ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး အလုံး(အကြီး) တစ်လုံးလျှင် (၃၀၀၀) ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ အရန်ဟင်းဖြစ်သည့် မုန်ညင်းချဉ် ဈေးနှုန်း

     ကျွန်းလှမြို့တွင် ဒေသထွက် ရာသီစာဖြစ်သည့် မုန်ညင်းချဉ်လုပ်ငန်းကို လုပ်ကိုင် ရောင်းချလျက်ရှိ ကြောင်း သိရပါသည်။

       ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်တွင်  မုန်ညင်းချဉ် ဈေးနှုန်းအနေဖြင့် မုန်ညင်းချဉ် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်းကန် တစ်ပန်းကန်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ မလိုင်လုံး နှင့် ကုလားပဲချောင်း ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော မလိုင်လုံး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ကုလားပဲချောင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၂၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များကို မျှစ်ချို/မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့  ရှားပါးသည့်ရာသီတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး မျှစ်အသစ်ပေါ်သည့်အတွက် မျှစ်ချိုဈေး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးတို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချရကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းအနေဖြင့် အကြီး တစ်တောင့်လျှင် လက်လီဈေး(၇၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီဈေး(၆၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီး နှင့် သခွားသီး ဈေးနှုန်း အနည်းငယ်စီ ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော စွန်တာနီပဲ(ခေါ်)ပဲနီရေပွ နှင့်စားတော်ပဲပြုတ် ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့် ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းအနေဖြင့် စွန်တာနီပဲ (ခေါ်)ပဲနီရေပွဈေးနှုန်းများမှာ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော်ပဲပြုတ် လက်ဖက်ရည်သောက်ပန်းကန် တစ်လုံးလျှင်(၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့မှ ပဲတီပင်ပေါက် နှင့် ပဲတီပင်ပေါက်ချဉ် ဈေးနှုန်း

      ကျွန်းလှမြို့တွင် ရာသီမရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍  ရောင်းချလျက် ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ်နှင့် ပဲတီပင်ပေါက်ချဉ် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

    ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ပြောင်းချိုပင်များကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ပြောင်းရိုးများကို နွားစာအဖြစ် အသုံးပြုကြကာ ပြောင်းချိုဖူးသည် ယခင်နှစ်များထက် ဈေးကောင်းရရှိသည့်အတွက် ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ အဖူးလတ် တစ်ဖူးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၅)ဖူး နှင့် အဖူးသေး တစ်ဖူးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၃)ဖူး ဈေးနှုန်း တို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အချိုတည်းစရာ ထန်းဖိုထန်းလျက်အစစ် နှင့် ရိုးရိုးထန်းလျက် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ထန်းလျက်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ထန်းဖိုထန်းလျက်အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင် (၅၀၀၀) ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ရိုးရိုးထန်းလျက် လက်လီဈေး ()ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀) ကျပ် နှင့် ရိုးရိုးထန်းလျက်(၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေပွ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌လည်းကောင်း၊ တို့ဟူးခြောက် တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။     

DOCA(စစ်ကိုင်း)

                                      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း