ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကွမ်းခြံကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၂၀၂၃-၂၀၂၄) ခုနှစ်၊ မိုးစပါးတစ်ဧက တင်း(၁၀၀)ကျော်အထွက်နှုန်းရရှိနိုင်ရေး ရည်မှန်းချက်နှင့်အညီ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်စံပြကွက်၏ စံကွက်ရိတ်သိမ်းမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ယင်း အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးစီး၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် အင်္ဂလုံကျေးရွာ၊ အမတရန်ကြီးအောင်၊ ကွင်းအမှတ် ၃၈၁၊ ဦးပိုင်အမှတ် ၅၆/၁ ဦးမြင့်ဦး၏လယ်၌ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

      ထိုသို့မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခမျိုး (၀.၁၀) ဧကရိတ်သိမ်းခဲ့ရာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၀၆.၅၂)တင်းထွက်ရှိခဲ့ကြောင်းသိရပါသည်။ မိုးစပါးစံကွက်ရိတ်သိမ်း ခဲ့ရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် အသုံးပြုရိတ်သိမ်းသဖြင့် အချိန်ကုန်သက်သာခြင်း၊ လုပ်သားရှားပါးမှုအတွက် ပူပန်စရာမလိုခြင်း၊ စပါးအလေအလွင့်နည်းပါးခြင်း၊ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ ဈေးကွက်အတွင်း စပါးများချက်ချင်းရောင်းချနိုင်ခြင်း၏ အကျိုးကျေးဇူးများကို စက်မှု လယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ရှင်းလင်းဆွေးနွေးခဲပါသည်။

   အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်၊ ကြပ်အဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဒေသခံတောင်သူဦးရေ ၁၅၀ဦးတို့တက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံး ပါ (၁)ကဒ်လျှင် (၂၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၀၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ (၁)ဘူးလျှင် (၂၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၄၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၇၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၈၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၃၀၀၀) ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၃၀၀)ကျပ်၊  Ascoril (၁)ဘူးလျှင် (၅၇၀၀)ကျပ်၊ Chericof (၁)ဘူး လျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အိမ်သုံးဆေးဝါးဈေးနှုန်းများအား နိုဝင်ဘာလ ပထမပတ်နှင့်နှိုင်းယှဉ်ပါက အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၃၀၀)ကျပ် ၊ Oramin –G (၅)လုံးပါ (၁)ကဒ် လျှင် (၁၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ ပုံမှန်အတိုင်းရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ နိုဝင်ဘာလ ဒုတိယပတ် စပါး၊ဆန်ဈေးနှုန်း အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃,၄၈၀,၀၀၀၊ ဧရာမင်း စပါးတင်း (၁၀၀)လျှင် ကျပ် ၃,၀၀၀,၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊ ဧရာမင်း ဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၂၃၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ဖြစ်ပြီး  ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၅၀၀ အိတ်၊ တန်အားဖြင့် (၂၅)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော နိုဝင်ဘာဒုတိယပတ်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

     ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၆၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီ တစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီ တစ်ဘူးလျှင် (၁၇၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ် ဆန်ဝင်ရောက်မှုစာရင်း

      ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁-၁၁-၂၀၂၃) ရက်နေ့မှ (၆-၁၁-၂၀၂၃) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းမှ ပေါ်ဆန်းမွှေး (၄၁၅၈၀) အိတ်၊ ပေါ်ကျွဲ (၄၆၆၀၀) အိတ်၊ ဧည့်မထ (၇၇၀၇၀) အိတ်၊ ဆန်ကွဲ (၂၁၅၁၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူး(အရှေ့) မှ ဧည့်မထ (၄၇၄၀) အိတ်ဝင်ရောက်ခဲ့ပါသည်။ ပဲခူး (အနောက်) မှ ဧည့်မထ (၁၅၀၁၄) အိတ်ဝင်ရောက်ခဲ့ပြီး ငစိန် (၄၅၅၀) အိတ်ဝင်ရောက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပြင်ပမြို့နယ်များမှ ဧည့်မထ (၈၀၂၀) အိတ်ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများကို  အမှန်ကန်ဆုံးသိရှိနိုငရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ(၁၀)ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ် ဝင်ရောက် မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၃) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မလိုင်၊ မြင်းခြံ (ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၃၇၈၀၀၀)ပိဿာဝင်ရောက်ခဲ့ပြီး (၆၀)ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းနှင့် ကြက်သွန်နီလက်ကျန်မှာ (၁၅၁၂၀၀)ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ ဆိတ်ဖြူကြက်သွန်နီ (အသစ်) အချော တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၇၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၈၀၀၊ မလိုင်ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ မြင်းခြံ (ကံဆင့်) ကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၆၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၈၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၉၀၀ စသည်ဖြင့်ဈေးနှုန်းအသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ( ၁ ) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၉၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၇၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး(211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၇၀၀၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီး ၈၀၊ ၁၀၀၊ ၁၂၀ လုံးပါ တစ်အိတ်လျှင် ကျပ်၅၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊ ရှမ်းပြည် (မြောက်ပိုင်း) မှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၅၉၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီးအလုံးကြီး (ဖီးကြမ်း) တစ်ဖီးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၁၀၀၀၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၄၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၇၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်၏ မတ်ပဲသီးနှံစိုက်ပျိုးမှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သည် ရာသီအလိုက် သီးနှံအမျိုးအစားမျိုးစုံစိုက်ပျိုးသောမြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုကာလ ဆောင်းရာသီတွင် မတ်ပဲသီးနှံကို စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ မတ်ပဲသီးနှံကို (၂၀၂၂-၂၀၂၃) ခုနှစ်တွင် (၃၂၉၇၄) ဧကရည်မှန်း၍ (၃၃၉၉၅)ဧကစိုက်ပျိုးခဲ့ရာ (၁၆.၈၄%)ထွက်ရှိခဲ့ပြီး အထွက်(၅၇၂၄၇၆)တင်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် (၂၀၂၃-၂၀၂၄) ခုနှစ် (၁)နှစ်လုံး စိုက်ဧက (၃၂၉၇၄)ဧကစိုက်ပျိုးရန်ရည်မှန်းထားပြီး ယခုနှစ်ဆောင်းရာသီ မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလကုန်အထိ (၁၀၄၈)ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်း၊ တိုက်ကြီးမြို့နယ်သည် ဆောင်းသီးနှံ မတ်ပဲကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရ ပါသည်။

   နိုဝင်ဘာလ ဒုတိယအပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၉၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီးအလုံးသေး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊အလုံးကြီး (၁)လုံးလျှင် ကျပ်(၃၀၀၀မှ ၄၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ် (၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး (၁)လုံးလျှင် ကျပ်(၁၅၀မှ ၃၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၃၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် နိုဝင်ဘာလအတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(တစ်ပိဿာ)လျှင် ကျပ် (၁၂၀၀ မှ ၁၈၀၀)၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ကျပ် (၇၀၀မှ ၁၅၀၀)၊ ပန်းဂေါ်ဖီ(တစ်ထုပ်)လျှင် ကျပ် (၁၀၀၀မှ ၁၈၀၀)၊ အာလူး(တစ်ပိဿာ)လျှင် ကျပ် (၃၀၀၀မှ ၃၅၀၀)၊ မုန့်လာဥနီ(တစ်ပိဿာ)လျှင် ကျပ် (၃၀၀၀မှ ၃၃၀၀)၊ ရွှေဖရုံသီး(တစ်လုံး)လျှင် ကျပ် (၉၀၀မှ ၅၄၀၀)၊ ဘူးသီး(တစ်လုံး)လျှင် ကျပ် (၁၅၀၀မှ ၂၅၀၀)၊ မုန်ညှင်း(ထုပ်)(တစ်ပိဿာ)လျှင် ကျပ် (၄၀၀၀မှ ၄၅၀၀)၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၇၀၀မှ ၃၇၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(တစ်ပိဿာ)လျှင် ကျပ် (၉၀၀၀မှ ၁၄၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ကျပ် (၁၂၀၀မှ ၁၅၀၀)၊ ချင်း(တစ်ပိဿာ)လျှင် ကျပ် (၄၅၀၀မှ ၅၅၀၀)၊ ဆလပ်ရွက် (တစ်စည်း) လျှင် ကျပ် (၃၀၀မှ ၄၀၀)၊ ချဉ်ပေါင်ရွက်(တစ်စည်း)လျှင် ကျပ် (၂၀၀မှ ၃၀၀)၊ ခရမ်းသီး  (ရှည်) (တစ်ပိဿာ) လျှင် ကျပ် (၁၂၀၀မှ ၁၈၀၀)၊ သံပရာသီး(တစ်လုံး)လျှင် ကျပ် (၈၀မှ ၁၂၀)၊  ငရုတ်သီးစိမ်း (ကျောက်စိမ်း) (တစ်ပိဿာ)လျှင် ကျပ် (၄၀၀၀မှ ၄၅၀၀)၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၁၅၀၀မှ ၅၅၀၀) ဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၇၃၆၃၃၇)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၃၀၉၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၃၅၉၂)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၈၀၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၅၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၂၈၉၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၁၂၁၈၀) ကျော်၊ ဖရဲသီးလုံးပေါင်း(၃၁၄၅၀)ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း