ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲလွန်း(၂၃၀၇)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲလွန်းပြာနှင့် ပဲလွန်းဖြူများကို ဒေသတွင်းမှစိုက်ပျိုးထွက်ရှိသည့်ပဲများအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြပါသည်။

ပဲလွန်းပြာ

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲလွန်းဖြူ

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲလွန်းဖြူဈေးနှုန်းမှာ ()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ(၁)ပြည်လျှင် (၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများ

      ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင်  ရာသီပေါ် သီးနှံများ၊ အသားငါးများကိုရောင်းချလျက်ရှိရာ သူ့ရာသီအလိုက်ပေါ်သည့် ရွှေဖရုံသီးများကိုလည်းရောင်းချလျက်ရှိပါသည်။ ရွှေဖရုံသီးကို ရွှေဘို မြို့နယ်အပြင် အခြားရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ ရွှေဖရုံသီးမှာ ထိုင်ဝမ်သီး ဟူ၍ရှိကြောင်း၊ ထိုင်ဝမ်သီးကို အလုံးအကြီးလိုက်သော် လည်းကောင်း၊ စိတ်၍ အစိတ်သော် လည်း ကောင်း၊ သထုံသီး(ခေါ်) ရွှေဖရုံသီး အသေးလေးများကို ရောင်းချကြကြောင်း၊ ရွှေဖရုံသီး အကြီး (၁)လုံး လျှင် အရွယ်အစားအ ကြီးအ သေးပေါ်မူတည်၍ (၁)လုံးလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်အထိ ရောင်းချပြီး  (၁)စိတ်လျှင် (၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချပြီး သထုံသီး (ခေါ်)ရွှေဖရုံသီး အသေး(၁)လုံးလျှင် (၅၀ဝိ/-)ကျပ်မှ (၇၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန် စိမ်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲပုတ်စေ့ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲပုတ်စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံမှာအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲပုတ်များကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်  ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင် (၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး  ဈေးငြိမ်နေကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့် သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲနီလေးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီလေးစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲနီလေးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင် ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ (ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၆၄၀၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည်လျှင် (၁၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးအနည်းငယ်ကျသည့်မန်ကျီးသီးစိမ်းနှင့် ပဲလင်းမြွေသီးဈေးနှုန်းအခြေအနေ

      ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ရာသီစာသီးနှံဖြစ်သည့် မန်ကျီးသီးစိမ်းနှင့် ပဲလင်းမြွေသီးများကို စတင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဇွန်လ၏ လလည်တွင်  စတင်ပေါ်ပြီး  ပေါ်ခါစတွင် ရောင်းချသော ပေါ်ဉီးပေါ်ဖျား ရာသီစာမန်ကျီးသီးဈေးနှုန်းမှာ  နို့ဆီဗူး (၁)ဗူးလျှင် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခုအချိန်တွင် မန်ကျီးသီးစိမ်းများမှာ လှိုင်လှိုင်ပေါ်၍ ဈေးအနည်းငယ်ကျသဖြင့်  ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မန်ကျီးသီးစိမ်းမှာ (၁)ဘူးလျှင် (၁၅၀ဝိ/-ကျပ်ဖြင့် ဈေးကျလျက်ရှိပြီး ပဲလင်းမြွေသီးမှာ မေလတွင် စတင်ပေါ်၍ ပေါ်ခါစ ပဲလင်းမြွေသီး ဈေးနှုန်းမှာ (၁)တောင့်လျှင် (၇၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါ်၍  ၂၀၂၅ခုနှစ်၊ ဇူလှိုင်လ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော ပဲလင်းမြွေသီး ဈေးနှုန်း မှာ (၁)တောင့်လျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ငှက်ပျောသီးဈေးနှုန်း

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများများရောင်းချသည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် ငှက်ပျောသီးများကို ရောင်းချလျက်ရှိပါသည်။ ငှက်ပျောသီးများမှာ ဒေသတွင်းမှ ထွက်ရှိသည့် အသီးများအပြင် ရွှေဘိုမြို့နယ် လက်လှုပ်ကျေးရွာနှင့် ဒီပဲယင်းမြို့များမှ လည်း သယ်ယူရောင်းချကြောင်း၊ ငှက်ပျောသီးများကို အလှူပွဲများ၊ မင်္ဂလာပွဲများတွင် လည်း ကောင်း၊ သာသနာပွဲ များ၊ ကန်တော့ပွဲများ နှင့် စားသုံးရန်အတွက် ဝယ်ယူကြကြောင်း၊ ငှက် ပျောသီး မျိုးများမှာ ခွန်စိမ်းမျိုး နှင့် ဖီးကြမ်းမျိုးဟူ၍ရှိပြီး အစိမ်းနှင့် အမှည့်ဟူ၍ ရောင်းချကြောင်း၊ အစိမ်း ဈေးနှုန်းမှာ အမှည့်ဈေးထက် အနည်းငယ်ဈေးပိုပေးရကြောင်း၊ ခွန်စိမ်းငှက်ပျော(၁)ဖီးလျှင် အရွယ် အစားပေါ်မူတည်၍ (၁၅၀ဝိ/-)ကျပ်၊ (၂၀၀ဝိ/-)ကျပ်နှင့် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြကြောင်း၊ ရောင်းဖီးကြမ်းငှက်ပျော(၁)ဖီး လျှင် အရွယ်အစားပေါ်မူတည်၍ (၂၀ဝဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြကြောင်း ငှက်ပျောသီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သည့် ပဲဖြူပြားဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲနီပြားနှင့် ပဲဖြူပြားများ စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များ မှာဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲဖြူပြားများ ကိုမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချ ကြပါသည်။

ပဲဖြူပြား

ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲဖြူပြားဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲဖြူပြား(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲဖြူပြားကို ရေစိမ်ပြီးအခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင်ကြော်သည့် ပဲကြမ်းကြော်ဖို များ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်ရှိ ပဲကြားနှင့် ပဲတီဆံဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲကြားစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲကြားများကို ဒေသတွင်း၌ ဧကအလိုက်စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထွက်ရှိသည့်ပဲကြားများနှင့်  မန္တလေးမြို့မှ ဝယ်ယူရောင်းချကြပါသည်။ ပဲတီစိမ်း စိုက်ပျိုးမှုစာရင်းများအရ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ရွှေဘိုမြို့တွင် ပဲတီစိမ်းများ စိုက်ပျိုးမှုရှိသော်လည်း ပဲတီဆံကို တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်မှုရှိပြီး စက်များဖြင့် အခွံချွတ်၍ ရောင်းချမှုမရှိကြောင်း၊ ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲတီဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင် ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင် (၉၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၃၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်တွင် ယခုအပတ်ထက် ပဲတီဆံ()ပြည်လျှင် (၁၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲကြား

မြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ တတိယအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည် လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊  မေလ၊ ဒုတိယအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ဈေးနှုန်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန်  ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။  ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၃၅၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၀၀)ကျပ်၊ ငုံးဥ (၂၈)လုံးပါတစ်ထုပ်လျှင် ( ၁၀၀၀ )ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ ဆက်လက် ကျဆင်းလျက်ရှိပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်  ကုန်ပစ္စည်းများရောင်းချပေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း