ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၌ဖြစ်ပေါ်နေသောကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ကွမ်းရွက်ဈေးများကို ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ မုံရွာမြို့ရှိကွမ်းခြံများမှ တိုက်ရိုက်တယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မြို့မှ မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံး၊ နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့် ပခုက္ကူမြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။

      ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလှိုင်လ(တတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာ လျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသသအလိုက် ကျပ်(၆၀၀၀-၇၀၀၀ -၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ကွမ်းစားထုံး (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊ ဗမာဆေး (၁) ထုပ်လျှင် ကျပ်(၁၀၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခင်ဇွန်လ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၁၂၀၀၀) ဈေးနှုန်းကျဆင်းခဲ့ပြီး ကွမ်းသီးခြမ်းနှင့်ကွမ်းသီးစိပ်မှာ ကျပ်(၂၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခု အချိန်တွင် ကွမ်းခြံများရှိကွမ်းရွက်များ၌ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ ကွမ်းရွက်ဈေးနှုန်းမှာ ကျဆင်း ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ ပြည်ပမှမှာယူမှုများသည့်အပြင် မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲ ရှိသောကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပေါ်နေသော  စက်သုံးဆီဈေးနှုန်း အခြေအနေ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်တွင် စက်သုံးဆီဆိုင် (၁၀) ဆိုင်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်  (၃၀၃၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၈၅) ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၇၀၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၃၄၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(ဧရာဝတီ)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးကျဆင်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မလွန်စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း၊ ဇူလိုင်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီးဈေးနှုန်းစတင်ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး) အလိုက် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာ လျှင် ကျပ်(၇၀၀-၉၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာများရှိ တနိုင်တပိုင်ခရမ်းချဉ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသည့်အတွက် ဇေယျာသီရိဈေးအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ဈေးမြင့်တက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက် များကို မြို့ပတ်ဝန်ကျင်းရှိ ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် အင်းလေးဒေသတို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး)အလိုက် ကျပ်(၃၀၀၀-၃၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀) ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၅၀၀-၇၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချသည့်အပြင် မိုးတွင်းကာလဖြစ်၍ ရှမ်းပြည်နယ်မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်မားလာသည့်အပြင် ဒေသတွင်းရှိ ပန်း ဂေါ်ဖီနှင့်ဂေါ်ဖီထုပ် စိုက်ခင်းများမှာလည်း  ထွက်ရှိချိန်ကာလမဟုတ်သည့်အတွက် ဈေးနှုန်းမှာမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

ရေစကြိုမြို့နယ်၌ အစေ့ထုတ်ပြောင်း (CP) စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်လျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မိုးသီးနှံများဖြစ်သည့် ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း CP သီးနှံများကို အများအပြား စိုက်ပျိုး လျက်ရှိပါသည်။ ရေစကြိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း CP သီးနှံကို မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦးနှင့် ငတရော်ကျေး ရွာများတွင် ယခင်နှစ်က  ဧက(၅၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက(၃၀၀)ခန့်သာ စိုက်ပျိုး ကြကြောင်းသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသည့် CP မျိုးများမှာ 166 808 နှင့် 339 မျိုးစေ့များကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မတ်လနှင့် ဧပြီလများမှာ စတင်စိုက်ပျိုးကြပြီး ဇူလိုင်လတွင် ထွက်ရှိကြောင်း၊ ()ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ထွန်ယက်ခ၊ ရိတ်သိမ်း ချွေလှေ့ခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်အနေဖြင့် ကျပ် (၁၂)သိန်းခန့် ကုန်ကျကြောင်း သိရှိ ရသည်။

       အစေ့ထုတ်ပြောင်း CP()ဧက ထွက်ရှိမှုအနေဖြင့် သွင်းအားစုသုံးစွဲမှု အပေါ်မှုတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိကြောင်း၊ () ဧကလျှင် အထွက်တင်း (၇၅) မှ (၈၅) တင်းခန့် ထွက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် အစေ့ထုတ်ပြောင်း CP ()တင်းလျှင် ကျပ်(၂၉၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း CP စိုက်တောင်သူ များအနေဖြင့် ()ဧကလျှင် အကျိုးအမြတ် ကျပ်()သိန်းခန့် ရရှိကြောင်း၊ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် အစေ့ ထုတ်ပြောင်း CP  စိုက်တောင်သူများမှာ  အကျိုးအမြတ် များရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်၌ ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်အနေဖြင့် ဝါသီးနှံ ကို (၃၁၃၄) ဧကစိုက်ပျိုးကြောင်း၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်းကျေးရွာများတွင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

       ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် အများအား ဖြင့် သီးသန့်စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ငွေချည်-၁၁၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခင်နှစ်က () ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် () ဧက စိုက်ပျိုးထားရှိကြောင်း၊ () ဧက အနေဖြင့် မျိုးစေ့ () ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းတို့ အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်()သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် () ဧက တွင် (၄၀၀)ပိဿာ ထွက်ရှိကြောင်း၊ ()ပိဿာလျှင် ကျပ်(၃၁၀၀)ဖြင့်ရောင်းရပြီး အကျိုးအမြတ် အနေဖြင့် ကျပ်()သိန်းခွဲခန့်ရရှိကြောင်း သိရှိရပါသည်။ 

          ဝါသီးနှံသည် မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာ စိုက်ပျိုးကြကာ မိုးကြိုက်သောသီးနှံ ဖြစ်ပြီး မိုးကောင်းသောနှစ်များတွင် ပိုမိုထွက်ရှိပါကြောင်း၊ သွင်းအားစုဖြစ်သည့် မြေဩဇာနှင့်ပိုးသတ်

ဆေးများ စနစ်တကျသုံးစွဲမည်ဆိုလျှင် ပိုမိုထွက်ရှိနိုင်ပါကြောင်း၊ အခြားသီးနှံများကဲ့သို့ အလုပ်မရှုပ်ပဲ သက်သာသောကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် ဝါသီးနှံများ စိုက်ပျိုး ပြီး အပင်ပေါက်ဖြစ်ထွန်းအားကောင်းမွန်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကုန်ကျ စရိတ်များပြားသလို အထွက်နှုန်းများကောင်းနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မဈေး၌ ဖြစ်ပေါ်နေသောရာသီပေါ်မျှစ်ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်()ဈေးတို့ တွင် အိမ်ရှင်မများအတွက် ဟင်းချက် စရာတစ်မျိုးဖြစ်သည့် မျှစ်စိမ်းများ  စတင်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ရာသီပေါ်မျှစ်များကို ပခုက္ကူမြို့၏ အနောက်ဘက် ပေါက်နယ်ဒေသ၊ မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်နှင့် မြိုင်နယ်ဒေသမှ ထွက်ရှိသောမျှစ်များ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

          အိမ်ရှင်မများသည် မျှစ်ကို အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ မျှစ်စိမ်းများကို ဟင်းချို ချက်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ ထောင်း၍ လည်းကောင်း ပြုလုပ်၍ စားသုံး ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မျှစ်ဈေးနှုန်းအနေဖြင့် မျှစ်စိမ်း တစ်ပိဿာလျှင် ကျပ် (၈၀၀၀) မျှစ်ငံ တစ်ပိဿာ လျှင် ကျပ်(၆၀၀၀) မျှစ်ပေါက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မဈေး၌ ပုပ္ပါးခရမ်းချဉ်သီးများ စတင်ဝင်ရောက်၍ ဈေးကောင်းရရှိနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးတို့တွင် အိမ်ရှင်မများအတွက် ဟင်းလျာ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ခရမ်းချဉ်သီးများကို  မိမိတို့ဒေသမှ မထွက်ရှိသေး၍ အခြားပြည်နယ်ဖြစ်သော ရှမ်း ပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီးများ၊ မန္တလေးတိုင်းဒေသ ကျောက်ပန်း တောင်း ပုပ္ပါးနယ်မှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

           ဈေးနှုန်းဈေးကွက် အနေဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသမှ ထွက်ရှိသောခရမ်းချဉ်သီး မှာ အလုံးအကြီးအသေးကိုလိုက်၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် အလုံးသေး တစ်ပိဿာ လျှင်ကျပ် (၂၈၀၀)၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ အလုံးကြီးတစ်ပိဿာလျှင် ကျပ် (၃၈၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလုံးအလတ် တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလုံးကြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင်ကျပ် (၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုဇူလိုင်လ (တတိယပတ်)မှ စ၍ ပုပ္ပါးမှ ခရမ်းချဉ်သီးများစတင် ဝင်ရောက်ပြီး တစ် ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဈေးကောင်းရနေပြီး ပုပ္ပါးသီးမှာ ချက်ပြုတ်ရာတွင် အနှစ်ကျ၍ စာကောင်းပြီး လူကြိုက်များသော ခရမ်းချဉ်သီးဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)

သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ဆူးပုတ်ရွက်ဈေးနှုန်းကျဆင်း

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ မြို့မစည်ပင်သာယာဈေးသို့ မြို့နယ်အတွင်း ရှိ ကျေးရွာများဖြစ်ကြသော သဲတောကျေးရွာ၊ ကံသာစုကျေးရွာနှင့် မီးသွေးဖုတ်ကျေးရွာတို့မှ ခြံထွက် ဟင်းသီးဟင်းရွက်များ နေ့စဥ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမ၊ ဒုတိယ၊ တတိယပတ်)များတွင် ဆူးပုတ်ရွက် (၁)ပိဿာလျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင်လ(စတုတ္ထပတ်)တွင် (၁)ပိဿာ လျှင် ကျပ်(၈၀၀၀ မှ ၉၀၀၀)ထိရှိခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀မှ ၂၀၀၀) ခန့်ထိ ကျဆင်းလာကြောင်း သိရသည်။ ဆူးပုတ်ပင်ကို သရက်မြို့နယ်အတွင်းရှိ ကျေးရွားများ၌ ခြံစည်းရိုးသဖွယ် စိုက်ပျိုးထားရှိခြင်းများဖြစ်ပြီး အညွှန့်အနုလေးများကိုသာ ခူးယူစားသုံးရခြင်းဖြစ် ပါသည်။ ယခင်ရက်သတ္တပတ်များတွင် မိုးရွာသွန်းမှုနည်းပြီး ပိုးအနည်းငယ်ကျရောက်၍ အညွှန့် တက်နှုန်းနည်းခြင်း၊ အထွက်နှုန်းနည်းကာ အောင်လံမြို့မှရောက်ရှိလာသည့် ဆူးပုတ်ရွက်များကိုသာ ဝယ်ယူစားသုံးရသည့်အတွက် ဈေးနှုန်းအနည်းငယ်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် မိုးရွာသွန်းမှုများပြီး အညွှန့်လှိုင်လှိုင်တက်ကာ ပိုးမွှားကျရောက်မှုနည်းပြီး အထွက်နှုန်းပိုများလာ သည့်အတွက် ဆူးပုတ်ရွက်တို့ပေါများကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိ ရသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ ဇူလိုင်လ(စတုတ္ထပတ်)အတွင်း ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက် အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ သမ္ဗူလ၊ ရွှေဗန်းတော၊ ဧကရာဇ်၊ မိုးကောင်း စသည့်ကျေးရွာများမှ ပဲတီစိမ်းသီးနှံအသစ်များ အောင်လံကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း(အခြောက်)(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၁၁၀၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၀၀၀၀)ဈေးနှုန်းရှိပြီး ယခင်(တတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၇၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၅၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)ထိဈေးနှုန်းကျဆင်းခဲ့ပြီး အရောင်းအဝယ်အနေ ဖြင့် (စတုတ္ထပတ်)အတွင်း တင်းရေ(၄၅၀၀)တင်း၊ တန်ချိန်(၁၄၇)တန်ခန့် အရောင်းအဝယ်ရှိပါ ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိ ရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း