ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၈.၃.၂၀၂၄ )

၈.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၃.၂၀၂၄ )

      ၈.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုက်ကြီးမြို့နယ်၏ ဘိလပ်မြေဈေးကွက်အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုက်ကြီးမြို့နယ်အတွင်း  ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘိလပ်မြေဝယ်ယူသုံးစွဲမှုများနှင့်စပ်လျဉ်း၍ ဘိလပ်မြေဈေးကွက်အတွင်း ဝယ်ယူရာ၌ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းဝယ်ယူမှုများကိုမေးမြန်းခဲ့ပါသည်။ တိုက်ကြီးမြို့နယ်တွင် BLUE DIAMOND, ALPHA, ကြံ့နီ(ကြံ့၂ကောင်)အမျိုးအစားများကိုသာရောင်းချခဲ့ရာ ယခု၂၀၂၄ခုနှစ်၊ မတ်လ ပထမပတ်တွင် ဝယ်ယူရန် ပစ္စည်းလက်ကျန်နည်းသောဆိုင်များနှင့် ပစ္စည်းပြတ်လပ်သောဆိုင်များရှိနေကြောင်း၊ ယင်းတို့အနက် ပစ္စည်းလက်ကျန်ရှိသော ဆိုင်များရှိ ဘိလပ်မြေဈေးနှုန်းများမှာ BLUE DIAMOND တစ်အိတ်လျှင် ၁၃၀၀၀ကျပ်၊ ကြံ့နီ (ကြံ့၂ကောင်) တစ်အိတ်လျှင် ၁၄၅၀၀ကျပ်၊ ALPHA တစ်အိတ်လျှင် ၁၄၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေလက်ကျန်များကိုသာ ဆက်လက်ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီပေါ်သီးနှံဖြစ်သည့် ဘူးသီးများ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရပါသည်။ ဘူးသီးကို ဘားမြို့အနီး ဝိုက်ကျေးရွာများ တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ်ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး ဈေးနှုန်း တစ်လုံးလျှင် (၁၀၀၀၊၁၅၀၀)ကျပ်၊ ဘူးသီးအလုံးလတ် ဈေးနှုန်း တစ်လုံးလျှင် (၆၀၀၊၈၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၃၀၀၊၅၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်းနှင့် ပေါ်ဦးပေါ်ဖျားအချိန်များတွင် ဘူးသီး အကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ အလတ် (၃၀၀၀)ကျပ်၊ အငယ်(၂၀၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်တတ်ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

သပြေစိုက်ပျိုးခြင်းလုပ်ငန်း

   ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ရှိ ဝန်ထမ်းများသည် ကုလားကုန်းကျေးရွာနေ ဦးစိုင်းပိုင်ဆိုင်သော သပြေစိုက်ပျိုးခြင်းလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

       ကုလားကုန်းကျေးရွာ၌ ၂၀၁၅ခုနှစ်မှစ၍ အာဆီယံသပြေ၊ ရိုးရိုးသပြေဟူ၍ သပြေ(၂)မျိုးစိုက်ပျိုးခြင်းလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခဲ့ကြပါသည်။ သပြေပင်၏ နှစ်ရှည်သက်တမ်းမှာ (၁၀)နှစ်ရှိ၍ စတင်စိုက်ပျိုးချိန်မှ (၂)နှစ်အတွင်း အကိုင်းဖြတ်၍ ရောင်းချနိုင်ပြီး ပျိုးပင်များကို မန္တလေးတိုင်းဒေသကြီးမှ တစ်ပင်လျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး ကုလားကုန်းကျေးရွာတွင် စိုက်ပျိုးဧက (၃၀)ဧကဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ (၁)ဧကလျှင် အပင် (၂၀၀)စိုက်ပျိုးပြီး ပိုးသတ်ဆေး၊ မှိုဆေးများကိုလည်းအသုံးပြုရပါသည်။ ဈေးကွက်ဖြန့်ဖြူးရာတွင် တစ်စည်းလျှင် (၁၀၀)ကျပ်ဖြစ်ပြီး သပြေရှားပါးချိန်ရောက်လျှင် (၂၀၀)ကျပ်ထိရောင်းခဲ့ပါသည်။ ဈေးကွက်အနေဖြင့် ခြံသို့ ကိုယ်တိုင်လာရောက်ဝယ်ယူခြင်း၊ ပဲခူးဈေး၊ ထောက်ကြန့်ဈေးသို့လည်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဘားအံမြို့ရှိ ဈေးကောင်းနေသော သံပရာသီး

    ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် နွေရာသီပေါ်သံပရာသီးများဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ သံပရာသီးကို ဘားမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော သံပရာသီးများမှာ ဘားအံမြို့အနီးရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင် ရေးမြို့တို့မှဖြစ်သည်။ မြန်မာ သံပရာသီးအိတ်ကြီး တစ်အိတ် လျှင် (၄၀၀၀၀၀၊၄၅၀၀၀၀) ကျပ်၊ ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၆၀၀ မှ ၁၇၀၀ ထိပါရှိသည်။ သံပရာသီးအလုံးချော (အကြီး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ အနေတော်တစ်လုံးလျှင် (၄၀၀)ကျပ်နှင့် ယိုးဒယာမျိုးစပ်သံပရာသီး သံပရာသီးအလုံး ချော(အကြီး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ အနေတော် တစ်လုံးလျှင် (၃၀၀ကျပ် နှင့် ၃လုံး ၁၀၀၀ကျပ်) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ၊ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း ၊ သံပရာသီး၊ရှောက်သီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်း  အနည်းငယ်ကျနေသောလည်း ဈေးကွက်အတွင်းပိုမိုဝင်ရောက်လျက်ရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

     ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ကြက်ဟင်းခါးသီးစိုက်ပျိုး တောင်သူ ဦးပလိုင်းက ကြက်ဟင်းခါး တစ်ဧကလျှင် ကြက်ဟင်းခါးစေ့ (၁၀၀) ဂရမ် အစေ့ပေါင်း (၇၀၀)ပါပြီ အစေ့စိုက်ပျိုးရကြောင်း၊ ပင်ကြားတန်းကြား  အပင်စိုက်တန်းတစ်တန်းတွင် ( ၃ )ပေ (သို့မဟုတ်) ( ၅ )ပေ ခွာ၍ တစ်ပင်နှင့် တစ်ပင်ကို (၁)ပေ (သို့မဟုတ်) (၂)ပေ ခွာပြီး စိုက်ပျိုးရကြောင်း၊ ကြက်ဟင်းခါးပင်သည် နွယ်ပင်မျိုးဖြစ်၍ စင်ထိုးစိုက်ရကြောင်း၊ ကြက်ဟင်းခါး စိုက်ခင်းကိုတော့ တစ်လလျှင် (၂)ကြိမ် ရေသွင်းပေးရကြောင်း၊  ကြက်ဟင်းခါးသီးအား စိုက်ပျိုးပြီး ရက်ပေါင်း ၇၀ မှ ၉၀ ဆိုလျှင် စတင်ခူးစွတ်နိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီး အတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၁၈၀၀ ၊ ၂၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၁၄၀၀ ၊ ၁၆၀၀)ကျပ် ဖြင့်လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၁၆၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးဈေးနှုန်း တစ်ပိဿာလျှင် (၁၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။           ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် မတ်လဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်း ရာသီဖြစ်၍ စိုက်ခင်းမှ လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ကြက်ဟင်းခါးသီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသောလည်း ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

    ၂၀၂၄ ခုနှစ်၊ မတ် လ ဒုတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ခရမ်းချဉ်သီးစိုက်ပျိုး တောင်သူ ဦးပလိုင်းက ခရမ်းချဉ်သီး တစ်ဧကလျှင်  ၁၀၀ ဂရမ်နှုန်း ပျိုးထောင်ရင် အပင်အရေအတွက် ( ၉၀၀၀ မှ ၁၀၀၀၀ )ထိ ဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းချဉ်သီး တစ်ပင်လျှင် (၃) ပိဿ မှ (၆) ပိဿာ အထိ ထွက်နှုန်းရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၈၀၀ ၊ ၂၀၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ   ( ၁၅၀၀ ၊ ၁၈၀၀ ) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၊၁၀၀၀ ) ကျပ်၊ အလုံးသေး ဈေးနှုန်း တစ်ပိဿာလျှင်  ( ၆၀၀၊၈၀၀ ) ကျပ် တို့ ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

      ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် မတ်လ ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှတပြိုင်တည်း လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည် ။

DOCA(ကရင်)

 

ကျွန်းလှမြို့တွင် မြေအောက်ရေတင်စနစ်ဖြင့် ဂန္ဓမာပန်းပင်စိုက်ပျိုးဝင်းငွေတိုး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ဂန္ဓမာပန်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည်။

     ဂန္ဓမာပန်းပင်စိုက်ပျိုးရန်အတွက် ဂန္ဓမာပန်းပျိုးပင်သက် (၁)လခွဲသားအပင်များကို ပြင်ဦးလွင်မြို့မှမှာယူကာ အိမ်အရောက် တစ်ပင်လျှင် (၂၅)ကျပ်ဖြင့်ဝယ်ယူရကြောင်း ယခု ကျွန်းလှမြို့တွင် စိုက်ပျိုးထားသော ဂန္ဓမာပန်းအမျိုးအစားများမှာ မြနှင်းဖြူမျိုး၊ စံပယ်ဖြူမျိုးနှင့် ပဲနီမျိုးတို့ဖြစ်ကြပြီး  ဂန္ဓမာပန်းပင်စိုက်ပျိုးမှုပုံစံမှာ မြေအကျယ်အဝန်း (၆၀)ပေပတ်လည်တွင် မြေပေါင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိုးကာ အပင်အရေအတွက် (၂၅၀၀)ခန့်စိုက်ပျိုးနိုင်ကြောင်း၊ ဂန္ဓမာပန်းပျိုးပင်ဝယ်ယူခြင်း၊ မြေပေါင်တင်ခြင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်ခြင်း၊ ရေတင်သွင်းခြင်းတို့အတွက် ကုန်ကျစရိတ်စုစုပေါင်း ကျပ်(၁၅၀၀၀၀) ကုန်ကျကြောင်း၊ ယခုလက်ရှိ ချိုးရောင်းနေသော ဂန္ဓမာပန်းပင်သည် အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ဂန္ဓမာပန်းပင်များကိုချိုး၍ ရောင်းချရနေပြီဖြစ်ကြောင်း၊ ဂန္ဓမာပန်းသည်  စိုက်ပျိုးပြီး (၅)လအကြာတွင် စတင်ချိုးယူခူးဆွတ်ရောင်းချရကြောင်း၊ ဂန္ဓမာပန်းပင်ကို တစ်ခါစိုက်ပြီး ပြုစုပျိုးထောင်နိုင်မှုအားကောင်းလျှင် (၃)သားလောက်အထိ ချိုးယူခူးဆွတ်ရောင်းချရကြောင်း၊ တစ်ခါချိုးယူခူးဆွတ်ပြီးသည့်ပန်းခင်းကို ဒုတိယအကြိမ် သွင်းအားစုထည့်ပြီး ပြုစုပျိုးထောင်လျှင် (၃)လကြာသည့်အခါ ပြန်လည်ချိုးယူ၍ရောင်းချရကြောင်း၊ဂန္ဓမာပန်းများကို တစ်စည်းလျှင် ဖောက်သည်ပေးသည့်ဈေးနှုန်းမှာ ကျပ်(၅၀၀)နှုန်းနှင့် တစ်ရက်လျှင် အစည်းအရေအတွက် (၁၀၀မှ ၁၅၀)စည်းထိရောင်းချရကြောင်း၊ စားသုံးသူများထံ လက်ဝယ်ရောင်းချသည့်ဈေးနှုန်းမှာ ကျပ်(၈၀၀/၁၀၀၀)ဖြစ်ပြီး တစ်ရက်လျှင် ရောင်းရငွေမှာ ပျှမ်းမျှအားဖြင့် ကျပ်(၅၀၀၀၀)ရရှိပြီး တစ်လရောင်းရငွေမှာ ကျပ်(၁၅,၀၀,၀၀၀)ရရှိကြောင်း၊ တစ်ခါစိုက်လျှင် တစ်လခွဲခန့်ကြာအောင် ခူးဆွတ်ရောင်းချရကြောင်း၊ ထို့ကြောင့် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချသူများမှာ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် အမြတ်အစွန်းမှာ ကျပ် ( ၁၃,၅၀,၀၀၀)ခန့်ကျန်ရှိကြောင်း  ဂန္ဓမာပန်းစိုက်ပျိုးသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း