ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်း များမှာ ဒူးရင်းသီး  အကြီးတစ်လုံးလျှင်(၇၀၀၀၀)ကျပ်၊  ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၅၀၀၀၀) နှင့် ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် (၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။   

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် တောမှိုအစုံ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     တောင်ဘို့မှိုကို ခြမှိုလို့လဲခေါ်လေ့ရှိကြသည်။ တောင်ဘို့မှိုသည် တောင်ဘို့ရှိရာမြေအောက် ခြကောင်ရှိသောနေရာများ၌ အစုလိုက်အပြုံလိုက်ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် နွေအကုန် မိုးဦးရာသီအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာသွန်းအပြီးတွင် ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် အခြားမှိုများနှင့်မတူ တမူထူးခြားပြီး အဖူးများဖြစ်သည့်အတွက် ရေအဆေးခံပြီး  အရသာမှာ ပိုချို ပိုနုပြီး လူကြိုက်များကာ ဈေးကောင်းရရှိသော မှိုအမျိုးအစားဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ တောဘို့မှို(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် တောင်ဘို့မှို(၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တောမှိုဈေးနှုန်းအနေဖြင့် တောမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တောမှို(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် တောမှို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ဆူးပုတ်ရွက် နှင့် ပိတ်ချင်းရွက် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်းချခြင်းဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း()စည်းလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပိတ်ချင်းရွက် ဈေးနှုန်းအနေဖြင့် ပိတ်ချင်းရွက် အစိမ်း တစ်ပုံလျှင်(၅၀၀)ကျပ်၊ ပိတ်ချင်းရွက်ပြုတ်(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှင့် ပိတ်ချင်းရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ သဖန်းဆိပ်ဆည်၏ ရေချို ပုဇွန်ခြောက် ဈေးနှုန်း

       ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ပုဇွန်ခြောက် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ပုဇွန်ခြောက်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ခြောက်ဖြစ်ပြီး အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  လက်ဆောင်ပေးရာတွင်လည်း  အမြင်လှသည့်အတွက် အရောင်းသွက်ကာ ဈေးကောင်းရရှိလျက် ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ခြောက် ဈေးနှုန်း များအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး လက်လီ ဈေး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်  အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၂၈၀၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပုဇွန်ခြောက် ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

  ဇူလိုင်လ စတုတ္ထပတ်အတွင်း မန္တလေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံများ၏ဈေးနှုန်းများမှာ ဆီထွက်သီးနှံဖြစ်သည့် နှမ်းညိုတစ်ပိဿာလျှင် (၆၄၄၄) ကျပ်၊နှမ်းဖြူ တစ်ပိဿာလျှင် (၆၇၇၈) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၃၀၀၀) ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လ နှင့် ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။

  ပဲမျိုးစုံဈေးနှုန်းများအနေဖြင့် ပဲစဉ်ငုံ တစ်ပိဿာလျှင် (၄၄၃၃) ကျပ်၊ ထောပတ်ပဲ (ကြီး) တစ်ပိဿာလျှင်(၅၆၀၀) ကျပ်၊ ထောပတ်ပဲ(လတ်) တစ်ပိဿာလျှင် (၄၉၇၅) ကျပ်၊ထောပတ်ပဲ (သေး) တစ်ပိဿာလျှင်(၄၀၈၉)ကျပ်၊ကုလားပဲ(ဗမာ)တစ်ပိဿာလျှင်(၄၅၆၉)ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)တစ်ပိဿာလျှင်(၄၃၅၆)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်ပိသာလျှင်(၄၅၉၄)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 

  အခြားသီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်သီး ခြောက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ နနွင်းတက် (ဗမာ)တစ်ပိသာလျှင်(၁၀၀၀၀)ကျပ်၊ဂျင်း(သစ်)တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ရှိပြီးယခင်လ နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။

DOCA(မန္တလေး)

မျှစ်အသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

 မျှစ်သည် မြက်မျိုးရင်းဝင်တစ်မျိုးမှ ဆင်းသက်လာပြီး မြက်မျိုးရင်းဝင်ထဲတွင်အရှည်ဆုံးနှင့် အကြီးဆုံးအပင်တစ်မျိုးပင်ဖြစ်ပါသည်။ ဝါးပင်နုနုလေးဖြစ်ပြီး ရက်သတ္တပတ်(၂)ပတ်မပြည့်ခင် အမြင့် (၁)ပေ မပြည့်ခင်ခူးချိုးထားသော ဝါးပင်၏အတက်ကလေး ဖြစ်ပါသည်။မျှစ်သည် ချက်စားသည့် အခါတွင်လည်း ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါသည်။ထို့ပြင် ဆောက်လုပ်ရေးလုပ်ကိုင်ရာတွင်လည်း အသုံးဝင်သော ဝါးပင်လည်းဖြစ်ပါသည်။အာရှနိုင်ငံအများစုတွင်ပေါက်ရောက်ပြီး အာရှဒေသခံများ အတွက်လည်း အသုံးဝင်သော အပင်တစ်မျိုးဖြစ်ပါသည်။ မျှစ်သည်ပရိုတင်းဓာတ်ကြွယ်ဝသလို  ကယ်လိုရီပါဝင်မှုလည်း နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် A ၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E ၊ သံဓာတ်များပါဝင်သည်။ မျှစ်သည် အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန် စေနိုင်ပါသည်။ အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကင်းစေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါသည်။ မျှစ်၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ မျှစ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပိတောက်မြိုင်ဈေးအတွင်းရှိ စကားဖြူပန်း နှင့် စကားဝါပန်း ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့်  စကားဖြူ/ဝါပန်းပင်သည် မြန်မာ ပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ်သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။

    စကားဝါပန်းနှင့်စားကားဖြူပန်းကို အကုံးအလိုက် ဘုရားပန်းကပ်လှူခြင်း၊ အပွင့်အတိုင်း ပန်းကန် လေးဖြင့် ဘုရားတွင်ကပ်လှူခြင်းအပြင် ပန်းများကို ဖန်ပုလင်းများဖြင့် ထည့်ကာ ကျောက်ချဉ်ဖြင့် စိမ်ပြီး နှစ်ပေါင်းများစွာထားရှိကပ်လှူကြသည့်အပြင် ဈေးဆိုင်များ၊ ကားများနှင့် သုံးဘီးဆိုင်ကယ်များတွင် မင်္ဂလာကျက်သရေရှိစွာ ချိတ်ဆွဲလေ့ရှိကြသည်။ လူအများဦးခေါင်းထက်တွင်လည်း ကျက်သရေရှိစွာ ပန်ဆင်လေ့ရှိသည့်အတွက် ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ စတုတ္ထပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ငါးရံ့ ဈေးနှုန်းများအနေဖြင့် ငါးရံ့အကြီး တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၅၀၀)ကျပ် ငါးရံ့ (အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း ၊ ငါးရံ့ခြောက် ဈေးနှုန်းများ အနေဖြင့် ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင်(၈၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ ခြောက်(အ‌သေး) လက်လီ တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးရံ့သည် အခြားငါးများထက် အသားကျစ်လစ်ပြီး အရိုးနည်းသည့်အတွက် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် တည်ငြိမ်လျက်ရှိသော ငါးပတ် နှင့် ငါးပေါက်စ ဈေးနှုန်း

     ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ််တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများအနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ်ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဂေါ်ရခါးသီး နှင့် ကျောက်ဖရုံသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဂေါ်ရခါးသီးကိုလည်း မန္တလေးမြို့မှ မှာယူရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်း များမှာ ဂေါ်ရခါးသီး  အလုံးကြီး တစ်လုံးလျှင်(၈၀၀)ကျပ် နှင့် ဂေါ်ရခါးသီး အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အကြီးတစ်လုံးလျှင်(၁၀၀၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။     

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း