ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါက်ခေါင်းမြို့၏ မုန့်ညှင်းထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်အုပ်စု၊ ငါးခူအိုင်ကျေးရွာတွင် မုန့်ညှင်းစိုက်ပျိုးထားသဖြင့် ဈေးနှုန်းဈေးကွက်နှင့် အကျိုးအမြတ်များသိရှိစေရန်အလို့ငှာ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာတွင် မုန့်ညှင်းစိုက်ပျိုးသူတောင်သူ ဦးတင်ဝေမှာ ၎င်းအနေဖြင့် မုန့်ညှင်းစိုက်ဧက(၀.၂၅)ဧကတွင် ပျိုးပင်ပေါင်း (၂၀၀၀)ခန့်စိုက်ပျိုးထားရှိကြောင်း၊ပျိုးပင်တစ်ပင်လျှင် (၁၅)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ ပျိုးပင်ဖိုးကုန်ကျငွေမှာ ၃၀၀၀၀ကျပ်ကုန်ကျကြောင်းနှင့် သွင်းအားစုနှင့် စိုက်ပျိုးစရိတ်၊ ခူးဆွတ်စရိတ်ကုန်ကျငွေမှာ ၆၇၅၀၀ကျပ် ရှိကြောင်းသိရပါသည်။ မုန့်ညှင်း(၀.၂၅)ဧကအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ၉၇၅၀၀ကျပ်ကုန်ကျကြောင်း၊ မုန်ညှင်းပင်ထွက်ပေါ်ချိန်တွင် တစ်ပင်လျှင် ၂၀၀ကျပ်ဖြင့်ရောင်းချရသဖြင့် (၀.၂၅)ဧကအတွက် ဝင်ငွေရရှိမှုမှာ ၄၀၀၀၀၀ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ထွက်ရှိလာသောမုန်ညှင်းပင်များကို စိုက်ခင်းအထိလာရောက်ဝယ်ယူကြသာများရှိပြီး ဈေးကွက်ဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ပြည်မြို့ရှိ ဈေးကွက်များသို့လည်း သွားရောက်ရောင်းချကြောင်းသိရပါသည်။ မုန်ညှင်းစိုက်ပျိုးသူတောင်သူ၏ အကျိုးအမြတ်အနေဖြင့် ၃၀၂၅၀၀ကျပ် ခန့်ရရှိ၍ မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Palm Oil Wholesale Reference Price announced that Ks 5,380 per Viss

     The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.

     According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 5,380 per Viss for the period from 29 January 2024 to 4 February 2024.

    If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.

    The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၈.၁.၂၀၂၄ )

    ၂၈.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၇.၁.၂၀၂၄ )

    ၂၇.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၆.၁.၂၀၂၄ )

၂၆.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၆.၁.၂၀၂၄ )

၂၆.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၁.၂၀၂၄ )

   ၂၆.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများ

    ၂၀၂၄ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရှိ အသားငါးဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဘဲသား ၁ပိဿာလျှင် (၁၂၀၀၀ -၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ပိဿာလျှင် (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးကြင်း ၁ပိဿာလျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်နှင့် ပင်လယ်ငါး ၁ပိဿာလျှင် (၆၀၀၀-၇၀၀၀) ကျပ်ထိရှိကြောင်းသိရပြီး ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများအပြောင်းအလဲမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကြက်/ဘဲများကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှလည်းကောင်း၊ ငါးများကိုမူ ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးကြီးမှလည်းကောင်း ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ စားဖိုဆောင်သုံးဈေးနှုန်းများ

    ၂၀၂၄ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ပုဇွန်တောင်ဈေးအတွင်းရောင်းချနေသော စားဖိုဆောင်သုံးဈေးနှုန်းများမှာ စားအုန်းဆီ ၁ပိဿာလျှင် (၅၄၇၅) ကျပ်၊ ပဲဆီ(ရှယ်) ၁ပိဿာ လျှင်(၁၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ ၁ပိဿာလျှင် (၃၀၀၀ - ၃၆၀၀ - ၄၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ(ဥ) တလုံး ၁ပိဿာလျှင် (၁၈၀၀ဝ-၂၀၀၀ဝ)ကျပ်၊ ကြက်သွန် ဖြူ(အမွှာ) ၁ပိဿာလျှင် ၁၉၀၀ဝ) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူး ၁ပိဿာလျှင် (၃၄၀၀)ကျပ်၊ နနွင်းမှုန့် ၁ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နနွင်းတက် ၁ပိဿာ လျှင် (၇၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ထုပ်လျှင် (၅၀၀) ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်တောင့်(ပု) ၁ပိဿာလျှင် (၂၄၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ပဲဝါလေး ၁ပိဿာလျှင် (၄၄၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ပိဿာလျှင် (၇၂၀၀) ကျပ်၊ ချင်း ၁ပိဿာလျှင် (၇၀၀၀ - ၈၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

    စားအုန်းဆီသည် ရည်ညွှန်းဈေးနှုန်းအပေါ်မူတည်၍ အပြောင်းအလဲရှိနေသော်လည်း ဈေးကွက်အတွင်း ပြည်သူများသင့်တင့်စွာအလွယ်တကူဝယ်ယူသုံးစွဲနိုင်ကြကြောင်း၊ ကျန်စားဖိုဆောင်သုံးကုန်စည်များကို ညောင်ပင်လေးဈေးနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်များမှ လွယ်ကူချောမွေ့စွာဝယ်ယူနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုများလည်းမြန်ဆန်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း