ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇီးတောကျေးရွာ၌ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများသည် စပါး၊ ကုလားပဲ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မြေပဲ၊ ဝါ သီးနှံများအပြင် ချဉ်ပေါင်၊ ကျောက်ဖရုံ၊ ဘူး၊ ရွှေဖရုံ၊ သခွား၊ ပြောင်း၊ ငရုတ်၊ ရုံးပတီ စသောမီးဖို ချောင်သုံးသီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ဇီးတောကျေးရွာ၌ ကုလားပဲစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၀၀)ဧကဝန်းကျင်ရှိ ကြောင်း သိရပါသည်။ စိုက်ပျိုးရာတွင် ကုလားပဲ(မြကြေး)မျိုးကိုအများဆုံးစိုက်ပျိုးကြပြီး တန်ဆောင်မုန်းလတွင်စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီး(၃)လခွဲအကြာတွင်ရိတ်သိမ်းရကြောင်း၊ မိမိအနေဖြင့် ကုလားပဲ(၃)ဧကစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၃)တင်းခန့်ကုန်ကျပြီး ထွန်တုံးဖြင့်ထွန်ကြောင်းဆွဲကာ မျိုးစေ့ချ၍စိုက်ပျိုးကြောင်း၊ မျိုးကိုယခင်နှစ်ကကုလားပဲစိုက်ခင်းမှ ထွက်ရှိသည့် ကုလားပဲကို မျိုးအဖြစ်ဖယ်ချန်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ဆောင်းသီးနှံကုလားပဲမှာ နှင်းအစိုဓါတ်၊ မြေအစိုဓါတ်ဖြင့် စိုက်ပျိုးရသောသီးနှံဖြစ်ကြောင်း၊  စိုက်ပျိုးစဉ်တလျှောက် မည်သည့် ပိုးသတ်ဆေးမှအသုံးမပြုဘဲ သဘာဝမြေသြစာကိုသာအသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပြီး ယခုနှစ်တွင်မှု သွင်းအားစု စရိတ်မြင့်တက်လာမှုနှင့်အတူ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျ စရိတ်မှာ ကျပ် (၄၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က ကုလားပဲစိုက်ခင်း(၁)ဧကလျှင် တင်း(၂၀)နီးပါးထွက်ရှိပြီး (၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၉၇၀၀၀)အထိရရှိကာ ကုလားပဲစိုက် တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့်ကုလားပဲများကို အထက်မင်းလှမြို့ပွဲရုံများသို့တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မှု စိုက်ပျိုးပြီးစီး ရုံသာရှိသေး၍ အထွက်နှုန်းအနေဖြင့်မသိရှိရသေးပါကြောင်း ဇီးတောကျေးရွာတွင် နေထိုင်သည့် ကုလားပဲစိုက်တောင်သူ ဦးအောင်ဆန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

အထက်မင်းလှမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့သည် စိုက်ပျိုးရေးဒေသဖြစ်သော်လည်း စပါးစိုက်ဧကနည်းပြီး ဆန်မှာအခြားဒေသတိုင်းများမှ ဝယ်ယူတင်သွင်းရသောဒေသဖြစ်ပါသည်။ မင်းလှမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရေဦးမြို့နှင့် မကွေးတိုင်း၊ မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဧရာဝတီတိုင်း၊ ဖျားပုံ၊ ပုသိမ်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ ဟင်္သတမြို့တို့မှ ဆန်အိတ်များဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

           ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင်အထက်မင်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ဆန် ဈေးနှုန်း ဧရာပဒေသာဆန် ရွှေပိုးအိမ်(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ (စိမ်း) (၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ စိန်ရတီ(နီ)(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၁၈၀၀၀)၊ စိန်ရတနာဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၂၃၀၀၀)၊ စိန်ပုလဲဧရာ(၂၄)ပြည်(၁)အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ ကုန်းဇောင်း(အလွတ်)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၄၃၀၀၀)၊ မနောသုခ (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ပေါ်ဆန်း(ရွှေဘို) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၇၈၀၀၀)၊ ဧရာ ပေါ်ဆန်း(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၁၅၂၀၀၀)၊ ရက်(၉၀)(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဖယောင်းရွှေစင်(၂၄)ပြည်(၁)အိတ်လျှင် ကျပ်(၉၂၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်ဇန်နဝါရီလ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် စိန်ရတနာဧရာ(၁) အိတ်လျှင် ကျပ်(၃၀၀၀)ဈေးမြင့်ခဲ့ပြီး စိန်ပုလဲဧရာ(၁)အိတ်လျှင် ကျပ်(၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၁၅၀၀)၊ ပေါ်ဆန်း(ရွှေဘို)(၁)အိတ်လျှင် ကျပ်(၃၀၀၀)အသီးသီးဈေးနှုန်းလျော့ကျခဲ့ပြီး ကျန်ဆန်ဈေးနှုန်းများမှာတည်ငြိမ်လျက်ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ် (၉)ရပ်ကွက်နေ ဆန်ရောင်းချသည့်ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏လက်လီဈေးနှုန်းများ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးတွင် (၁၂-၁-၂၀၂၄)ရက်နေ့မှ (၁၈-၁-၂၀၂၄) ရက်နေ့အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ် (၁၂၀၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၇၀၀)၊ Lotus တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ် (၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ ကြက်သား(စီပီ)တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၅၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၃၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၅၀၀၀)အသီးသီးဈေးနှုန်းမြင့်တက်လာပြီး ငရုတ်သီးစိမ်း ကျပ် (၃၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၃၀၀)၊  ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် ကျပ် (၃၀၀၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးဈေးကျဆင်းလျက်ရှိကြောင်း၊ ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းအခြောက်များကို ပြည်ခရိုင်မှဝယ်ယူရကြောင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီများကို ကံမမြို့နယ်၊ ကျေးရွာများနှင့် သရက်မြို့နယ်တို့မှဝယ်ယူ၍ ရောင်းချရကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှသိရှိရပါသည်။

DOCA(မကွေး)

               

မကွေးမြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဆောင်းရာသီကာလဖြစ်သောကြောင့် အိမ်သုံးဆေးဝါးများအနက် နှာစေးပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများမှာ ပိုမိုရောင်းချရကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများထံမှသိရှိရပါသည်။

   ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော အိမ်သုံးဆေးဝါးများမှာ Paracetamol Tablet 500 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Asprin Tablet 80 mg(၂၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၄၀၀)၊ Decolgin (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၀၀၀)၊ Bermeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၁၆၀၀)၊ ချောင်းချိုးပျောက်ဆေးများဖြစ်သော Dextrometorphal Tablet 15mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၅၀)၊ Bromhexine HCL Tablet 8 mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၃၀၀)၊ Acetyluysteine (၁၀)လုံးပါ(၁)ကတ်လျှင် ကျပ်(၂၆၅၀)၊ Cough Syrup (၁)ဘူးလျှင် ကျပ်(၁၂၀၀)၊ နှာစေးပျောက်ဆေးများဖြစ်သော Cetirizine Tablet 10mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၁၅၀)၊ Levo Cetirizine Tablet 10mg (၁၀)လုံးပါ (၁)ကတ်လျှင် ကျပ်(၈၀၀) တို့ဖြင့် ရောင်းချလျက်ရှိပြီး နှာစေးပျောက်ဆေးများဖြစ်သော Cetrizine နှင့် Levo Cetrizine ဆေးများမှာ ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့၏ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများကျဆင်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင်  ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၇၀၀-၂၂၀၀-၂၅၀၀)ဖြစ်ပြီး (ပထမပတ်)တွင် ကျပ်(၂၂၀၀-၂၉၀၀-၃၂၀၀)ဖြစ်ခဲ့သောကြောင့် ကျပ်(၅၀၀-၇၀၀-၇၀၀)ကျဆင်းလာကြောင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

   ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဇန်နဝါရီလ(တတိယပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၆၀၀-၂၀၀၀)ဖြစ်နေပြီး (ပထမပတ်)တွင် ကျပ်(၁၆၀၀-၂၄၀၀-၂၈၀၀)ဖြစ်ခဲ့သောကြောင့် ကျပ်(၄၀၀-၈၀၀-၈၀၀)စျေးနှုန်းကျဆင်းလာကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့တင်ပို့ချပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၄.၁.၂၀၂၄ )

    ၂၄.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၄.၁.၂၀၂၄ )

  ၂၄.၁.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၁.၂၀၂၄ )

၂၄.၁.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင်92 RON တစ်လီတာလျှင် ၂၅၅၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၆၇၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၉၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၇၅ကျပ်ရှိပါသည်။ 

     တောင်ငူမြို့၊ New Day စက်သုံးဆီဆိုင်၌  (၁၉-၁-၂၀၂၄) ရက်နေ့တွင် 92 RON တစ်လီတာလျှင် ၂၆၂၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၇၆၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၇၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၃၅ကျပ်ရှိပါသည်။ 

     အုတ်တွင်းမြို့၊ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၆၂၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၇၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၇၀ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၄၀ ကျပ်ရှိပါသည်။

     ရေတာရှည်မြို့၊ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၆၃၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၇၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၇၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၃၅ကျပ်ရှိပါသည်။

      သို့ဖြစ်၍ 92 RON တစ်လီတာလျှင် ၇၀ကျပ်၊ 95 RON တစ်လီတာလျှင် ၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၇၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၆၀ကျပ်ဈေးနှုန်းတို့မြင့်တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဘိလပ်မြေဈေးနှုန်းအနည်းငယ်မြင့်တက်နေပြီး ငါးမူးလုံးသံချောင်းဈေးငြိမ်

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) ၈၅၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၇၀၀ကျပ်၊ Apache ၈၃၀၀ကျပ်၊ Rhino ၈၂၀၀ကျပ်၊ Max ၈၅၀၀ကျပ်ရှိပါသည်။

      ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) ၉၃၀၀ကျပ်၊ ထိုင်းဆင် ၉၃၀၀ကျပ်၊ Alpha ၉၁၀၀ကျပ်၊ Apache ၈၉၀၀ကျပ်၊ Rhino ၈၈၀၀ကျပ်၊ Max ၉၄၀၀ကျပ်ရှိပါသည်။

     သို့ဖြစ်ပါ၍ ကြံနှစ်ကောင်(အနီ)နှင့် ထိုင်းဆင်မှာ တစ်အိတ်လျှင် ၈၀၀ကျပ်၊  Alpha တစ်အိတ်လျှင် ၄၀၀ကျပ်၊ Apache နှင့် Rhino တစ်အိတ်လျှင် ၆၀၀ကျပ်နှင့် Max တစ်အိတ်လျှင် ၉၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

        ငါးမူးလုံးသံချောင်းမှာ တစ်တန်လျှင် ၁၅၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း