ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၁၁.၂၀၂၃ )

   ၁၂.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၁၁.၂၀၂၃ )

   ၁၁.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၀.၁၁.၂၀၂၃ )

    ၁၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၀.၁၁.၂၀၂၃ )

    ၁၀.၁၁.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၁၁.၂၀၂၃ )

   ၁၀.၁၁.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် အခြေခံစားကုန်အချို့ ဈေးအတက်အကျရှိ

             တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။

              ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၆၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။

              ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၉၀၀၀ ရှိရာမှ ယခုအပတ်တွင် ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အလတ် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ အကြီး  တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၉၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

              အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်၊ တရုတ်အာလူး ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်း ငယ် ကျဆင်းပါသည်။

              ငရုပ်သီးခြောက် အပု/အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိပြီး ငရုပ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။

              မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၆၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၄၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

တောင်ငူမြို့တွင် မုံရွာဖရဲသီးဈေးအနည်းငယ်ကျ

             တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသမှထွက်သော ဖရဲသီးများလာရောက် ရောင်းချကြပြီးကားတစ်စီးလျှင် ဖရဲသီးအလုံး ၃၅၀၀ တင်ဆောင်လာပါသည်။

              ၎င်းဖရဲသီးများကို ညောင်ပင်ဈေးတွင် အထိုင်ရောင်းချသကဲ့သို့ မော်တော်ယာဉ်ငယ်ဖြင့် လည်း လူစည်ကားရာနေရာများသို့ လှည့်လည်ရောင်းချရာ ယခင်အပတ်က ဖရဲသီး အကြီး တစ်လုံး လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် ဖရဲသီးအကြီး တစ်လုံး လျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

              ဖရဲသီး အလုံးလတ် အလတ်တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိဖြစ်ရာ ယခင်အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်ကြောင်း နှင့် မုံရွာဖရဲသီးမှာ ဒေသထွက်ဖရဲသီးထက် အရသာကောင်းမွန်သဖြင့် လူကြိုက်များပြီး ရောင်းအား ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

        တောင်ငူမြို့သို့ တောင်ကြီးနှင့် မေမြို့တို့မှ ကြက်ဥများ ဝင်ရောက်လျှက်ရှိရာ ၁၂ ဘီးကား တစ်စီးလျှင် ကြက်ဥလုံးရေ ၄၅၀၀၀ ခန့်ပါကြောင်းသိရပါသည်။ ယခင်လက ကြက်ဥ တစ်လုံးလျှင် အသေး ၂၅၀ ကျပ်၊ အလတ် ၂၆၀ ကျပ်နှင့် အကြီး ၂၈၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အသေး ၂၄၀ ကျပ်၊ အလတ် ၂၅၀ ကျပ်နှင့် အကြီး ၂၆၅ ကျပ်ဖြင့် ဈေးနှုန်းအတည်းငယ် ကျဆင်းပါ သည်။

       ဘဲဥမှာ ယခင်အပတ်ကအတိုင်း တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ်ဖြင့်လည်းကောင်း၊ ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥမှာ တစ်လုံးလျှင် ၄၅၀ ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရလွယ်ကူ၍ စားသုံးသူများသည့်အပြင် ယခုကာလသည် သီတင်းကျွတ်ကာလဖြစ်၍ အလှူအတန်းပေါခြင်းကြောင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ် ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                  

တောင်ငူမြို့တွင် ပေါ်ဆန်းဆန်များဈေးကျ၍ မတ်ပဲဈေးတက်

           တောင်ငူမြို့တွင် ယခင် အောက်တိုဘာ စတုတ္ထအပတ်က  ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီးဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

              စပါးအသစ်မှာ တင်း ၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲကြီး မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၄၁၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ် လျှင် ၄၀၀၀၀ ကျပ်၊ ဖွဲနုမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၂၆၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြစ်၍  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၁၂၈၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၁၄၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဒီဇယ်နှင့်ပရီမီယံဒီဇယ်ဈေးနှုန်းအနည်းငယ်ကျ

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် အောက်တိုဘာ စတုတ္ထအပတ်က 92 RON တစ်လီတာ လျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်ရှိပြီး ယခုနိုဝင်ဘာ ပထမအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော် စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၉၅ ကျပ်ရှိပါသည်။

              အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၉၅ ကျပ်ရှိပါသည်။

              ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၀၅ ကျပ် ရှိပါသည်။

              သို့ဖြစ်၍ နိုဝင်ဘာ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၁၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၃၀ ကျပ်ဈေးတက်ပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ တစ်လီတာလျှင် ၇၀ ကျပ် ဈေးနှုန်းကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း