ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင်ရောင်းချလျှက်ရှိသော သရေစာနေကြာစေ့

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် သရေစာ စားစရာမျိုးစုံရောင်းချလျက်ရှိပြီး နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် နေကြာစေ့ လက်က္ကားတစ်ပြည်လျှင် (၇၀၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၇၀၀)ကျပ်နှင့် နေကြာစေ့နို့ဆီဘူး(၁) ဘူးလျှင်(၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နေကြာစေ့သည် လူအများကြိုက်နှစ်သက်သည့် သရေစာဖြစ်၍ အရောင်းသွက်လျက်ရှိကြောင်း ကုန်မျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ကုန်မျိုးစုံဈေးကွက်ရှိ ကြက်သွန်ဖြူဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံး ကြီး(၁)ပိဿာလျှင် (၁၂၀၀၀မှ ၁၄၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင် (၆၀၀၀မှ ၁၀၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြုသည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော မာလကာသီး ဈေးနှုန်း

      ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများ ထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မာလကာသီး ဈေးနှုန်းအနေဖြင့် မာလကာသီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး၊ မာလကာသီး အသေး တစ်လုံးလျှင် (၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုပ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ပုဇွန်ထုပ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ပုဇွန်ထုပ်များကို  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုပ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုပ် ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုပ် လက္ကားဈေး(၁)ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ ပုဇွန်ထုပ် လက်လီဈေး(၁)ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုဇွန်ထုပ်(၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ်၊ပုဇွန်ထုပ်(၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

 

DOCA(စစ်ကိုင်း)

ရောင်းအားကောင်းသော အပျင်းပြေသရေစာ နေကြာစေ့ ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက်က္ကား တစ်ပြည်လျှင်(၇၇၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ် နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နေကြာစေ့ကို စားသုံးခြင်းဖြင့် သွေတိုးကျစေခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ နေကြာစေ့မှာ အိပ်ပျော်စေတဲ့ သတ္ထုဓါတ်တွေလည်း ပါဝင်သောကြောင့် ညဘက်အိပ်မပျော်တာတွေဖြစ်ရင် နေကြာစေ့ကိုစားပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည့် ကျန်းမာရေးအထောက်အကူရရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်း ကျဆင်းလာသော နာနတ်သီးနှင့် ဒညင်းသီး ဈေးနှုန်း

    ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညင်းသီး အကြီး တစ်လုံးလျှင် (၂၀၀)ကျပ် နှင့် ဒညင်းသီး အသေး တစ်လုံးလျှင်(၁၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း နာနတ်သီး လှိုင်လှိုင်ပေါများလာသည့်အတွက် ယခင်အပတ်ထက် နာနတ်သီးဈေး အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး နှင့် ဖရဲသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်း များမှာ ဒူးရင်းသီး  အကြီး တစ်လုံးလျှင်(၇၀၀၀၀)ကျပ်၊  ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၅၀၀၀၀) နှင့် ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် (၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဖရဲသီး ဈေးနှုန်းများ မှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၆၅၀၀)ကျပ်၊  ဖရဲသီး အသေး တစ်လုံးလျှင်(၃၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ်လျှင်(၃၀၀)ကျပ်၊ (၂)စိတ်လျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒူရင်းသီးသည် ရာသီကုန်၍ ရှားပါးလာသည့်အတွက် ဈေးကောင်းလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ 

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် တောမှိုအစုံ ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်း ကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက် ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင် ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ တောဘို့မှို(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် တောင်ဘို့မှို(၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း တောမှိုဈေးနှုန်းအနေဖြင့် တောမှို တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ တောမှို(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ် နှင့် တောမှို(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် တောမှိုဈေးအနည်းငယ်ကျဆင်းလာကြောင်း ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

 

ဆူးပုတ်ရွက် နှင့် ပိတ်ချင်းရွက် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်းချခြင်းဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ် လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း()စည်းလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပိတ်ချင်းရွက် ဈေးနှုန်းအနေဖြင့် ပိတ်ချင်းရွက် အစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ်၊ ပိတ်ချင်းရွက်ပြုတ်(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် ပိတ်ချင်းရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်  တည် ငြိမ်ပြီး ရောင်းချလျက်ရှိကြောင်း ဆူးပုတ်ရွက်သည် အနည်းငယ်ရှားပါးလာသော်လည်း ရောင်း အားကောင်းလျက်ရှိကြောင်း  ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

 

ပိတောက်မြိုင်ဈေးအတွင်းရှိ စကားဖြူပန်း နှင့် စကားဝါပန်း ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့်  စကားဖြူ/ဝါပန်းပင်သည် မြန်မာပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ်သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။

    စကားဝါပန်းနှင့်စားကားဖြူပန်းကို အကုံးအလိုက် ဘုရားပန်းကပ်လှူခြင်း၊ အပွင့်အတိုင်း ပန်းကန် လေးဖြင့် ဘုရားတွင်ကပ်လှူခြင်း အပြင် ပန်းများကို ဖန်ပုလင်းများဖြင့် ထည့်ကာ ကျောက်ချဉ်ဖြင့် စိမ်ပြီး နှစ်ပေါင်းများစွာထားရှိကပ်လှူကြသည့်အပြင် ဈေးဆိုင်များ၊ ကားများနှင့် သုံးဘီးဆိုင်ကယ်များတွင် မင်္ဂလာကျက်သရေရှိစွာ ချိတ်ဆွဲလေ့ရှိကြသည်။ လူအများဦးခေါင်းထက်တွင်လည်း ကျက်သရေရှိစွာ ပန်ဆင်လေ့ရှိသည့်အတွက် ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ နောက်ဆုံးပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း