ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ နာနတ်သီးနှင့် ဇီးချိုသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဇီးသီးတို့ကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီးဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၅၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၇၀၀)ကျပ်၊  ဇီးသီး(၁)ထုပ် လျှင် (၃၀၀၀)ကျပ်နှင့် (၃)ထုပ်လျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု နိုဝင်ဘာ လဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နာနတ်သီးတစ်လုံးလျှင် (၃၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ် သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံ များမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွားမွှေးသီး အကြီး(၁)လုံးလျှင်(၇၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက် သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင်(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကျောက်သခွားမွှေးသီး (၁)လုံးလျှင်(၄၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူ များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေး၌ ဈေးနှုန်းကျဆင်းလာသည့် မန်ကျည်းသီးမှည့်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ ကျောက်စိမ်းဖရဲသီးနှင့် နဂါးမောက်သီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရပြီး နဂါးမောက်သီးမှာ ဒေသတွင်းမှ ဝယ်ယူရကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

     ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖရဲသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် ဖရဲသီးတစ်စိတ်လျှင် (၁၀၀၀)ကျပ်၊ နဂါးမောက်သီးအသေး(၁)လုံးလျှင် (၁၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နဂါးမောက်သီး(၁)လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီး ရောင်းချသူဒေါ်တုတ်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသစ်တော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိသစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက် ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသစ် တော်သီးအကြီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ (၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းသီး(၃)လုံးလျှင်(၅၀၀၀)ကျပ်၊(၅)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့် ယိုးဒယား ပန်းသီး(၁)လုံးလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ပန်းသီးနှင့် ပန်းသစ်တော်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲစိုနှင့် ပဲစာဥ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

      ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများစိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း ထောပတ်ပဲစို(၁) ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ထောပတ်ပဲနို့ဆီဘူး(၁)ဗူးလျှင် (၁၃၀၀)ကျပ်၊ ပဲစာဥစိုနို့ဆီဘူး(၁)လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်း၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးငြိမ်နေတဲ့ပဲပင်ပေါက် ၊ ပဲပြားဈေးနှုန်း

                     မိတ္ထီလာဈေးကွက်တွင် အသား ၊ ငါး ၊ အသီးအရွက်များ ရောင်းချလျှက်ရှိရာ ပဲပင်ပေါက်နှင့် ပဲပြားများကိုလည်း ရောင်းချလျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ပဲပင်ပေါက် ၊ ပဲပြားများကို နေပြည်တော်ဘက်မှဝင်ရောက်ပြီး၊ မိတ္ထီလာကုန်စိမ်းဈေး(ဘဲကန်)၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက် ဈေးများတွင် ပြန်လည်ရောင်းချကြောင်းသိရပါသည်။ ပဲပင်ပေါက် ၊ ပဲပြားကိုရော၍ ကြော်စားခြင်း ၊ ရေနွေးဖျော၍သုပ်စားခြင်း ၊ အသုပ်စုံများတွင်ထည့်၍သုပ်စားခြင်း ၊ ဟင်းချိုချက်၍စားသုံးခြင်း စသည်ဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ပဲပင်ပေါက်နှင့်ပဲပြားကိုအများအားဖြင့် တွဲ၍ရောင်းချတာတွေ့ ရပါသည်။

          မိတ္ထီလာဈေးကွက် နိုဝင်ဘာလ တတိယပတ်တွင် ပဲပင်ပေါက်(၂၅)ကျပ်သားလျှင် (၁၀၀၀) ကျပ် ၊ ပဲပြား(၂)ခဲတွဲ တစ်တွဲလျှင် (၁၀၀၀)ကျပ် ဈေးဖြစ်၍ ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းငြိမ်နေကြောင်း ဈေးကွက်မှစုံစမ်းသိရပါသည်။

DOCA(မန္တ‌လေး)

 

ဘူးသီး ဈေးနှုန်း /ဈေးကွက်

          မိတ္ထီလာမြို့နယ်အတွင်းရှိကျေးရွာများတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်းသိရပါသည်။ ဒေသခံများသည် ခရမ်းချဉ်သီး ၊ ခရမ်းသီး ၊ ရုံးပတီသီး၊ ချဉ်ပေါင်ရွက်၊ကန်စွန်းရွက် စသည့်သီးနှံများကိုစိုက်ပျိုးကြသည့် အပြင် ဘူးသီးများကို လည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းနှင့် တပ်ကုန်းနယ်ဘက်မှလည်း ဝင်ရောက်ကြောင်းသိရ ပါသည်။ ဖြန့်ဖြူးမှုအနေဖြင့် မြို့မဈေး ၊ ကုန်စိမ်းဈေး(ဘဲကန်)နှင့် မြို့ပေါ်ရပ်ကွက်ဈေးများတွင် ပြန် လည်ရောင်းချကြောင်းသိရပါသည်။ ဘူးသီးသည်အာဟာရဓါတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၍ စားသုံးသူများအနေဖြင့် ဘူးသီးကြော် ၊ ဘူးသီးဟင်းချိုစသဖြင့် အမျိုးမျိုးပြုလုပ်စားလေ့ရှိကြောင်းသိရပါသည်။

          ဈေးနှုန်းအနေဖြင့် မိတ္ထီလာမြို့ဈေးကွက် နိုဝင်ဘာလ တတိယပတ်တွင် ဘူးသီးတစ်လုံး (၁၅၀၀ မှ ၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိပြီး အလုံးအရွယ်အစားအလိုက် ဈေးနှုန်းပြောင်းလဲမှု ရှိကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။ 

DOCA(မန္တ‌လေး)

ကန့်ဘလူမြို့ရှိ အညာဒေသထွက်  ကြံသကာ၊ ကြက်မင်းကြီးနှင့် ဝါးတောထန်းလျက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်များတွင် ကြံသကာ၊ ရေဦးထန်းလျက်၊ ရေဦးပေါက်ပေါက်ဆုပ်၊ မြေပဲယို၊ နှမ်းယိုနှင့် ထန်းလျက်များ ရောင်းချလျက်ရှိရာ ထန်းလျက်ကို အစားအသောက်များ ချက်ပြုတ်ရာတွင်လည်းကောင်း၊ မြန်မာမုန့်ပြုလုပ်ရာတွင် လည်းကောင်း၊ ကျေးလက်နေပြည်သူများက အသုံးပြုကြကြောင်း၊ ထန်းလျက်များကို ရေဦးမြို့နှင့် ရွှေဘိုမြို့လက်လီ/လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရ သည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး(၁)ပိဿာ (၉၀၀၀)ကျပ်၊ ဝါးတော(၁)ပိဿာ (၆၅၀၀)ကျပ်၊ စမုံထန်းလျက်(၁)ပိဿာ လျှင် (၉၀၀၀)ကျပ်၊ ကြံသကာ(၁)ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၃၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြံသကာ(၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဈေးမြင့်နေတဲ့ပဲတောင့်ရှည် ဈေးနှုန်း /ဈေးကွက်

              မိတ္ထီလာမြို့ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ပဲတောင့်ရှည်သီးများအရောင်းအဝယ်ပုံမှန်ရှိ သော်လည်း ဈေးမြင့်နေကြောင်းသိရပါသည်။ မိတ္ထီလာမြို့နယ်ရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး မိတ္ထီလာမြို့မဈေး ၊ ကုန်စိမ်းဈေး(ဘဲကန်) ၊ မြို့ပေါ်ရပ်ကွက်ဈေးများတွင် ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ပဲတောင့်ရှည်သီးသည် တစ်နှစ်ပတ်လုံးရရှိသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။ ပဲတောင့်ရှည်သီးတွင် ဗီတာမင်များစွာပါဝင်၍ စားသုံးသင့်သော အစားအစာတစ်ခုဖြစ်ပါသည်။ ပဲတောင့်ရှည်သီးကို   ကြော်ချက်၍ စားရသလို သုပ်စား၍လည်းရပါသည်။ 

          ဈေးနှုန်းအနေဖြင့် မိတ္ထီလာမြို့ဈေးကွက် နိုဝင်ဘာလ တတိယပတ်တွင် ပဲတောင့်ရှည်သီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ၊ တစ်ပိဿာ(၅၀၀၀-၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးမြင့်နေကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရပါသည်။ 

DOCA(မန္တ‌လေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း