ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ မတ်လပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၄၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၁၇၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၈၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၈၂၅)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၁၂၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၄၀) ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၅၀) ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်ကျပ်(၆၀) ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၅၀) ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယအပတ်နှင့် မတ်လ ဒုတိယအပတ်တို့ နှိုင်းယှဉ်ကြည့် မည်ဆိုပါက ဓါတ်ဆီ(92)အမျိုးအစား စက်သုံးဆီဈေးနှုန်းတူညီလျက်ရှိပြီး၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၁၅) ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်ကျပ်(၁၀၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၀၅)၊ ယခင် ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် ယခုမတ်လဒုတိယပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဖေဖော်ဝါရီလ ဒုတိယအပတ်ထက် စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မတ်လ ဒုတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မတ်လ ပထမပတ် တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၉၀) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရသည်။

     ယခုမတ်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၃၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၅) ကျပ်၊ ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၅၀) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၄၅) ကျပ်ဈေးနှုန်း အသီးသီးကျလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၄ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ရွှေဘို ပေါ်ဆန်း(သစ်) တစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ ဧရာမင်းဆန် (သစ်) တစ်ပြည်လျှင် (၆၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ကြက်သွန်နီ (သစ်) တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ချင်း တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

         

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် မတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ထိ၊ ရွှေလိမ္မော် တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေသခွားသီး တစ်လုံးလျှင် (၁၀၀၀)ကျပ် ဇီးပန်းသီး တစ်လုံး (၂၅၀)ကျပ်၊ ဇီးပဲလှော် တစ်ပြည် (၁၅၀၀)ကျပ်၊ဆားတောင် ဇီးသီး တစ်ပြည် (၆၀၀၀)ကျပ်၊  သခွားမွှေး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး(အဝိုင်းသီး) တစ်ပိဿာ (၆၀၀၀)ကျပ်၊စပျစ်သီး (အချွန်းသီး) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကဗ္ဗလာသီး တစ်လုံးလျှင်(၂၅၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင်(၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မတ်လ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ရွှေဘို မြေပဲလုံးဆံဈေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံများမှာ ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံတစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၂)တန်ဖြစ်ကြောင်း၊   ယခင်ဖေဖော်ဝါရီ စတုတ္ထအပတ်နှင့် ယခုမတ်လပထမအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ တစ်တင်းလျှင်(၁၁၇၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံတစ်တင်းလျှင် (၅၆၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ် ကာလတူတွင် မြေပဲလုံးဆံ တစ်တင်းလျှင်(၁၀၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ တစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မတ်လ ပထမအပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး အနည်းငယ်မြင့်တက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၄ခုနှစ် မတ်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့ပြီး မတ်လ၊ ပထမအပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅၀၀)တင်း/(၇၃၅)တန်ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီ စတုတ္ထအပတ်နှင့် ယခုမတ်လပထမအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၁၁၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၀၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရာင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံ(နီ)တစ်တင်း လျှင် (၆၇၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် တစ်တင်းလျှင် (၅၇၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊  ပဲစဉ်းငုံ(နီ)များမှာ ယခုအပတ်တွင် ယခင်အပတ်ထက်အဝင်များသည့်အပြင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာသဖြင့် ရောင်းချသည့်တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ဝင်ရောက်သမျှ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၏ မတ်လ၊ ပထမပတ်တွင် ရောင်းချသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

    ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ မတ်လ၊ ပထမပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၁၅၈၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင် (၇၈၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ50kgတစ်အိတ်လျှင် (၇၂၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဗူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၁၃၃၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 250ccတစ်ဗူးလျှင်(၃၉၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင် (၂၅၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း နွေစပါးများစိုက်ပျိုးရန်အတွက် ပျိုးထောင်ချိန်ကာလဖြစ်သဖြင့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ ယခင်ကထက်ပိုမို အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးဆီဈေးများ အနည်းငယ်ကျဆင်း

      စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ မတ်လပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်း လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ၊လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု မတ်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၅၇၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားသုံးဆီ တစ်ပိဿာ ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ စားအုန်းဆီ ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် မတ်လ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ၂၀၂၄ ခု နှစ်၊ မတ်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၄၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၉၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၃၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၅)ကျပ် ၊ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၅၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၅၅)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီလက်ကားဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကြက်သွန်ဖြူ/နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂၉-၂-၂၀၂၄) ရက်နေ့မှ (၆-၃-၂၀၂၄) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) ၃၀၈၀၀ပိဿာနှင့် ကြက်သွန်ဖြူ ၇၄၀၀ပိဿာဝင်ရောက်ခဲ့ပါသည်။ လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) ၁ပိဿာလျှင် အရွယ်အစားအလိုက် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ထိလည်းကောင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် ၉၂၀၀ကျပ်မှ ၉၅၀၀ကျပ်ထိဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (အောင်ပန်း) ၁ပိဿာလျှပ် ၁၁၀၀၀ကျပ်မှ ၁၃၅၀၀ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ/နီဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိမ်ဖြူဈေးတာဝန်ခံရုံးမှတစ်ဆင့် စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း