ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပဲကြီးအစိုများစတင်ထွက်ပေါ်”

     ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုးများတွင်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေ၊ လယ်မြေနှင့်ကိုင်းကျွန်းမြေများတွင်လည်း အများအပြားစိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပဲကြီးစိုက်ဧက (၁၄၃၅)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲကြီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းလျက်ရှိပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၅)လမှ (၆)လအတွင်းရှိပါသည်။ စိုက်ပျိုးပြီး(၃)လကြာလျှင် အဖူးအပွင့်များစတင်ဖူးပွင့်ပြီး အသီးတောင့်များရင့်မှည့်လာချိန်တွင် တောင်သူအများစုမှာ ပဲကြီးအစိုများကိုသာခူးဆွတ်၍ ရောင်းချကြကြောင်း၊ ယခုပေါ်ဦးပေါ်စအချိန်တွင်​ ဈေးကွက်အတွင်း၌ ပဲကြီးအစို (၁)ပြည်လျှင် (၄၀၀၀/-)ကျပ်စျေးနှုန်းရရှိပြီး ပဲကြီးအခြောက်တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ်စျေးနှုန်းရှိကြောင်း ယခင်နှစ် ပဲကြီးအခြောက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်ဈေးနှုန်းသာရရှိခဲ့ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊ နွားစာများအတွက်လည်းဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“(ဆောင်း)ကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်း”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်သည် စပါးကိုအဓိကထားစိုက်ပျိုးပြီး ကျေးလက်နေတောင်သူများသည် မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဆောင်းကုလားပဲကိုလည်းစိုက်ပျိုးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၁၆၃၀၄)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ဆောင်းကုလားပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၁)ဧကလျှင် ၁တင်းမှ ၁တင်းခွဲနှုန်းပက်ကြဲကြပြီး တောင်သူအများစုသည် ရိုးရိုးကုလားပဲမျိုးနှင့် V2 ကုလားပဲအဖြူလုံးကြီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ (၁)ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ဆောင်းကုလားပဲများဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိပြီး ကုလားပဲစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲရိုးရိုးတစ်တင်းလျှင် (၅၈၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်း လျှင် (၆၂၀၀၀/-)ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ်ကုလားပဲဖြိုင်ဖြိုင်ထွက်ပေါ်ချိန်၌ ကုလားပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀/-)ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် (၈၇၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၄၅၀၀၀၀-၅၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း ကိုကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ ကုလားပဲစိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာပြီး ကုန်ကျစရိတ်နည်းပါးသောကြောင့် ကုလားပဲသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“နှံစားပြောင်းသီးနှံများဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံဖြစ်ထွန်းအောင်မြင်သောဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်ဒေသဖြစ်သောကြောင့် ပြောင်းသီးနှံကို ရာသီမရွေးစိုက်ပျိုးကြပါသည်။ စီးပွားလည်းဖြစ်ဝင်ငွေတိုးပြီး ကျွဲ၊ နွားစာများပါဖူလုံသောကြောင့် ဖူးစားပြောင်း၊ နှံစားပြောင်းသီးနှံများအား အများဆုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းသီးနှံစိုက်ဧက (၄၇၄၆)ဧကစိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ (၃၈၆၆)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ နှံစားပြောင်းသီးနှံ (၁)ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် ထွက်တိုးဖြူ၊ထွက်တိုးနီမျိုးများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၂၀) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပြောင်းတစ်တင်းလျှင် (၂၂၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့်ရောင်းချခဲ့ရပြီး၊ ယခုနှစ်တွင် ပြောင်းတစ်တင်းလျှင် (၃၅၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကျွဲ ၊ နွားများစားသုံးရန်ကျန်ရှိသော ပြောင်းရိုးများကို ဧကပြတ်လာရောက်ဝယ်ယူသူများရှိရာ (၁)ဧကလျှင် ထွက်ရှိသမျှပြောင်းရိုးများကို (၁၀၀၀၀၀-၁၂၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်များနှုတ်ပြီးပါက (၆၀၀၀၀၀/-) ကျပ်ခန့်မြတ်သောကြောင့်  ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်မျာပိုမိုရရှိသဖြင့် နှံစားပြောင်းသီးနှံကို တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

 

“ပဲစင်းငုံစျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစင်းငုံ(မိုးဦး) အား ကျောက်ဆည်မြို့နယ်တွင် (၈၆၇)ဧက၊ မြစ်သားမြို့နယ်တွင် (၆၈၅)ဧက၊ စုစုပေါင်း (၁၅၅၂)ဧက စိုက်ပျိုးပြီး ယခုလက်ရှိအချိန်ထိ (၃၀၂)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုများအပြင် သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် ပဲစင်းငုံ(၁)ဧကလျှင်ဘ(၄)ပြည်ကုန်ကျပြီး တချို့တောင်သူများသည့် ပဲစင်းငုံများအား မိမိတို့အိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြခြင်းလည်းရှိပြီး ပွဲရုံများ၌ ဝယ်ယူ၍စိုက်ပျိုးခြင်းလည်းရှိကြောင်းသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကြပြီး အထွက်နှုန်းအနေဖြင့် (၈-၁၀)တင်းခန့်ထွက်ရှိကြောင်း၊ ပဲစင်းငုံစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင် (၆၅၀၀၀/-)ကျပ်၊ ယခုနှစ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း ပဲစင်းငုံသီးနှံစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

“ဆောင်းပဲတီစိမ်းစိုက်ပျိုးမှုအခြေအနေ”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက် ပဲတီစိမ်းသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မိုးပဲတီစိမ်း (၂၁၅၂၀)ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး ယခုဆောင်းပဲတီစိမ်းကို  (၅၁၉)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် အသီးများစတင်ကောက်ယူရတော့မည်ဖြစ်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးမှု၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းမျိုး၊ ရေဆင်း-၁၁ မျိုးများကိုစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုတွင် မိုးပဲတီစိမ်းမှာ အထွက်နှုန်းပိုပြီး ဆောင်းပဲတီစိမ်းမှာ အထွက်နှုန်းနည်း၍ စိုက်ပျိုးမှုအလွန်နည်းကြောင်း၊ ပဲတီစိမ်း စျေးနှုန်းအနေဖြင့် ယခင်မိုးပဲတီစိမ်းပေါ်ချိန်တွင် တစ်တင်းလျှင် (၄၀၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် (၅၅၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဆောင်းပဲတီစိမ်းပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ရရှိနိုင်ကြောင်း၊   ဆောင်းပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၃.၂၀၂၄ )

၃.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂.၃.၂၀၂၄ )

၂.၃.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Palm Oil Wholesale Reference Price announced that Ks 5,215 per Viss

    The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,215 per Viss for the period from 4 March 2024 to 10 March 2024.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

     The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၂၁၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

     ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၁.၃.၂၀၂၄ )

၁.၃.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း