ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခတ္တာပန်းပျိုးပင်ဈေးကွက်

ခတ္တာပန်းသည် ဝါခေါင်လ၏ ရာသီစက်ဝန်းပန်းဖြစ်သည်။သို့သော်လည်း ယခုလိုမိုးသံကြား တာနှင့်ပွင့်သောပန်းမို့ နယုန်၊ဝါဆို မှစ၍ပွင့်တက်ပါသည်။ အဖြူရောင် ခတ္တာပန်းလေး၏ အဓိပ္ပာယ်က “အားငယ်ရတဲ့သူမို့ ညှာတာပါ” ဟူ၍ ဖြစ်သည်။ ခတ္တာပန်းပင်သည် ဥမှ မျိုးပွားမြန်သော ဂမုန်းပန်းနွယ်ဝင်ပန်းမျိုး ဖြစ်သည်။ ခတ္တာပန်းပွင့်ဖတ်သေးနှင့် ပွင့်ဖတ်ကြီးပန်း (၂)မျိုး ဖြစ်သည်။ ရနံ့သင်းသင်းမွှေး ရနံ့ကို ပိုင်ဆိုင်ထားသည်။ သူယောင်ဂမုန်း အလှတနှုန်း တော်ဝင်ပန်းမို့ ခူးလို့ရယ် ပန်ဆင်မထိုက် ဘုရားပန်းလှူရန် ထိုက်သောပန်းဖြစ်သည်။ နူးညံ့သိမ်မွေ့သော ပန်းဖြစ်သည်။ ခတ္တာပန်းအဖြူရောင် အဝါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊အနီရောင်ဟူ၍ ရောင်စုံပွင့်လန်းကြသည်။ အဖြူရောင်ခတ္တာပန်းလေး၏ သင်္ကေတမှာ “ ကိုယ်ချင်းစာခြင်း၊ စာနာနားလည်ခြင်းနှင့် ငြိမ်းအေးမှုတွေ” ဖြစ်သည်။ ကိုယ့်အတွေးထဲက လူတစ်ယောက်ကို ကိုယ့်သူ့အကြောင်းတွေးနေသည့် ဆိုတာကို အဖြူရောင်ခတ္တာပန်းလေးနဲ့ ဖော်ပြနိုင်သည်။ အဝါရောင် ခတ္တာပန်းကလေးတော့ “ ကံကောင်းပါစေ” ဟု အဓိပ္ပာယ်ရသည်။ကိုယ်ချစ်ခင်ရသူတစ်ဦးကို ကောင်းတဲ့သတင်းအချို့စောင့်စားနေတဲ့အချိန်မှာ ဆန္ဒပြုပေးနိုင်ပါသည်။ ပန်းတွေ၏ သင်္ကေတအယူအဆက စာဖွဲ့၍ ကုန်နိုင်မည် မထင်ပေ။ မည်သို့ပင်ဆိုစေကာမူ ခတ္တာပန်း၏ သင်းပျံ့ပျံ့မွှေးရနံ့နှင့် လှရက်နိုင်လွန်းသည့် တော်ဝင်ပန်းဖို့ အိမ်တိုင်းစိုက်ပျိုးသင့်ပါသည်။ ခတ္တာပန်းပျိုးပင်များကို ပန်းပျိးဉအဖြစ် ရောင်းချကြသလို ပန်းပျိုးပင် အဖြစ်လည်း ရောင်းချကြပြီး ခတ္တာပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ DOCA(မန္တလေး)

သပြေဘူတပန်းပျိုးပင်ဈေးကွက်

ဇွန်၊ဇူလိုင်မိုးနှင့်အတူ သစ်ပင်၊ ပန်းပင်စိုက်ပျိုးရန် အကောင်းဖြစ်သည့် အားလျော်စွာ ပန်းပျိုးပင်များ ရောင်းအားကောင်းလျှက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရသည်။ပန်းပျိုးပင် များရောင်းအားကောင်းလျှက်ရှိသော အပင်များအနက် သပြေဘူတအပင်များလည်း ပါဝင်သည်။ သပြေဘူတအပင်သည် အဖြစ်မြန်သည်၊ အကြီးမြန်သည်။ ရာသီဥတုဒဏ်ခံသည်။ ဘုရား၊ကျောင်း၊ ကန်၊ဟိုတယ်၊အိမ်ယာခြံဝင်းများတွင် ပန်းအလှပင်အဖြစ် စိုက်ပျိုးကြသလို လမ်းဘေးဝဲယာတ လျှောက်လည်း စိုက်ပျိုးကြသည်။ ပန်းလေးတွေရဲ့သဘောသည် မြင်ရသူ၏ ရင်ဝယ်စိတ်နှလုံးရွှင်ပြုံး စေသည်။ စိတ်အမောပြေစေသည်။ ဒါကြောင့် စိတ်ချမ်းသာချင်လျှင် သစ်ပင်ပန်းပင်စိုက်ပါ။ လူတွေ ရဲ့စိတ်ကို ချမ်းသာစေသည်မှာ စကားပြန်မပြောတတ်သော ပန်းကလေးများဖြစ်သည်။ ပန်းကလေး တွေမှာသာ အသိညဏ်ခံစားတတ်သော နှလုံးသားရှိမည်ဆိုလျှင် သူတို့ရဲ့ရင်ထဲ လူတွေရဲ့စိတ်ကို ပျော်ရွှင် စေတဲ့အတွက်ကြောင့် ကျေနပ်နေမည်တင်ပါသည်။ နိုင်ငံတကာနေရာဒေသကမ္ဘာကြီးကို သစ်ပင်၊ပန်းပင်များက အလှဆင်ထားသည်မှာ ဧကန်မလွဲဖြစ်သည်။ သပြေဘူတအပင်များသည် ယခင်က မြန်မာနိုင်ငံက ထွက်ရှိအပင်များ မဟုတ်ဘဲ နိုင်ငံခြားမှ တင်သွင်းလာခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် မျိုးစေ့ကျအပင်ပေါက်တဲ့အတွက်ကြောင့် နိုင်ငံအနှံ့အပြား မြင်တွေ့နိုင်သည်။ သပြေ ဘူတ အဖြူ၊အနီ၊ အဝါရောင်စုံရှိပြီး အဆုပ်လိုက်အဆုပ်လိုက်တပင်လုံး အူနေအောင်ပွင့်တတ် ပါသည်။ ယခင်က ဈေးကြီးပေမဲ့ ယခုအခါဈေးကျနေပြီး သပြေဘူတတစ်ပင်လျှင် အပင်အကြီးအ သေးပေါ်မူတည်၍ (၁၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဈေးကွက်မှ သိရှိရသည်။ DOCA(မန္တလေး)

လွိုင်ကော်မြို့တွင် မြှင့်တက်လာသော စက်သုံးဆီဈေးနှုန်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၄၀၀၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀၇၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၅၉၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၄၂၄၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၂၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၉၆၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၃၆၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၉၆၀) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၁၈၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၁၁၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ လျှင်(၂၂၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင်(၂၈၅)ကျပ်စီဖြင့် ဈေးနှုန်းများမြှင့်တက်လာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။ DOCA(ကယား)

စားသုံးဆီနှင့်စားဖိုဆောင်သီးနှံဈေးနှုန်း

၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းနှင့်စာဖိုဆောင် သီးနှံဈေးနှုန်းများမှာ မြေပဲဆီ (၁)ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၂၂၀၀၀) ကျပ်နှင့် စားအုန်းဆီ (၁)ပိဿာလျှင်(၆၈၀၀) ကျပ် တို့ဖြစ်ပြီး စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင်(၁၈၀၀)ကျပ်၊ ကြက်သွန် ဖြူ (၁)ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဂျင်း (၁)ပိဿာ လျှင်(၄၅၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၁၀၀၀) ကျပ်၊ အာလူး (၁)ပိဿာ လျှင်(၄၅၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငရုတ်သီး (အရှည်) (၁)ပိဿာလျှင် (၁၆၅၀၀)ကျပ်၊ ငရုတ်သီး အပု (၁) ပိဿာလျှင်(၄၅၀၀၀) ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၅၀၀) ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၈၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၃၀၀)ကျပ်ခန့် တို့ရှိပါကြောင်း စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သိရှိရပါသည်။ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် မြေပဲဆီ (၁)ပိဿာလျှင် (၁၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၁၃၀၀)ကျပ်၊ ပဲတောင်းရှည် (၁)စည်းလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာပြီး ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများက တည်ငြိမ်လျှက်ရှိပါကြောင်း သိရှိရပါသည်။ DOCA(ကယား)

လွိုင်ကော်မြို့ဖြစ်ပေါ်နေသော ဆောက်လုပ်ရေးသုံးပစ္စည်းများဈေးနှုန်းအခြေအနေ

၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေး၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။ ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော လွိုင်ကော်မြို့ဖြစ် ပေါ်နေသော ဆောက်လုပ်ရေးသုံးပစ္စည်းများဈေးနှုန်းမှာ ရှမ်းရိုးမ ဘိလပ်မြေ (၁)အိတ်လျှင် (၂၃၅၀၀)ကျပ်၊ Apache ဘိလပ်မြေ (၁)အိတ်လျှင် (၂၇၀၀၀)ကျပ်၊ သံချောင်း(၃မူး) (၁)တန်လျှင် (၂၇၅၀၀၀၀)ကျပ်၊ သံချောင်း(၅မူး) (၁)တန်လျှင် (၂၄၅၀၀၀၀)ကျပ်၊ သံချောင်း(၆မူး) (၁)တန် လျှင် (၂၇၅၀၀၀၀)ကျပ်၊ ကာလာသွပ် (၁)ပေလျှင် (၃၄၀၀)ကျပ်၊ ရိုးရိုးသွပ် (၁)ပေလျှင် (၁၇၀၀) ကျပ်၊ သံချွန်(၂လက်မအထက်) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ သံချွန်(၁လက်မခွဲအောက်) (၁)ပိဿာ လျှင် (၈၅၀၀)ကျပ်၊ အုပ်ခဲ (၁)ခဲလျှင် (၄၀၀)ကျပ်၊ ချည်ပင်ကျောက် (၁)ကျင်းလျှင် (၂၀၀၀၀၀) ကျပ်၊ ထုံးကြမ်း (၁)အိတ်လျှင် (၇၀၀၀)ကျပ်၊ ဟော်လိုပိုက် ၄,၂(12.5kg) (၁)ချောင်း လျှင် (၅၆၄၀၀)ကျပ်၊ ဟော်လိုပိုက် ၃,၁ခွဲ(၈.၁kg) (၁)ချောင်းလျှင် (၄၁၃၀၀)ကျပ်၊ ဟော်လိုပိုက် (၂ပတ်လည်) (၁)ချောင်းလျှင် (၃၈၀၀၀)ကျပ်နှင့် ဗျုန်းသဲ (၁)ကျင်းလျှင် (၈၀၀၀၀)ကျပ် စသည်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့သော လွိုင်ကော်မြို့၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ရောင်းချသောဆိုင်များမှ သိရှိရပါသည်။ DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း