ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြန့်ဝေပြီးစီးမှုခြေနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက် (၁၀:၀၀) သပြုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များလက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်(၄၅၀)အုပ် ပေးအပ်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း  စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်း များမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၅၀)ကျပ် ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်သီး(အသေး) (၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာရှိ အိမ်ထောင်စုများအား စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်ဖြန့်ဝေပြီးစီးမှုခြေနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ်(၁၁၃၀)အုပ် ပေးအပ်ခဲ့ပါသည်။

         အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း  စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်နေ သော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၆၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၆၀၀)ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၇၅၀၀) ကျပ် ၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာ လျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘီးလင်းမြို့နယ်ဒေသထွက် ကွမ်းရွက်များ စျေးကောင်းရနေ

      ၂၉.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်ကျေးရွာ၊ မုသင်ကျေးရွာနှင့် ရွှေလှေကျေးရွာများ၌ ကွမ်းရွက်အား တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် စျေးကောင်းရ၍ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း သိရသည်။

    အဆိုပါ ကွမ်းရွက်ပင်များစိုက်ပျိုးရာ၌ ဝါဆိုလတွင်စိုက်ပျိုးကြပြီး ဝါးတစ်တိုင်လျှင် ကွမ်းအညွှန့်နှစ်ညွှန့်စိုက်ပျိုးရပြီး တော်သလင်းလတွင် သွင်းအားစုများအဖြစ် နွားချေး၊ မြေဆွေး၊ ဓါတ်မြေသြဇာများ ကျွေးရပါသည်။ သီတင်းကျွတ်လဆန်းတွင် ကွမ်းရွက်များစတင်ခူးဆွတ်ရရှိ ပြီး ကွမ်းတိုင် (၁၀၀၀) တိုင် စိုက်ပျိုးလျှင် (၂၀) ရက်လျှင် (၁) ကြိမ် ခူးရာ (၃၅) ပိဿာခန့် ခူးဆွတ်ရရှိ၍ ထိုကွမ်းရွက်များအား မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကွမ်း (၅၀) ကျပ်သား တစ်လိပ်လျှင် (၃၅၀၀) ကျပ် ဝန်းကျင်ရရှိကြောင်း၊ ကွမ်းတိုင်တစ်ထောင်စိုက်ပျိုးရန် အထွေထွေကုန်ကျစရိတ် (၂၅) သိန်းခန့် ကုန်ကျပြီး ကွမ်းပင်၏သက်တမ်းမှာ (၄)နှစ်ခန့် ရှိကြောင်း၊ အထွေထွေကုန်ကျစရိတ်များသော်လည်း ကွမ်းရွက်စျေးကောင်းရ၍ အထွက်နှုန်း ကောင်းလျှင် အကျိုးအမြတ်ကောင်းစွာရရှိနိုင်ကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

   DOCA (မွန်)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

              ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ( မြိတ်မြို့ )သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ စက်တင်ဘာလ(၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ အမ်ဗွီ-စန္ဒီ( ၁ )နှင့် ပြည့်ဖြိုးအောင်(၉)ရေယာဉ်များဖြင့် ပေါ်ဆန်းဆန်(- )အိတ်၊ ဧည့်မထဆန်( ၁၀၂၀၀ )အိတ်၊ စုစုပေါင်း အိတ်အရေအတွက် ( ၁၀၂၀၀ )အိတ်တင်ပို့ခဲ့ပြီး၊  ထိုသို့ တင်ပို့ရာတွင်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်ရှိ ပင်စင်စားဝန်ထမ်းများအားအခြေခံစားသောက်ကုန်များအား ရောင်းချခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနများမှ ဝန်ထမ်းတို့သည့် ( ၂၂.၉.၂၀၂၅ )နေ့၊ နံနက်( ၀၉:၀၀ )နာရီအချိန်တွင်(၄)ရပ်ကွက်၊ ရွှေသာလျောင်းဘုရာကြီးတန်စောင်းအတွင်း၌ အငြိမ်းစားပင်စင်စားများအား ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များအားရောင်းချပေးခဲ့ပါသည်။

          အဆိုပါအခြေခံစားသောက်ကုန်များအားရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်း ဖြင့်(၃)အိတ်၊ ကြက်ဉတစ်လုံးလျှင်(၄၀၀)ကျပ်နှုန်းဖြင့်(၆၀၀)လုံး၊ ဆီတစ်ဗူး လျှင်(၃၅၀၀)ကျပ်နှုန်း ဖြင့် (၁၀၀)ပိဿာအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ပါကြောင်း၊ ထိုသို့ရောင်းချခြင်းဖြင့် ပင် စင်စားဝန်ထမ်းများအား တစ်ဖက်တလမ်းမှ စားဝတ်နေရေး အဆင်ပြေနိုင်ရန်ရည်ရွယ်၍ ‌ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

      သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် စက်တင်ဘာလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၅၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၆) တန် စီးထွက်ခဲ့ပါသည်။ ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂)တန်ခန့် စီးထွက်ခဲ့ပြီး ယခင် တိယအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။

     သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၂၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၈) တန်ခန့်စီးဝင်ခဲ့ပြီး ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်တတိယအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ယခုစက်တင်ဘာလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၀၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၀၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၅၀၀၀ိ/-) ခန့်၊   ကမာကြည် (၆၆၀၀၀ိ/-) ခန့်၊ ဧည့်မထ (၄၉၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

 

မအူပင်မြို့နယ်တွင် ရောင်းချနေသော ရေသန့်ဈေးနှုန်းများ

         မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရေသန့်ထုတ်လုပ်စက်ရုံးများစွာရှိပြီး သန့်ရှင်းသော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေးကို သက်ဆိုင်ရာ အစိုးရဇာနများနှင့် အစိုးရအဖွဲ့အစည်းများက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မအးပင်မြို့နယ်တွင် ထုတ်လုပ်သော ရေသန့်များမှာ ရေဝတီသောက်ရေသန့်၊ ခရစ်စတယ် သောက်ရေသန့်၊ အမေ့အိမ့်သောက်ရေသန့်၊ လောကနတ် သောက်ရေသန့်၊ မိသားစုသောက်ရေသန့်၊ AKT သောက်ရေသန့်၊ ရွက်လှေသောက်ရေသန့်၊ ENJOY သောက်ရေသန့် ထုတ်လုပ်သော လုပ်ငန်းများရှိပြီး ၂၀ လီတာဝင် ရေဗူးကြီး ၁ဗူးလျှင် ၁၀၀၀ကျပ်၊ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနေပြီး ဒေသတွင်းထုတ်လုပ်သော  ၁လီလီတာဗူး ၁ဗူးလျှင် ၅၀၀ကျပ်၊ ရန်ကုန်မှ ဝင်ရောက်သော ကုန်အမှတ်တံဆိပ်ပါ ရေသန့်ဗူးသေးများ ၁ဗူးလျှင် ၈၀၀ကျပ်၊ ၁၀၀၀ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်းစက်ရုံများမှ ရောင်းချနေသော ရေသန့်ဈေးတက်မည်ဆိုပါက လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ပဲီးမှ ဈေးကွက်အတွင်း ဈေးနှုန်းကျော်ငြာ၍ ဖြန့်ချီရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချဉ်ပေါင်ရွက် စိုက်ပျိုး၍ တောင်သူအပိုဝင်ငွေရ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ချဉ်ပေါင်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ၍ ဒေသတွင်း ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေစဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

         ချဉ်ပေါင်စိုက်ပျိုးမှုကို တလုပ်လပ်ကျေးရွာတွင် စိုက်ပျိုးပြီး ချဉ်ပေါင်စိုက်မျိုး ၁ပြည်ကို ၂၀၀၀၀ကျပ် ဖြင့် ဝယ်ယူပြီး ၁ဧကတွင် ၈ပြည် ကျဲပတ်ကြောင်းသိရသည်။ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး  ၁လအကြာတွင် ရောင်းတန်းဝင်ကြောင်း၊ မြန်မာချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ လက်ချား ချဉ်ပေါင်တို့ စိုက်လေ့ရှိကြပြီး ချဉ်ပေါင်စေ့ ကျဲပြီး (၃)ရက်မှ (၅)ရက်အတွင်း အပင်ငယ်များ ဖြစ်လာကြောင်း၊ (၁)ဧကလျှင် မျိုးစေ့ (၈)ပြည် ကျဲစိုက်ရကြောင်းနှင့် စိုက်ပျိုးပြီး (၄၅)ရက်မှ (၆၀)ရက်အတွင်း ခူးဆွတ်ကာ ဈေးကွက်တင်ပို့နိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ၂၀၀၀၀၀ကျပ် ကုန်ကျပြီးကြောင်း သိရသည်။ ၁ဧက ထွက်ရှိမှု အနေဖြင့် ၁ဧကတွင် ချဉ်ပေါင် အစီရေး ၅၀၀၀နီးပါး ရရှိကြောင်းနှင့် ချဉ်ပေါင်၁စီးကို (၁၀၀)ကျပ်ဖြင့် လက်ကားရောင်းချသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၀၀၀၀၀ ရရှိသည်။ ချဉ်ပေါင်စိုက် တောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။ ချဉ်ပေါင်မျိုးကို ဆက်လက်စိုက်ပျိုးရန် ၁ဧကစာ မျိုးပင်ထားဆက်လက်ထားရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

        ဈေးကွက်အနေဖြင့် တောင်သူများက ရန်ကုန်ကုန်စိမ်းကား တစ်ရက်ခြားတစ်ခါလာရောက်၍ ရန်ကုန်ဈေးကွက်အတွင်းသို့ တင်ပို့ရပြီး မြို့နယ်တွင်းသို့လည်းကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း