ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဇီးကွက်သီးနှံဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲကြားသီးနှံများသည် ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက (၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ပဲစဉ်းငုံဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

             မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိ  ကြောင်း ဈေးနှုန်းအနေဖြင့် မတ်လတတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၄၇၀၀ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၈၂၆၀၀ကျပ်ရှိခဲ့ရာ မတ်လစတုတ္ထပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၆၀၀၀ ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၈၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၁၃၀၀ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ၄၀၀ကျပ် ပြန်လည်မြင့်တက် လာကြောင်း၊ ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်

            ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ လည်း စိုက်ပျိုးကြကြောင်းသိရသည်။

          ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လစတုတ္တပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၄၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊  အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

           နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် မတ်လတတိယပတ်အတွင်း နေကြာ(၁)တင်းလျှင် (၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလ စတုတ္ထပတ်တွင်နေကြာ(၁)တင်းလျှင် (၅၀၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသောကြောင့် နေကြာဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသောရာသီစာ ညောင်ရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ညောင်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၄၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၉၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ညောင်ရွက်များကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေး ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသောရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၇၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့်အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချ သည့်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ခဝဲသီးများရောင်းချလျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ရာသီပေါ်ဒေသထွက်ခဝဲသီးများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

             ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ “မြို့မဈေး”တွင်ရောင်းချနေသည့်  ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ယခုပတ် အတွင်း ခဝဲသီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက်ဈေးနှုန်းများမှာ (၁)ပြည်ပါတစ်ထုပ်လျှင်(၁၃၀၀)ကျပ်၊ (၂)ထုပ် လျှင်(၂၄၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီးအစို(၂)ပိဿာကို အခြောက်လှမ်းလျှင် ခရမ်းသီး ခြောက်(၁)ပြည်ရကြောင်း၊ ခရမ်းသီးခြောက်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာများမှလည်း လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံရောင်း ချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကုလားပဲအသစ် ဈေးနှုန်းများကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ်သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

            ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍(၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လစတုတ္ထပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ် တစ်တင်းလျှင် (၆၆၀၀၀)ကျပ်၊ ကုလားပဲ(929)တစ်တင်းလျှင်(၆၉၀၀၀)ကျပ်နှင့် ကုလားပဲ (V2)တစ် တင်းလျှင်(၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲ(၁)တင်းလျှင် (၆၀၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့တင်ပို့ကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ် လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ကွမ်းသီးစိတ်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူ မြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း