မုံရွာမြို့ ချင်းတွင်းဈေးတွင်ရောင်းချနေသောဆလပ်ရွက်ဈေးနှုန်း

ဆလပ်ရွက်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်၍ အထူးသဖြင့် သဲနုန်းမြေများတွင် သဘာဝနွားချေးမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက ပိုမိုဖြစ်ထွန်း ပါကြောင်း အစိုဓာတ်ကိုနှစ်သက်သော အပင်တစ်မျိုးဖြစ်ပြီး ပုံမှန်ရေလောင်ပေးရန် လိုအပ်ပါသည်။ ဆလပ်ရွက်ကို မုန်လာရွက်(အစိမ်းရောင်း) ဟုလည်း ခေါ်ကြပါသည်။ ဆလပ်ရွက်သည် တို့စရာဟင်းလျာအဖြစ်လည်းကောင်း၊ အသုပ်များသုပ်စားရာတွင် လည်းကောင်း အသုံးပြုနိုင်ပါသည်။ မုံရွာမြို့၊ ချင်းတွင်းဈေး၌ ဇူလိုင်လ တတိယပတ် တွင် ဆလပ်ရွက်တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)