ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံဈေးကွက်တွင် ကြက်ဥဈေးနှုန်း ဈေးအနိမ့်အမြင့်ဖြင့်ပုံမှန်အရောင်းအဝယ်ရှိ

         မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်တွင် ကြက်မွေးရေးခြံများရှိသော်လည်း သုံးစွဲမှုမြင့်မားသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ လိုအပ်သော ကြက်ဥ / ဘဲဉများကို တောင်ကြီး ၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှ မှာယူရောင်းချကြောင်းသိရသည်။ မြို့ပေါ်ရှိ ကြက်ဥအရောင်းဆိုင် တစ်ဆိုင်သို့ မေးမြန်းကြည့်ရာမှာတော့ ယခင်က ပြင်ဦးလွင်မှ မှာယူရောင်းချပါကြောင်း၊ ယခုမန္တလေးမှ မှာယူရောင်းချပါကြောင်း၊ တစ်ရက်ကို လက်လီ/လက်ကား အလုံးရေ ၄၅၀၀ ရောင်းချရပါကြောင်း၊ ကြက်ဥဈေးနှုန်းအနေဖြင့် ယခင်အပတ်ကြက်ဥတစ်ပိဿာလျှင် ၁၀၅၀၀/- ကျပ်ဈေးရှိပြီး ယခုရက်ပိုင်း အနေဖြင့်တစ်ပိဿာ ၁၁၀၀၀/- ၊ ၁၁၂၀၀/- နိမ့်လိုက် မြင့်လိုက် ဈေးနှုန်းအပြောင်းအလဲဖြင့် မန္တလေး ကြက်ဥဈေးနှုန်းပေါ်အခြေခံ၍ ကြက်ဥတစ်လုံးလျှင် အနိမ့် ၄၀၀/-ကျပ်မှ အမြင့်ဈေး ၅၀၀/- ကျပ် ဈေးရောင်းချလျက်ရှိကြောင်းသိရပါသည်။ ကြက်ဥသည် ဟင်းဖြစ်လည်းလွယ်သည့်အတွက်  ဟင်းလျာ အတွက်ဆိုလျှင် ကြက်ဥပြုတ် ၊ ကြက်ဥကြော် ၊ ကြက်ဥကြော်ချက် ၊ ကြက်ဥပေါင်းချက်နှင့် ကြက်ဥ မွှေချက်တို့ကို အလွယ်တကူချက်ပြုတ် စားသုံးနိုင်သည့်အတွက် အများစုဝယ်ယူစားသုံးကြသည့် အတွက် အရောင်းအဝယ်အားဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA (မန္တလေး)           

အောက်တိုဘာလနောက်ဆုံးပတ်မန္တလေးပဲကြီးစျေး

       ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါ အဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၆၀၀၀၀ကျပ်နှင့် ၄၈၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၄၃၀၀၀၀ကျပ်နှင့်၄၅၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၃၀၀၀၀ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၈၃၂၆ကျပ်နှင့် ၈၆၈၈ ကျပ်၊ ပဲကြီး(လတ်)၇၇၈၃ကျပ်နှင့် ၈၁၄၅ကျပ်၊ ပဲကြီး (သေး) ၅၇၉၃ကျပ်နှင့်၆၃၃၅ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး) ၅၀၆၈ ကျပ်နှင့်၅၄၃၀ကျပ်၊ ပဲကြီး(လတ်)၄၅၂၅ ကျပ်နှင့်၄၇၀၆ကျပ်၊ ပဲကြီး(သေး)၄၁၆၃ကျပ်နှင့် ၄၃၄၄ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလနောက်ဆုံးပတ်ကုလားပဲစျေး

     ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၃၈၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၀၀၀၀ ကျပ်နှင့် ၂၂၃၀၀၀ကျပ်၊ကုလားပဲ (ထိုင်ဝမ်)၂၂၈၀၀၀ကျပ်နှင့်၂၃၀၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၃၀၀၀ ကျပ်နှင့် ၂၃၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၁၅၇ကျပ်၊ ကုလားပဲ(V-7)၃၈၄၃ကျပ်နှင့် ၃၈၉၅ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၅၃ကျပ်နှင့် ၄၀၈၉ကျပ်၊ ကုလားပဲ (929) ၄၁၄၂ ကျပ်နှင့် ၄၁၇၈ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ(V-7) ၅၇၆၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ကျပ်နှင့် ၅၀၁၃ ကျပ်၊ကုလားပဲ(929) ၅၂၀၉ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲ စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အောက်တိုဘာလနောက်ဆုံးပတ်ပဲထောပတ်စျေး

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း (၆.၅၁)တင်းနှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင် များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲထောပတ်(ဂေါက်)၂၈၀၀၀၀ကျပ်၊ ပဲထောပတ် (ကြီး) ၂၇၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲထောပတ်(ဂေါက်)၄၉၇၈ကျပ်၊ပဲထောပတ်(ကြီး) ၄၈၀၀ကျပ်နှင့် ၄၈၈၉ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၅၇၇၈ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

ပဲတီစိမ်းစျေးနှုန်းစျေးကွက် 

     ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ် သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာ လနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၄၅၀၀၀ကျပ်နှင့် ၃၃၅၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၈၀၀၀၀ကျပ်နှင့် ၃၀၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း(ညာ)၄၃၅၆ကျပ်နှင့်၅၉၅၆ကျပ်၊ပဲတီစိမ်း(ပဲခွဲ) ၄၉၇၈ကျပ်နှင့် ၅၄၂၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၅၅၆ ကျပ်နှင့် ၄၃၂၀ ကျပ်၊ ပဲတီစိမ်း(ပဲခွဲ) ၂၈၄၄ ကျပ်နှင့် ၃၂၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၆၃၆ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလနောက်ဆုံးပတ်မတ်ပဲစျေး

      ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၅၀၀၀၀ကျပ် နှင့် ၂၅၂၀၀၀ကျပ်၊မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၂၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၁၆၇ ကျပ်နှင့် ၄၂၀၀ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၃၆၆၇ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ် ပိဿာစျေးမှာ မတ်ပဲ (ကောင်း)  ၅၆၆၇ကျပ်နှင့် ၅၈၃၃ ကျပ်၊ မတ်ပဲ(ညံ့)၅၀၀၀ကျပ်နှင့် ၅၁၆၇ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                      

မန္တလေးစားတော်ပဲစျေးနှုန်းစျေးကွက်

    စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊တကောင်း၊စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုးပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၅၅၀၀၀ကျပ်နှင့် ၃၆၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၈၅၀၀၀၀ ကျပ်နှင့် ၈၇၀၀၀၀ ကျပ်၊ တစ် ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၉၉၂ကျပ်နှင့် ၆၀၇၆ကျပ်၊စားတော်ပဲ(ကျွန်း)၁၄၃၄၆ကျပ်နှင့် ၁၄၆၈၄ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်ဈေးမှာ စားတော်ပဲ (ကနေဒါ)၉၁၉၈ ကျပ်နှင့် ၉၂၈၃ကျပ်၊စားတော်ပဲ(ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၅၈၂ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့် ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် စားတော်ပဲ (ကျွန်း) ၈၁၀၂ ကျပ်တို့စျေး ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

                                                    

အောက်တိုဘာလနောက်ဆုံးပတ်အစေ့ထုတ်ပြောင်းစျေး

    ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၁၀၀၀ ကျပ် နှင့် ၈၀၀၀၀ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ)၁၃၁၅ကျပ်နှင့်၁၄၈၁ကျပ်စျေးတို့ ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့် (စီပီ) ၁၃၈၀ ကျပ်နှင့်၁၃၈၉ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်ဈေးနှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ် ပါက အစေ့ထုတ်ပြောင်းစျေးမှာ စျေးနှုန်းကွာခြားမှုအနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးစျေးကွက်ရှိ ဆီနှင့်ဆီကြိတ်ဖတ်စျေး

        မန္တလေးစျေးကွက်အတွင်း တိရိစ္ဆာန်အစာဆီကြိတ်ဖတ်အမျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီ ကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာ မြေပဲဆီ ၁၃၀၀ဝိ/- နှင့်၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၆၀၀ဝိ/- နှင့် ၆၂၀ဝိ/-၊နှမ်းဖတ် ၃၆၀ဝိ/-နှင့်၃၈၀ဝိ/-၊နေကြာဖတ် ၃၀၀ဝိ/-နှင့် ၃၂၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 

မြင်းခြံခရိုင်၏ ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးကြက်သွန်နီ စိုက်ပျိုးထားရှိမှုအခြေအနေ

              မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်း မိုးကြက်သွန်နီကို စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ မိုးကြက်သွန်နီ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် (၁၅၉၂)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူစိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် လျာထားစိုက်ဧက(၂၂၅၀)ဧကအနက် (၂၆၁၆)ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မြို့နယ်များ အနေဖြင့် မိုးကြက်သွန်နီစိုက်ဧကများမှာ မြင်းခြံမြို့နယ်တွင်(၉၃၉)ဧက တောင်သာမြို့နယ်တွင် (၂၈၀)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၃၉၇)ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။ကာလတူနှိုင်းယှဉ်ချက်အရ မိုးကြက်သွန်နီများကို ယခုနှစ်တွင် ယခင်နှစ်ထက် (၁၀၂၄)ဧက ပိုမို စိုက်ပျိုးထားကြောင်းနှင့် ယခုနှစ်လျာထားစိုက်ဧကထက် (၃၆၆)ဧက ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ် မိုးကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများအနေဖြင့် အကြီး(၁၈၀၀-၂၀၀၀)ကျပ်၊ အလတ်(၁၂၀၀-၁၅၀၀)ကျပ်၊ အသေး(၈၀၀-၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကြက်သွန်နီ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း