ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

        ရွှေဖရုံသီးနှင့် ကြက်ဟင်းခါးသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီး အလုံးကြီး()လုံးလျှင် (၃၀၀၀)ကျပ်၊ အလုံးသေး()လုံးလျှင် (၂၀၀၀)ကျပ်၊ ()စိတ်လျှင်(၁၀၀၀) ကျပ်နှင့် ခရမ်းကြွပ်သီး()ပိဿာလျှင် (၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်း ချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ပဲတောင့်ရှည်သီးနှင့်ကြောင်လျှာသီးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးနှင့် ကြောင်လျှာသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ပဲတောင့်ရှည်သီးနှင့် ကြောင်လျှာသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံး အပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့် ရှည်()တောင့်ပါ()စည်းလျှင်(၅၀၀)ကျပ်၊ ()တောင့်ပါ()စည်းလျှင် (၂၅၀၀)ကျပ်၊  (၁၀)စည်းပါ ()ထုံးလျှင်(၅၀၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး()တောင့်လျှင် (၁၅၀၀)ကျပ်၊ အသေး()တောင့်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိ သည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးနှင့် ရှောက်ပန်းသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးနှင့် ရှောက်ပန်းသီးများကို နေအိမ်ခြံ စည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မ ဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

     သလဲသီးနှင့် ရှောက်ပန်းသီးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာဖြစ် အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း သလဲသီးအသေး ()လုံးလျှင်(၅၀၀)ကျပ်၊ အကြီး()လုံးလျှင်(၁၀၀၀)ကျပ်နှင့် ရှောက်ပန်းသီး()လုံးလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

 

                                                                                               

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ် စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံး ပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်း ဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

 

(မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်း၊ဈေးကွက်

     ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ထို(မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်းများမှာ မုန့်ဖက်()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ရာသီစာ မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေး တွင်လာရောက်ရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ (၁)ဘူးလျှင် (၈၀၀)ကျပ်၊ (၁)ပုံလျှင် (၅၀၀)ကျပ်နှင့် မန်ကျည်းရွက်နု(၁)ပုံလျှင် (၃၀၀)ကျပ်နှင့် (၂)ပုံလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းနှင့် မန်ကျည်းရွက်နုများအား  အိမ်ရှင်မများဟင်းချက်ရာ တွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိ  ကြောင်းမြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                                         

မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင် (၃၅၀) ကျပ်၊ (၃)ကုံးလျှင် (၁၀၀၀)ကျပ်၊ စံပယ်ပန်း(၁)ကုံးလျှင်(၁၅၀)ကျပ်၊ (၄)ကုံးလျှင် (၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင် (၃၅၀)ကျပ်၊ (၃)ကုံးလျှင် (၁၀၀၀)ကျပ်၊ စကားဝါပန်း (၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၉၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၅၀)ကျပ်၊ (၄)ကုံးလျှင်(၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများ အလှပန်ရန်အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန် အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

အနည်းငယ်မြင့်တက်လာသော ဇီးဖြူသီးခြောက်ဈေးနှုန်း

       ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရ သည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို  ဇီးဖြူသီးအခြောက်ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

     ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဇီးဖြူသီးခြောက်(၁)ဘူးလျှင် (၁၂၀၀)ကျပ်၊ (၁)ပြည်လျှင်(၉၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဇီးဖြူသီးခြောက်(၁)ဘူးလျှင် (၁၅၀၀) ကျပ်၊ (၁)ပြည်လျှင် (၁၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့၏ ငါးဖယ်ဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ် ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိသာလျှင် (၂၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၀၀၀)ကျပ်နှင့် ငါးဖယ် ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်းလျှင် (၂၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း