ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၏ ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများနှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်ဥ အသေး (၁)လုံးလျှင် (၄၀၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၆၅၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၀၀)ကျပ် ငုံးဥ (၁၀)လုံးလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကြက်ဥကို စားသောက်ဆိုင်များ၊ မုန့်ပြားသ လက်ဆိုင်များနှင့် စားဖွယ်စုံဆိုင်များနှင့် အိမ်ရှင်မများလက်စွဲဖြစ်ပြီး ကလေး လူကြီးမရွေး ကြိုက်နှစ်သက်ကြီး ခွန်အားဖြစ်စေသည့်တွက် အများဆုံးအသုံးပြုကြသည်ကို သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၆၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်  ကြက်သွန်နီ မြစ်သား အမျိုး အစား တစ်ပိဿာလျှင်(၁၆၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၃၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်အပတ်ထက် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၀၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၁၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ဇွန်းရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားဖွယ်စုံဆိုင်များနှင့် အိမ်ရှင်မများက အရန်ဟင်းအဖြစ် ကြော်စားခြင်း၊ ချဉ်ရည်ကျိုခြင်း၊ ပေါင်းစားခြင်းနှင့် ပြုတ်ပြီး ငပိရည်ကျိုးဖြင့်တို့စားခြင်း စသည်တို့အသုံးပြုကြသည့်အတွက် ကန်ဇွန်းရွက်သည် ရောင်းအားကောင်းလျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

 

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊  ယခု ဇူလိုင်လ နောက်ဆုံးပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံး ထဲသား) လက္ကားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမဲသား အတို အစ တစ်ပိဿာ(၆၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင် (၅၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)    

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သနပ်ခါးတုံး ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသည်  ဈေးရောင်းသူ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက် လျက်ရှိပြီး ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့ရှိ လက်လီ/ လက္ကား အရောင်းဆိုင်များမှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။ မိမိတို့ဒေသတွင် လည်း သနပ်ခါးကို အိမ်ခြံဝင်းများနှင့် တောင်ယာများတွင် တစ်ပိုင်တစ်နိုင် အနည်းငယ် စိုက်ပျိုး ရောင်းချလျက်ရှိကြပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး(၁)တုံးလျှင်(၄၀၀၀မှ ၅၀၀၀)ကျပ်၊ သနပ်ခါးတုံး အလတ်(၁)တုံးလျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်ထိဈေးနှင့် သနပ်ခါးတုံး အသေး (၁)တုံးလျှင်(၁၀၀၀ မှ ၁၈၀၀)ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၅၀၀ မှ ၇၀၀)ကျပ်ထိ ‌ဈေးနှုန်းအသီးသီးတို့ဖြင့်  အရွက်အစား အမျိုးအစားပေါ်မူတည်၍ ရောင်းချလျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)    

ကျွန်းလှမြို့၏ သခွပ်ပွင့်ခြောက်နှင့် ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက် နှင့် ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက် နှင့်  ရွှေဘိုမြို့ နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ‌ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၄၀၀၀) ကျပ်၊ သခွပ်ပွင့်ခြောက်(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့် ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ကြောင်လျှာပွင့်ခြောက်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် ‌ ကြောင်လျှာပွင့်ခြောက်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သခွပ်ပွင့် နှင့် ကြောင်လျှာပွင့်တို့သည် ဆေးဘက်ဝင်သောအပွင့်ခြောက်များဖြစ်ပြီး အရန်ဟင်းဖြစ် သည့်အတွက် အိမ်ရှင်မများ ကြိုက်နှစ်သက်ကာ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်း ရရှိပါသည်။    

DOCA(စစ်ကိုင်း)    

ကျွန်းလှမြို့မှ ငရုတ်သီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်၊ ငရုတ်သီးခြောက်(အရှည်)(၁၀)ကျပ်သားလျှင် (၁၃၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော် (၁၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ‌ရွှေပဲသီး နှင့် ဘိုစားပဲသီး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ‌ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း‌ ရောင်းချ လျက်ရှိသော  ‌ရွှေပဲသီးဈေးနှုန်းမှာ  ရွှေပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀) ကျပ် ဈေးနှုန်းများဖြင့်လည်းကောင်း ဘိုစားပဲသီးဈေးနှုန်းမှာ ဘိုစားပဲသီး အပြား တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ဘိုစားပဲသီး အလုံး လက်လီ တစ်ပိဿာလျှင်(၆၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံ အစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မင်းဂွတ်သီး နှင့် ကြက်မောက်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ မင်းဂွတ်သီး အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် မင်းဂွတ်သီး အသေး(၁)လုံးလျှင်(၃၅၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ကြက်မောက်သီး ဈေးနှုန်းအနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၄၅၀)ကျပ်၊ (၁၀)လုံးလျှင်(၄၀၀၀)ကျပ်နှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး လျှင်(၃)လုံးတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၏ ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

    ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဩဇာသီး၊ ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ ပန်းသစ်တော်သီး အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီး ဈေးနှုန်းများအနေဖြင့် ပန်းသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးအသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းသီးသည် အရည်ရွမ်းပြီး အသားနုညံ့သလို ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အပြင် ကျောက်ကပ်ရောဂါဝေဒနာရှင်များအတွက် အထူးသင့်တော်သော အသီး တစ်မျိုးဖြစ်သောကြောင့် ဈေးကြီးသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း