ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၈.၁၀.၂၀၂၃ )

    ၁၈.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၈.၁၀.၂၀၂၃ )

    ၁၈.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၈.၁၀.၂၀၂၃ )

     ၁၈.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်သစ်သီးဝလံဈေးကွက်၌ သရက်သီးစိမ်း(မြဝတီ)များရောင်းချလျက်ရှိ

     ပြည်သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဈေးကွက်မှာ အသီးမျိုးစုံနှင့် အရွက်မျိုးစုံရောင်းဝယ်လျက်ရှိကြရာ သရက်သီးအမှည့်ရာသီကုန်ပြီဖြစ်၍ သရက်သီးစိမ်းတချို့ကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။ သရက်သီးအမှည့်များမှာ ၂၀၂၃ခုနှစ်၊ ပေါ်စရာသီမှစ၍ မေလမှ ဇွန်လအထိရောင်းဝယ်နေကြပြီး ယခုကာလတွင်မူ ဈေးကွက်အတွင်း မရှိတော့ဘဲ သရက်သီးစိမ်း(အလုံးကြီး)များရောင်းချမှုရှိခဲ့ပါသည်။ အဆိုပါ သရက်သီးများကို မြဝတီသရက်သီးဟုခေါ်ဝေါ်၍ ရောင်းချကြပြီး သရက်သီးတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ တစ်ထောင်ဖိုးယူလျှင် (၃)လုံးရရှိကြောင်း၊ အလုံးချောတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့်ရောင်းချခဲ့ကြပြီး အချဉ်ပေါင်းရောင်းချသူများ၊ သရက်သီးအစိမ်းသုပ်စားသူများက ဝယ်ယူကြသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ ရန်ကုန်ဘက်မှလည်းဝင်ရောက်လာသည့်အပြင် မြဝတီဘက်မှလည်း တိုက်ရိုက်ဝယ်ယူရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်၏ လက်လီပဲလွမ်းဖြူဈေးကွက်

     ပြည်လက်လီပဲဈေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်၌ နေ့စဉ်ရောင်းဝယ်မှုဖြစ်နေသော အခြားလက်လီပဲများမှာ ဈေးကောင်းရသော်လည်း ပဲလွမ်းဖြူသီးနှံဈေးနှုန်းမှာမူ တစ်တင်းလျှင် ၅၅၀၀၀ကျပ်ဖြင့်သာရောင်းဝယ်မှုဖြစ်ခဲ့ကြောင်းသိရပါသည်။ အခြားပဲသီးနှံများဖြစ်သည့် ထောပတ်ပဲ၊ ပဲနီပြား စသည့်လက်လီပဲများမှာ တစ်တင်းလျှင် ကျပ်တစ်သိန်းကျော်ဖြင့် ရောင်းဝယ်နေကြသည့်အတွက် ယခုနှစ်၊ ပြည်တွင်းလက်လီဝယ်ယူမှုများသော ပဲဈေးနှုန်းများမြင့်တက်ခဲ့သည်ကိုတွေ့ရပါသည်။ ပဲလွမ်းဖြူသီးနှံသည် ပဲသစ်ပေါ်စကတည်းက တစ်တင်းလျှင် ၄၇၀၀၀ကျပ်ဖြင့်သာရောင်းဝယ်ခဲ့ရပြီး အခြားပဲများကဲ့သို့ ဈေးသိသိသာသာပိုမြင့်တက်လာခြင်းမရှိဘဲ ယခုအချိန်၌လည်း ပေါ်စထက် ဈေးအနည်းငယ်သာမြင့်တက်လာသော်လည်း တစ်တင်းလျှင် ၅၅၀၀၀ကျပ်ဖြင့်သာ လက်လီသမားများ နေ့စဉ်အိတ်အနည်းငယ်ဝယ်ယူမှုရှိကြသည်ဟုသိရပါသည်။ ယခင်နှစ်၊ အောက်တိုဘာလအတွင်း ပဲလွမ်းဖြူသီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၅၀၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်သာကွာခြားမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်း

    ပြည်ကုန်စည်ဒိုင်သည် ပြည်မြို့တွင်ရှိပြီး ဆန်စပါးနှင့်ပဲမျိုးစုံကိုအဓိကထား၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသောမြို့ဖြစ်ပါသည်။ နိုင်ငံခြားသို့တင်ပို့သော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့အပြင် မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးသီးနှံများကိုလည်း ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိပါသည်။

မတ်ပဲ

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ စတုတ္တအပတ်တွင် မတ်ပဲတစ်တင်းလျှင် ၈၂၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက် အိတ်၂၀၀ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် မတ်ပဲဈေးကျပြီး ပဲတစ်တင်းလျှင် ၈၁၅၀၀ကျပ်ဖြင့် တစ်ရက် အိတ်၁၅၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။

ပဲစဉ်းငုံ

    စက်တင်ဘာလ စတုတ္တအပတ်တွင် ပြည်ကုန်စည်ဒိုင်၌ ပဲစင်းငုံတစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြင့် ဈေးအေးလျက်ရှိပြီး တစ်ခါတစ်ရံ၌ ရန်ကုန်အဝယ်ရှိကာ အရောင်းအဝယ်ရှိသောနေ့တွင် အိတ်၂၀၀ခန့်အရောင်းအဝယ်ဖြစ်ပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ပဲစဉ်းငုံတစ်တင်းလျှင် ၉၃၀၀၀ကျပ်ဖြစ်ပြီး အဝယ်ရှိသောနေ့တွင် အိတ်၁၅၀ခန့်အရောင်းအဝယ်ဖြစ်ပါသည်။

ကုလားပဲ

  ပြည်ကုန်စည်ဒိုင်၌ စက်တင်ဘာလ စတုတ္တအပတ်တွင် ကုလားပဲ (HL)တစ်တင်းလျှင် ၉၄၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၉၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက် အိတ် (၃၀၀-၃၅၀) ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် ၉၃၅၀၀ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် ၉၃၅၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက် အိတ်၃၀၀ခန့်အဝယ်ရှိပါသည်။

ပဲကြီး

     ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလ စတုတ္တအပတ်တွင် ပဲကြီး(ကုန်းပဲ)တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်၊ ပဲကြီး(ရွှေကျွန်း)တစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ၏ အဝယ်တစ်ရက်လျှင် အိတ် (၃၀၀-၄၀၀) ခန့်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ပဲကြီး(ကုန်းပဲ) တစ်တင်းလျှင် ၁၀၃၀၀၀ကျပ်၊ ပဲကြီး (ရွှေကျွန်း)တစ်တင်းလျှင် ၁၀၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိပါသည်။

စားတော်ပဲ

      စက်တင်ဘာလ စတုတ္တအပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ၁၃၆၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက် အိတ် (၁၅-၂၀) ခန့်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းလျှင် ၁၃၆၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ တစ်ရက်လျှင် အိတ် ၃၀ခန့် မြို့တွင်းအဝယ်ရှိပါသည်။

ဘိုကိတ်

      စက်တင်ဘာလ စတုတ္တအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ် (၅၀-၁၀၀) ခန့်အဝယ်ရှိပါသည်။ အောက်တိုဘာလ ပထမအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့်ဈေးအေးနေပြီး တစ်ရက်လျှင် မြို့တွင်းအဝယ် ၅၀အိတ်ခန့်ရှိခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် နိုင်ငံခြားသို့တင်ပို့သည့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများထက် မြို့တွင်းအဝယ်ရှိသည့်ပဲများမှာ ပိုမိုအရောင်းအဝယ်ကောင်းမွန်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်၌ဖြစ်ပေါ်နေသော မိုးစပါးသစ်ဈေးကွက်

    ပြည်ခရိုင်အတွင်း၌ မိုးစပါးအသစ်များကိုစိုက်ပျိုးပြီးဖြစ်ရာ ပြည်မြို့နယ်တွင် ၇၄၅၃၄ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၅ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ မိုးစပါးအသစ်မှာ ပေါက်ခေါင်း၊ ပြည်နှင့် ပန်းတောင်းမြို့နယ်တို့တွင်သာ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ပြည်မြို့နယ်၌ မိုးကြိုစပါးအသစ်မှာ အစိုဓာတ် ၂၀%ပါဝင်သော ၄၆ပေါင်ပါ တင်း၁၀၀လျှင် ၁၄၈၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၅၀၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆန်သစ်တစ်အိတ်လျှင် ၅၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကန်စွန်းဥဈေးကွက်

   ပြည်ခရိုင်၊ ပြည်မြို့ရှိစည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးတို့တွင် ကန်စွန်းဥများရောင်းချလျက်ရှိပါသည်။ ဈေးကွက်တွင်ရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥ၊ ရွှေကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဟူ၍ အမျိုးအစား(၃)မျိုးရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥတစ်ပိဿာလျှင် ၃၂၀၀ကျပ်၊ ရွှေကန်စွန်းဥတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ငချိတ်ကန်စွန်းဥတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ရွှေကန်စွန်းဥနှင့် ငချိတ်ကန်စွန်းဥမှာ မြန်မာကန်စွန်းဥထက် အရသာအနည်းငယ်ပိုရှိသည့်အတွက် အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်း

    ပန်းဂေါ်ဖီကို မြန်မာနိုင်ငံမြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ အမျိုးအစားအလိုက် သက်လျင်မျိုးသည် စိုက်ချိန်မှ ခူးဆွတ်ချိန်အထိ ရက်(၉၀)ကြာပါသည်။ ပန်းဂေါ်ဖီကို မြေပြန့်ဒေသ၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး တောင်ပေါ်ဒေသ၌ ဧပြီလ၊ မေလ၊ စက်တင်ဘာလနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးပြီး ၂လ/ ၃လအကြာတွင် ပန်းပွင့်တို့ကို စတင်ခုတ်ယူနိုင်ပါသည်။ တစ်ဧကလျှင် ပန်းပွင့်တန်ချိန် ၅တန်မှ ၈တန်အထိထွက်ရှိနိုင်ပြီး မျိုးကိုလိုက်၍ အထွက်နှုန်းပြောင်းလဲမှုရှိသည်ဟုသိရပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှာ ပန်းဂေါ်ဖီထွက်ချိန်မဟုတ်သော်လည်း ရေလောင်းစိုက်ပျိုးသောပန်းဂေါ်ဖီများကိုး ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိပါသည်။ ယခုအချိန်၌ ဈေးကွက်တွင်ရောင်းချလျက်ရှိသော ပန်းဂါ်ဖီများသည် ပြည်အနီးတဝိုက်ရှိကျေးရွာများနှင့် ပုတီးကုန်းမြို့နယ်ရှိကျေးရွာများမှ ဝင်ရောက်လာသည်ဟုသိရပါသည်။  ယခုလက်ရှိ၌ ဈေးကွက်တွင်ရောင်းချနေသော ပန်းဂေါ်ဖီဈေးနှုန်းများမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ၇၀၀ကျပ်မှ ၁၆၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

သီတင်းကျွတ်အမီ ရောင်စုံမီးပုံးဈေးကွက်

     ၁၂လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် ကြည်နူးဖွယ်အကောင်းဆုံးပွဲတော်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါသည်။ ဝါလကင်းလွတ် သီတင်းကျွတ်ကာလ၏ လပြည့်နေ့တွင် ကျင်းပသည့်ပွဲဖြစ်သော်လည်း လပြည့်နေ့မတိုင်မီ အကြို ၂ရက်အပါအဝင် စုစုပေါင်း ၃ရက်ကျင်းပလေ့ရှိပါသည်။ ဆီမီးရောင်စုံထွန်းကြသည့် ညပွဲသဘင်လည်းဖြစ်ပါသည်။ သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမမြောက်လဖြစ်ပါသည်။ သီတင်းကျွတ်မရောက်မီ အကြိုရောင်စုံအလှမီးပုံးများမှာ ဈေးကွက်တွင် ဈေးကောင်းရနေပြီး အရောင်းလည်းသွက်ကြောင်းသိရှိရပါသည်။ မြန်မာလူမျိုးတို့၏ ရိုးရာလက်လုပ်ရောင်စုံမီးပုံးများမှာ အရွယ်အစား၊ ပုံသဏ္ဌာန်အလိုက် ဈေးကောင်းပေး၍ ဝယ်ယူကြရပါသည်။ ၂၀၂၃ခုနှစ်တွင် အိမ်များ၌ချိတ်ဆွဲကြသော ကာလာစုံ၊ ဒီဇိုင်းစုံရှိသော ရောင်စုံမီးပုံးတစ်ခုလျှင် ကျပ်၅၀၀၀မှ ၃၀၀၀ကျပ်၊ ကလေးများအတွက် လက်တွန်းလှည်းရောင်စုံ၊ ယုန်ရုပ်၊ ကြောင်ရုပ်၊ ကြက်ရုပ်မီးပုံးတစ်ခုလျှင် ကျပ်၂၅၀၀၊ အလှဆင်ချိတ်ဆွဲသော ရောင်စုံကြယ်ပုံမီးပုံးတစ်ခုလျှင် ကျပ်၅၀၀၀ပေး၍ဝယ်ရကြောင်းသိရပါသည်။ တရုတ်မီးပုံးဒီဇိုင်းများမှာလည်း ဒီဇိုင်းနှင့် အရွယ်အစားပေါ်မူတည်၍ ကျပ်၁၅၀၀၀မှ ကျပ်၂၀၀၀၀ထိရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း