ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပဲအမျိုးအစားလိုက်ဈေးနှုန်းဈေးကွက်

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး ယခုလပဲသစ်များလည်း အဝင်ရှိပြီး ပဲဈေးများကောင်းမွန်လျက်ရှိကာ  ပဲအရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၇၀၀ကျပ်၊ ဒုတိယ ပတ်တွင် ၉၇၅၀၀ကျပ်ဖြင့် ဈေးတက်လာပြီး တစ်ရက်ကို ရန်ကုန်အဝယ် အိတ် ၂၀၀/၃၀၀ ခန့်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၂၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၀၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲတီစိမ်း

          ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်း ၆၄၀၀၀ ကျပ်ဖြင့် မန္တလေး အဝယ် တစ်ရက်ကို အိတ် ၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၅၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရန်ကုန်နှင့် မန္တလေးအဝယ်ရှိပါသည်။ စတုတ္ထပတ် တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀/၆၉၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

          ဇန်နဝါရီလ ပထမပတ်တွင် ပဲစင်းငုံအသစ်များ ဝင်စပြုနေပြီး ပဲစင်းငုံတစ်တင်းကို ၁၀၂၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ ရန်ကုန်နှင့် လှောင်သမားများအဝယ်တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး တစ်တင်းကို ၁၀၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၆၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၆၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀-၁၁၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့် ရှိပါ သည်။

ကုလားပဲ

          ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၆၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၇၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် အိတ်(၄၀၀)ခန့်ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၄၀၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရှိပါသည်။

ပဲကြီး

          ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဒုတိယပတ်တွင်လည်း ပဲကြီးဈေးအေးနေပြီး မြိို့တွင်း ပဲကြော်သမားများ အဝယ်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဈေးဖြင့် မြို့တွင်းပဲကြော် သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီးဈေးအေးနေပြီး  ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ် ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကိုအိတ် ၄၀၀ခန့်ရှိပါသည်။

ဘိုကိတ်ပဲ

          ဇန်နဝါရီပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၅၀/၁၀၀ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်မြို့တွင်းအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၅၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးအေး နေပြီး ရန်ကုန်နှင့်မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ ခန့်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးများကောင်းနေပြီး ပဲတီစိမ်း၊ ပဲကြီး၊ ဘိုကိတ်ဈေးများမှာ အေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၅.၂.၂၀၂၄ )

  ၅.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးသွေးဈေးနှုန်းအခြေအနေ

            ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဇန်နဝါရီလတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာ မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                                                

            ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်နှင့်နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ ဇန်နဝါရီ ပထမပတ် ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၉၅၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၈၅၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာ မီးသွေးတစ်အိတ် ၆၅၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၇၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၅၅၀၀/၆၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေး တစ်အိတ် ၇၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၇၀၀၀ ကျပ် နှင့် ယခု ဇန်နဝါရီ နောက်ဆုံးပတ်၌ ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၁၀၀၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၉၀၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာမီးသွေးတစ်အိတ် ၇၀၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၈၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၆၀၀၀/၇၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်တို့ဖြင့် အများပြည်သူများရောင်းဝယ်ကြလျက်ရှိပါသည်။  

        ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော ပထမပတ်နှင့်နောက်ဆုံးပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ မိုးရွာသွန်းမှုနှင့်သယ်ယူ ကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၂.၂၀၂၄ )

   ၅.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၂.၂၀၂၄ )

     ၄.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၂.၂၀၂၄ )

    ၃.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂.၂.၂၀၂၄ )

   ၂.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂.၂.၂၀၂၄ )

    ၂.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဘားအံမြို့ဈေးကွက်တွင် ဆောင်းပဲတီစိမ်း(ရွှေဝါ)အသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

          ဘားအံမြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော ရွှေဂွန်း၊ မင်းဇီ၊ မိဇံ၊  ရေပေါ်သောင်ကျွန်း ဒေသများမှ ထွက်ရှိသော ဆောင်းပဲတီစိမ်း(ရွှေဝါ)အသစ်များ ဘားအံမြို့ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်း(ရွှေဝါ)ဈေးနှုန်းမှာ ၁ ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (၂၀)ပိဿာဝင် တစ်တင်းလျှင် ၆၅၀၀၀ ကျပ်မှ ၆၈၀၀၀ ကျပ်အထိ ပဲအရည်အသွေးပေါ် မူတည်၍ ဈေးရရှိကာ ယခင်နှစ်ကုန်ပိုင်းကာလ၏ ဈေးနှုန်းထက် ဈေးနှုန်း ထပ်မံမြင့်တက်လာသည် ဟုသိရပါသည်။

            ၂၀၂၃ခုနှစ်ကုန်ပိုင်းကာလတွင် ပဲတီစိမ်း(ရွှေဝါ)သီးနှံ၏ ပေါက်ဈေးမှာ (၂၀)ပိဿာဝင် တစ်တင်းလျှင် ၆၃၀၀၀ ကျပ်ခန့်သာရှိကြောင်းနှင့် ယခုနှစ်တွင် ပဲတီစိမ်း ဝယ်လိုအားမှာလည်း မြင့်တက်ခဲ့သောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ပြီး ဒေသတွင်း ရောင်းဝယ်ဖောက်ကားသည့်အပြင် မော်လမြိုင်၊ ပဲခူးနှင့် ရန်ကုန်မြို့များ သို့လည်း တင်ပို့ကြသည်ဟု ဈေးကွက်ကွင်းဆင်း စုံစမ်းမှုအရ သိရပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း