေါ်ကြောင်း၊ ထန်းပင်မှထွက်ရှိသော  ထန်းလျက်၊ ထန်းရည် ချို/ခါး၊  ထန်းသီးဆံ ထွက်ရှိသည့်အပြင်၊ အခြားရိုးရာအစားအစာများ ပြုလုပ်ရာတွင် အသုံးဝင်ကြောင်း၊ ကျန်းမာရေးအနေဖြင့် ထန်းသီးဆံတွင် သဘာဝသကြားဓာတ်(ဂလူးကို့စ်)၊ သံဓာတ်နှင့်အမျှင်ဓာတ်များပါဝင်သောကြောင့် စားသုံးရာတွင် ချက်ချင်းအားပြည့်စေပြီး ပူပြင်း သောရာသီဥတု၌ ခန္ဓာကိုယ်တွင် ရေဓာတ်ထိန်းပေးကြောင်း၊ စားသုံးမှုအနေဖြင့် သန့်ရှင်းလတ် ဆတ်သော ထန်းသီးဆံကို အစိမ်းစားခြင်းဖြင့် သဘာဝအရသာကိုခံစားနိုင်ပြီး၊ ထန်းသီးဆံကို ချက်၍လည်းစာသုံးကြသလို ထန်းသီးဆံနုနုကို အချိုရည်အဖြစ် သံပုရာရည်နှင့်ရောစပ်၍လည်း သောက်သုံးနိုင်ကြောင်း၊ အသည်းအတွက် သဘာဝကြီးကပေးထားသည့် အားဆေးဖြစ်သော ထန်းသီးဆံမှာ ဈေးကွက်တွင် လူအများနှစ်သက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ထားဝယ်ရိုးရာ ဒေသထွက် ထားဝယ်ဂါဂျိုး

     တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများဒေသဖြစ်သည့်အတွက် ဓနိပင်များ အလေ့ကျများစွာ ပေါက်ရောက်ကြပါသည်။ အဆိုပါ ဓနိပင်များမှာ ဓနိဖူးခြောက်များ၊ ဓနိရည် အချို/အခါးများ၊ ဓနိရည်အား ညသိပ်၍ ပြုလုပ်သော ပအုန်းရည်(အချဥ်)များ၊ ဓနိပင်မှ ဓနိရွက်များ အားခုန်ယူ၍ အိမ်မိုးဓနိဖက်များပြုလုပ်ကာ ဒေသတွင်းမိသားစုလုပ်ငန်းများအဖြစ် ဝင်ငွေရရှိ လျက်ရှိ သည့်အပြင် ကမ်းရိုးတန်းများ ရေတိုက်စားသည့်ဘေးမှ ကာကွယ်ပေးပြီး ဂေဟစနစ်ကို များစွာ အကျိုးပြုလျက်ရှိပါသည်။

       တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသော ဓနိသကြား၊ သီဟိုဠ်၊ အုန်းသီးကိုအသုံးပြု၍ ထားဝယ် ရိုးရာဒေသထွက် ထားဝယ်ဂါဂျိုး ပြုလုပ်ခြင်းဖြင့် မိသားစုဝင်ငွေများ ရရှိလျက်ရှိပါသည်။ ထားဝယ် ဂါဂျိုးတွင် သီဟိုဠ်စေ့နှင့် အုန်းသီးဟူ၍ အရသာ(၂)မျိုးရှိပြီး ထားဝယ်ဂါဂျိုး ပြုလုပ်ရန် အတွက် ဓနိပင်မှထွက်ရှိသော ဓနိရည်အားကြိုလိုက်လျှင် ဓနိသကြားရရှိပြီး အဆိုပါဓနိသကြားအား ထပ်မံ၍ မီးဖြင့်အပူပေးကြိုကာ ရေစစ်ဇကာ(သို့) ပိတ်ဖြူစဖြင့် စစ်ထုတ်ကာ အအေးခံ၍ ကပ်စေးလာလျှင် အနေတော်တစ်ခါစား အလုံးလေးများထဲသို့သီဟိုဠ်စေ့များထည့်ကာ နှမ်းကပ်၍ သီဟိုဠ်စေ့အရသာ ထားဝယ်ဂါဂျိုး၊ အုန်းသီးခြစ်ဖက်များ ထည့်ကာ နှမ်းကပ်၍ အုန်းသီးအရသာ ထားဝယ်ဂါဂျိုး စသည် ဖြင့် ထားဝယ်ဂါဂျိုး အရသာ(၂)မျိုး ထုတ်လုပ်ပြီး အဆိုပါ ဂါဂျိုးအလုံးလေးများအား အိတ်ထဲသို့ထည့်ကာ ဂါဂျိုးအလုံး (၂၀)ပါ တစ်ထုတ်လျှင် ဖောက်သည်စျေး ၂၀၀၀ ကျပ်ဖြင့် ဒေသတွင်း၌သော်လည်းကောင်း၊ အခြားဒေသမှလာရောက်သူများမှလည်း ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူခြင်းဖြင့် ဝင်ငွေများရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ငါန်းဇွန်မြို့နယ်၏ သရက်သီး

    ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သောမြို့တစ်မြို့ဖြစ်ပါသည်။ ရှေးယခင် အဘိုးအဘွားများက နောင်လာနောင်သားများ စားသုံးနိုင်ရန် သရက်ပင်များ ၊မာလကာပင်၊ အုန်းပင် စသည့်ဖြင့် စိုက်ပျိုးကြရာ ယခုခေတ်တွင် ခေတ်အလိုက် ကိုင်းကူးခြင်းဖြင့် ဈေးကောင်းလည်းရ အရသာလည်းကောင်းသော စိန်တလုံးသရက်ပင်များ တိုးချဲ့စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ ဧပြီလကုန်တွင် သရက်သီးများစတင်ထွက်ပေါ်ပြီဖြစ်ရာ၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများသည် စီကောင်း၊ ဘုံသာစသည့် ကျေးရွာများက  တံတားဦးမြို့သို့လည်းကောင်း၊ မြို့နယ်၏တောင်ပိုင်း ကျေးရွာများက မြင်းခြံမြို့သို့လည်းကောင်း တင်ပို့ရောင်းချကြောင်း သိရသည်။ ပေါ်စချိန်တွင် စိန်တ လုံးသရက်သီး တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀/၆၀၀) ကျပ်ဖြင့်ရောင်းချရပါကြောင်း၊ ယခုမေလတတိယပတ်တွင် လှိုင်လှိုင်ပေါ်ထွက်လာ၍ ဈေးကျသွားရာတစ်လုံး(၂၀၀/၃၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။  

DOCA(မန္တလေး)

ငါန်းဇွန်မြို့ရဲ့ ပဲလွန်း စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်း

      မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ မြစ်ရေကျချိန်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာတွင် ပဲလွန်းသည်လည်း စိုက်ပျိုးမှုများသော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ရေငတ်ခံနိုင်သော ပဲတစ်မျိုးလည်း ဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြောင်း သိရသည်။   ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲလွန်း(၂၁၂၇)ဧက စိုက်ပျိုးပြီး ထွက်တိုးဖြူမျိုးနှင့် ဒေသမျိုးသာအများဆုံးစိုက်ပျိုးကြောင်း သိရသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၀.၅၀)တင်း၊ အထွက်တင်းပေါင်း (၂၂၃၃၄)တင်း ထွက်ရှိကြောင်း သိရသည်။ ရေလည်သောင်၊ မြောက်ကျွန်း၊ ဆင်တပ်၊ သပြေသာ၊ ငါန်းလွှန့်၊ လက်ပံသာကျေးရွာနှင့် မိုးတောင်ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်တွင် ပေါ်စချိန်တွင်(၃၇၀၀-၃၈၀၀)ကျပ်ဈေးရှိပြီး မေလတွင်(၃၈၀၀/၄၁၀၀ )ကျပ်ထိရှိကြောင်း သိရသည်။ ရောင်းချမှုအနေဖြင့် မြင်းမူမြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချ ကြောင်းသိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းများစတင်စိုက်ပျိုး

    ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်သောမြို့နယ်တစ်ခုဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ခုနှစ်တွင် မိုးနှမ်းလျာထားဧက(၆၄၀၇၀) လျာထားခဲ့ရာ၊ (၆၇၈၄၀)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက(၆၇၀၄၆)ဧကသာ ရိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ အထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၂၉၁၄၃၆)ထွက်ရှိ ကြောင်း သိရသည်။ ဧပြီလကုန်မေလဆန်းတွင် မိုးများစတင်ရွာပြီဖြစ်သဖြင့် ငါန်းဇွန်မြို့နယ် စီထိန်း၊ တမာပင်၊အောက်ရိုး၊ ရွာသာ၊နတ်စိမ်း၊ထနောင်းပင်၊ မြို့သာ၊သရက္ကန်၊ ညောင်ပင်ကုန်း၊ အောင်ချမ်း သာကျေးရွာနှင့် ကုန်းသာကျေးရွာများတွင် မိုးနှမ်းများ စတင်စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးသော မျိုးများမှာ မကွေး၁/၁၃၊ ရိုးစိမ်း၊ရှပ်ကလေးမျိုးနှင့် ဒေသမျိုးများ စိုက်ပျိုးကြပါကြောင်း၊ ရက်အနည်း ငယ်ကြာလျှင် ပေါင်းသင်ခြင်း လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ပေါင်းသင်ပြီးလျှင် မိုးရွာပါက အထွက် ကောင်းမှာ သေချာသလောက်ရှိပါကြောင်း ၊ ယခင်နှစ်တွင် မိုးဦးကောင်းပါသဖြင့် နှမ်းများအထွက် နှုန်းကောင်းပြီးဈေးကောင်းလည်းရရှိသောကြောင့် တောင်သူများလည်း အကျိုးအမြတ်ရရှိပါ ကြောင်း သိရသည်။ ယခင်နှစ်ပေါ်စအချိန်တွင် နှမ်းတစ်ပိဿာလျှင် (၆၅၀၀/၇၀၀၀)ကျပ်ထိ ဈေးနှုန်းရှိခဲ့ပါကြောင်း ရောင်းချမှုအနေဖြင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ရောင်းချ ပါကြောင်း သိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်၏ ပဲပုတ် စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

    ငါန်းဇွန်မြို့နယ်သည် ပဲပုတ်သီးနှံကို ဆောင်းသီးနှံအဖြစ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ်ကို လျာထားဧက(၁၂၇၉)ဧကလျာထားပြီး စိုက်ပျိုးဧက (၁၂၇၉)ဧကဖြင့် လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးကာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၁၂.၉၀)တင်း၊ အထွက်တင်းပေါင်း(၁၆၄၉၉) တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ငါန်းဇွန်မြို့နယ်သည် ပဲပုတ်သီးနှံကို  မြောက်ကျွန်း၊ ရေလည်သောင်၊ သားကျင်၊ လက်ပံသာ၊ ဆင်တပ်၊သပြေသာ၊ကုလားရွာ၊ငါန်းလွှန့်ကျေးရွာတွင် စိုက်ပျိုးမှုပိုများပါသည်။ စိုက်ပျိုး သော မျိုးများမှာ ရေဆင်းမျိုး နှင့်ဒေသ မျိုးများကို အဓိကစိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မေလတွင် ပဲပုတ်တစ်ပိဿာလျှင် (၅၁၀၀/၅၂၀၀)ကျပ်ထိ ဈေးနှုန်းရှိကြောင်းသိရှိရပြီး  မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ်၏ စွန်တာပြာ စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်သည်၂၀၂၄-၂၀၂၅ ခုနှစ်တွင် စွန်တာပြာပဲကို မိုးတွင် လျာထားဧက(၈၆၅)ဧကလျာထားပြီး စိုက်ပျိုးဧက (၁၁၈၂)ဧကရှိရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၈.၅၀)တင်း၊ အထွက်တင်းပေါင်း( ၁၀၀၄၇) တင်း ထွက်ရှိပြီး  ဆောင်းစွန်တာပြာကို လျာထားဧက(၄၀၀၀)ဧက၊ စိုက်ပျိုးဧက(၃၆၁၂) ဧကရှိရာ ဧကအားလုံးရိတ် သိမ်းပြီး အထွက် နှုန်း(၁၃.၀၀)တင်းနှင့် အထွက်တင်းပေါင်း (၄၆၉၅၆)တင်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ငါန်းဇွန်မြို့နယ်သည် စွန်တာပြာပဲသီးနှံကို  မြောက်ကျွန်း၊ ရေလည် သောင်၊ သားကျင်၊ လက်ပံသာ၊ ဆင်တပ်၊သပြေသာ၊ ကုလားရွာ၊ငါန်းလွှန့်ကျေးရွာတွင် စိုက်ပျိုးမှုပို များပါသည်။ စိုက်ပျိုးသော မျိုးများမှာ မုံရွာထွက်တိုးနီမျိုး နှင့်ဒေသမျိုးများကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ ဩဂုတ်လ တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် ရိတ်သိမ်းကြကြောင်း သိရသည်။ပေါ်စချိန်တွင် စွန်တာပြာတစ်ပိဿာလျှင် (၄၀၀၀/၄၁၀၀)ကျပ် ဈေးနှုန်းရှိပြီး  ယခုအခါ မေလတွင် စွန်တာပြာပဲတစ်ပိဿာလျှင် (၅၀၀၀/၅၁၀၀)ကျပ်ထိ ဈေးနှုန်းရှိ ကြောင်း သိရှိရပြီး  မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့ပေါ်ရှိသခွားသီး ဈေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းများ နှင့် ကုန်စိမ်းများဝင်ရောက်လျက်ရှိရာ သခွားသီးသည်လည်းအလွန်ပင် ရောင်းအားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ သခွားသီးတွင် အစိမ်းစားနှင့် အမှည့်စား ဟူ၍ နှစ်မျိုးရှိပြီး ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။နေရောင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းစ နည်းသောအရပ်များတွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်သည်။သခွားသီးမှာ ကင်ဆာကို တွန်းလှန်ပေးနိုင်သော လစ်ဂနစ်ဓာတ်တွေ ပါဝင်တာကြောင့် မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာတွေလို ကင်ဆာအမျိုးမျိုးရဲ့ အန္တရာယ်ကိုလျော့ကျစေပါသည်။

     တနင်္သာရီမြို့နှင့် မောတောင်မြို့နယ်တို့မှ တင်သွင်းလာသော သခွားသီးများကို မြိတ်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေး၊ မြို့သစ်ဈေးနှင့် ဆိပ်ငယ်ဈေးကြီးတို့တွင် ရောင်းချလျက်ရှိရာမှ ယခုမေလစတုတ္ထပတ်တွင် သခွားသီးအကြီးတစ်လုံး (၈၀၀)ကျပ်နှင့် အသေးတစ်လုံး (၂၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a