ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ဒညင်းသီး ဈေးနှုန်း/ဈေးကွက်

   ဒညင်းသီးပင်ကို တနင်္သာရီ၊ ကရင်၊ ပဲခူး၊ မော်လမြိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ် တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူး စားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အတွင်း ထားဝယ်မြို့တွင် ဒညင်းသီး(၁)လုံးလျှင် (၁၀၀)ကျပ်၊ (၁၂)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီး များကို ဒေသအတွင်းမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)                                                                                                            

 

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ပန်းဂေါ်ဖီ ဈေးနှုန်း/ဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီး ဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ အဓိက ဝယ်ယူကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၀၀၀မှ ၃၂၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပန်းဂေါ်ဖီများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ဈေးနှုန်း များ အနည်းငယ်မြင့်တက်လာကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ရုံးပတီသီး ဈေးနှုန်း/ဈေးကွက်

     ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် မိမိတို့နေ အိမ်ခြံဝင်းအတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်း များကို လုပ်ကိုင်စားသောက် ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ယခု ဇူလိုင်လအတွင်းဖြစ်ပေါ်နေသော ရုံးပတီသီးဈေးနှုန်းများမှာ ရုံးပတီသီး (၁၃)တောင့်လျှင်(၁၀၀၀)ကျပ်ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ထားဝယ်မြို့ ကုန်စိမ်းသီးနှံ မျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ သံပုရာသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ ထားဝယ်မြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

  ယခုအခါ ထားဝယ်မြို့ စည်ပင်ဈေး၊ကမ်းနားဈေးနှင့်ရပ်ကွက်ဈေးတို့၌ သံပုရာသီးအရွယ် အစားအပေါ်မူတည်၍ တစ်(၇)လျှင်(၅၀ဝိ/-)ကျပ် ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေး အတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများ တွင်လည်း ထည့်သွင်း စားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများ အတွက်လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။ 

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ရာသီပေါ် ဒူးရင်သီး ဈေးနှုန်း

       ဒူးရင်းသီးသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သော တနင်္သာရီတိုင်းဒေသကြီးတွင် အများ ဆုံး ဖြစ်ထွန်းပြီး တစ်နှစ်လျှင် တစ်ကြိမ်းသီးသော အသီးဖြစ်သည်။ ကောင်းမွန်သော အရသာရှိပြီး ရာသီချိန် တွင် ဈေးကောင်းရသော အသီးဖြစ်၍ အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြသည်။

          ဒူးရင်းသီးရာသီချိန်ဖြစ်သောကြောင့် ဈေးကောင်းရလျက်ရှိပြီး အလုံးသေးတစ်လုံးလျှင် (၄၀၀၀) ကျပ်ခန့်နှင့် အလုံးကြီးတစ်လုံးလျှင်(၈၀၀၀)ကျပ်ခန့်ရှိကြောင်းသိရပါသည်။ အရွယ်အစား ပေါ်မူတည်၍ ဈေးနှုန်းကွဲပြားသလို အလုံးကြီးလျှင်ကြီးသလို ဈေးကောင်းရကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ    စပါးလင်ပင် ဈေးနှုန်း

    စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက်လေ့ ရှိပါသည်။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်  ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါ သည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။

     ထားဝယ်မြို့အတွင်းရှိ ကျေးရွာ အချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင်  စိုက်ပျိုးကြသလို ခြံစိုက် တောင်သူ အချို့မှာ မာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေ ဖြင့် ယခုဇွန်လ ဒုတိယပတ်တွင် ခြံပေါက်ဈေး  အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများ ထံမှသိရပြီး ဈေးကွက်အတွင်း စပါလင်ပင် သုံးပင်ပါ တစ်စီး(၈၀၀)ကျပ် ဖြင့် ရောင်းချနေ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ   ငါးစင်ရိုင်းဈေးနှုန်း

    ထားဝယ်မြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်း များ ထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

       ထားဝယ်မြို့အတွင်း ကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ငါးစင်ရိုင်းဈေးနှုန်းများအနေဖြင့် ငါး(အကြီး) ရှယ်ဆိုက်ဝင် ဆယ်ကောင်ကို ၅၀၀၀ ကျပ်၊ ငါး(အလတ်) နှင့် (အသေး) တစ်ဗူးလျှင် ၃၀၀၀ ကျပ် နှင့် ၄၀၀၀ ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ပန်းသစ်တော်သီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများ အပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိ ကြောင်း သစ်သီးဆိုင်များမှ သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၁)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် အလုံးသေးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ် တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ပန်းသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအများအပြား ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီး သည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးသည့်အတွက် လူကြိုက်များသည့် အသီး တစ်မျိုး ဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံး ကြီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  လိမ္မော်သီး ဈေးနှုန်း

 

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး  အများအပြား ရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည်ဖြင့်ရှိကြောင်း၊ လိမ္မော်သီးများကို  သစ်သီးပွဲရုံများမှ ဝယ်ယူရောင်း ချလျက်ရှိ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး ၁ ကီလို လျှင် (၆၀၀၀)ကျပ်၊ လိမ္မော်သီးကို စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း