ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဆီတို့ဟူး ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံဆိုင်များတွင် ဆီတို့ဟူးကို ပုံးအကြီး အသေး နှင့် (၅၀၀)ကျပ်ဖိုး (၁၀၀၀)ကျပ်ဖိုးတို့မှအစ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ဆီတို့ဟူးကို အထက်ပိုင်းဆို မိုးညှင်းမြို့နှင့် အောက်ပိုင်း တောင်ကြီးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်၌ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆီတို့ဟူး ဈေးနှုန်းမှာ ဆီတို့ဟူး(၁၃)ပိဿာ ပုံးကြီး တစ်ပုံးလျှင်(၁၅၀၀၀၀)ကျပ်၊ ဆီတို့ဟူး(၃၀)ကျပ်သားပါ ပုံးသေ တစ်ပုံးလျှင်(၄၅၀၀)ကျပ် နှင့် ဆီတို့ဟူး(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆီတို့ဟူးကို အစိမ်းအတိုင်းဆီဆမ်းစားခြင်း၊ ကြက်သွန်ဖြူဖြင့်ဆီသပ်ခြင်းနှင့် ကြက်သွန်နီစိမ်းနှင့်သုပ်စားခြင်း စသည့်ပုံစံများဖြင့် ကြိုက်နှစ်သက်သလိုစားသုံးနိုင်ပြီး ဆီတို့ဟူးသည် လူကြိုက်များသော အရန်ဟင်းတစ်ခွက်အဖြစ် အသင့်စားသောက် အသုံးပြုရသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ မှ ဟင်းကြွက်နားတောင်းရွက် နှင့် ငရံ့ပလူရွက် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဟင်းကြွက်နားတောင်း ရွက်ပြုတ်နှင့် ငရံ့ပလူရွက်ပြုတ်တို့ကိုလည်း ရောင်းချလျက် ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေ သည့်  ဟင်းကြွက်နားတောင်းရွက် ဈေးနှုန်းမှာ ဟင်းကြွက်နားတောင်းရွက်ပြုတ်()ပိဿာ လျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ် သားခန့် (၁)လုံးလျှင်(၅၀၀)ကျပ်၊ ဈေးနှုန်း တို့ ဖြင့်လည်းကောင်း ၊ အလားတူပင် ငရံ့ပလူရွက် ဈေးနှုန်းမှာ ငရံ့ပလူရွက် တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ် သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၌ စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

       ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချနိုင်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကောက်ရိုးမှို(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက် ဆိုင်များ ထမင်းဆိုင်များမှ ဝယ်ယူသည့်အတွက် ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း၊ ဂန္ဓမာပန်း နှင့် သပြေပန်း ဈေးနှုန်း

    ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(နောက်ဆုံးပတ်)တွင် ဂန္ဓမာပန်း ဈေးနှုန်းဖြင့် ဂန္ဓမာပန်း အပွင့်ကြီး (၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်း အပွင့်လတ်(အဝါ၊ ခရမ်း၊ အညို)(၅ပန်း)ခက်ပါ တစ်စီး လျှင်(၁၂၀၀)ကျပ် ဂန္ဓမာပန်း အပွင့်အသေး (အဖြူ) (၅)ခက်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း သပြေပန်းအခက် တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး()ငုတ်လျှင် (၄၀၀၀/၅၀၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး ()ငုတ်လျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ၊ကျောက်စိမ်းပန်း(ခေါ်)ဇော်စိမ်းပန်း ဈေးနှုန်းအနေဖြင့် ကျောက်စိမ်းပန်း (ခေါ်)ဇော်စိမ်း ပန်း ()ခက်ပါ တစ်စီးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်း အသီးသီးဖြင့်ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာ မြိုင်ဈေးတွင် ဘုရားပန်း မျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                                               

ကျွန်းလှမြို့တွင် ရောင်းချနေသော ကင်ပွန်းချဉ်ရွက် နှင့် ချဉ်ပေါင်ရွက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ်နှင့် (၁၀)စီး တစ်ထုံးလျှင်(၂၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း၊  ချဉ်ပေါင်ရွက် ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၅၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရာသီပေါ်ကင်ပွန်းချဉ်ရွက် ဈေးနှုန်းအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  ကင်ပွန်းချဉ်ရွက်ကို စားကြပေမယ့် အသီးနှင့်အခေါက်ကိုတော့ သဘာဝခေါင်းလျှော်ရည် အဖြစ်ပြုလုပ်၍ အသုံးပြုကြကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် ချဉ်တဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့ ဟင်းလျာတစ်မျိုးဖြစ်သည့်အတွက် ကင်ပွန်းချဉ်ရွက်များကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ငါး၊ ပုစွန်ဆိတ်ကလေးတို့နှင့် ရောချက်၍လည်းကောင်း ဟင်းချက်ရာတွင် ထည့်သွင်းချက်ပြုတ် စားသုံးကြသည်။ ကင်ပွန်းချဉ်ရွက်သည် စားလို့ကောင်းရုံတင်မဟုတ်ဘဲ ကျန်မာရေးကိုလည်း အထောက်အကူပြုပေးနိုင်ကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို စားသုံးခြင်းဖြင့် သွေးတိုးကျစေနိုင်ခြင်း၊ အနာကျက်စေနိုင်ခြင်း၊ ဆီးချိုကျစေနိုင်ခြင်း ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင် ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိစေပါသည်။

      ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ကင်ပွန်း ချဉ်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ရောင်းချရာ (၁)စည်းလျှင် (၂၅၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်၊ (၅)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

                                               

ကန့်ဘလူမြို့၏ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့် မာလကာသီး ဈေးနှုန်း/ဈေးကွက်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို လှိုင်လှိုင်ရောင်း ချနေကြောင်းသိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို ကန့်ဘလူမြို့နယ် နှင့်ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိ‌ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ် သားလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် မာလကာသီးအလုံးကြီး(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့်ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘ လူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ် (၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(အကြီး)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန် ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ ကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ ကာဘိုးကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်း များမှာ ကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ (၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                               

ကန့်ဘလူမြို့မဈေးရှိ ပဲပြားဈေးနှုန်း/ဈေးကွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီးပေါ်သီးနှံများ၊ ကုန်စိမ်း များနှင့် အခြားဒေသထွက်ကုန်များကိုလည်း ရောင်းချလျက်ရှိရာ ယခုအခါ ပဲပြားများကို ရွှေဘို မြို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

    ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာတစ်မျိုး ဖြစ်ပြီး ပဲပြားကို ကြော်စားခြင်း၊ တုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့်ကြော်စားခြင်း၊ ပဲပြားသုပ် လုပ်စားနိုင်သောကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော  အရာင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ပဲပြားဈေးနှုန်းမှာ ပဲပြား(၁)တုံးလျှင် (၁၃၀၀)ကျပ်၊ (၂)တုံးလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲပြားရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း