ပုသိမ်မြို့ရဲ့ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

ရွှေဖရုံသီးကို အချိုချက်ပြုတ်စားသောက်ကြသကဲ့သို့ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးနှင့် ရောစပ်၍လည်းစားသုံးနိုင်သည်။ အရွက်၊ အပွင့်နှင့် အညွှန့်တို့ကို ကြော်၍သော်လည်းကောင်း၊ ဟင်းချို၊ အသုပ်သုပ်၍အဖြစ်သော်လည်းကောင်း၊ ရေနွေးဖျော၍ အတို့မြှုပ်အဖြစ်သော်လည်းကောင်း စားသုံးနိုင်သည်။ ရွှေဖရုံအစေ့ကို လှော်၍စားသုံးလေ့ရှိကြပြီး ဆားအနည်းငယ်ထည့်၍လှော်ပါက အရသာပို၍ကောင်းကြောင်းသိရသည်။ ရွှေဖရုံသီးတွင် ဗီတာမင်စီအလွန်ကြွယ်ဝသဖြင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည်။ မျက်စိမှုန်ခြင်းနှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များအတွက် ဗီတာမင်အေအပြည့်အဝပါရှိသော ရွှေဖရုံသီးကိုစားသုံးခြင်းဖြင့် သက်သာစေနိုင်သည်။ မျက်စိကြောင်၍ နာတာရှည်အိပ်မပျော်သူများသည် ရွှေဖရုံသီးဖျော်ရည်ကို ပျားရည်အနည်းငယ်ရောစပ်ကာ သောက်သုံးသင့်ပေသည်။ ရွှေဖရုံစေ့တွင် L- tryptophan ဓာတ်ပါရှိ၍ နှစ်ခြိုက်စွာအိပ်မောကျစေသည်။ ရွှေဖရုံသီးသည် အချိုဓာတ်ပါရှိသော်လည်း သွေးထဲရှိသကြားပမာဏကိုလျှော့ချပေးသည့်အတွက် ဆီးချိုရောဂါရှိသူများလည်းစားပေးသင့်သည်။ ရွှေဖရုံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပြင် ရေဓာတ်အလုံအလောက်ပါရှိ၍ မျက်နှာအတွင်းသားအထိအေးမြစေပြီး ကျန်းမာလှပသောအသား အရေကိုရရှိစေပါသည်။
ရွှေဖရုံသီးသည် တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းလည်းသိရသည်။ ရွှေဖရုံသီးဈေးနှုန်းမှာ (၁)သားလျှင်(၃၀၀)ကျပ် ထိရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)