ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များအနက် မုံရွာခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်ကျဆင်းနေပါကြောင်းနှင့်  ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၉၀၀,၀၀၀နှင့်  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၃,၁၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၁,၈၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၅,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၉,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၈,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၄၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၂,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     အောက်တိုဘာလ (ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၀,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၆၀၀၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၆၃,၆၀၀) အိတ်၊ တန်အားဖြင့် (၃,၁၈၀) တန်စီးထွက်ခဲ့ပြီး ယခုအောက်တိုဘာလ (ဒုတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇,၃၀၀၊ မန္တလေးသို့ အိတ်ရေ ၁၈,၃၀၀၊ မကွေးသို့ အိတ်ရေ ၁,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅,၀၀၀၊ ကချင်သို့ အိတ်ရေ (၅၀၀)၊ စုစုပေါင်းအိတ်ရေ (၅၃,၆၀၀) အိတ်၊ တန်အားဖြင့် (၂,၆၈၀) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ(၁၀,၀၀၀)အိတ်၊ တန်အားဖြင့် (၅၀၀) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                          

မကွေးကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံမျိုးစုံစျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့် ပွဲရုံများ၌ သီးနှံမျိုးစုံ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ မကွေးကုန်စည်ဒိုင်၌ ဖြစ်ပေါ်လျက်ရှိသော သီးနှံစျေးနှုန်းများမှာ (၆.၁၀.၂၀၂၃)ရက်နေ့တွင် ပဲတီစိမ်း(သစ်)(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲနောက်(၂၀)ပိဿာ(၁)တင်း လျှင် ကျပ်(၅၀၀၀၀)၊ ပဲလွန်းဝါ(၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၆၅၀၀၀)၊ ကုလားပဲ(929) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၈၈၅၀၀)၊ ကုလားပဲ(ဟော်လန်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၈၇၇၀၀)၊ ပဲကြီး (ဖြူ) ပြားကြီး (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲကြီးဖြူ(သေး) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၂၀၀၀)၊ ပဲကြီး(မဲ)(၁၉)ပိဿာ(၁) တင်းလျှင် ကျပ်(၈၅၀၀၀)၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၈၀၀၀၀)၊ နှမ်းနက်(စမုံ)(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀-၁၁၃၀၀၀)၊ နှမ်းဖြူ(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၁၂၅၀၀၀)၊ နှမ်းနီ (မကွေး)(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ နှမ်းနီ(နယ်စ) (၁၅)ပိဿာ(၁)တင်းလျှင်ကျပ် (၁၀၂၀၀၀)၊  မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၆၈၀၀-၇၀၀၀)၊ မြေပဲလုံးဆံ(ဖြူ) (၁)ပိဿာလျှင် ကျပ်(၆၅၀၀-၆၆၀၀)တို့ဖြစ်ကြောင်း သိရှိရပါသည်။

          မကွေးကုန်စည်ဒိုင်၌ (၂.၁၀.၂၀၂၃ မှ ၆.၁၀.၂၀၂၃)ရက်နေ့အထိ နှမ်းဖြူတန်ချိန်(၁၀၀)ခန့်၊ နှမ်းနီ တန်ချိန်(၅၀)ခန့်၊ နှမ်းနက်(စမုံ) တန်ချိန်(၁၀၀)ခန့်၊ နှမ်းနက်(ရိုးရိုး)တန်ချိန်(၄၀)ခန့်၊ နှမ်းညိုကြား တန်ချိန်(၂၅)ခန့်၊ ပဲတီစိမ်းတန်ချိန်(၂၀)ခန့်၊ ကုလားပဲတန်ချိန်(၅၀)ခန့်၊ ပဲကြီးဖြူတန်ချိန်(၂၅)ခန့်၊ ပဲကြီးမဲ တန်ချိန်(၁၀)ခန့်၊ စားတော်ပဲတန်ချိန်(၅)ခန့်၊ မတ်ပဲတန်ချိန်(၁၀)ခန့်နှင့် မြေပဲဆံတန်ချိန်(၁၀၀)ခန့်တို့ အသီးသီးအရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်ရ ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံး၊ မြေပဲလုံး

   မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခြေခံကောင်းများရှိသည့်အပြင် MSMES လုပ်ငန်းများလည်း တစ်စထက်တစ်စပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ ယခုအပတ်တွင် ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့်မြေပဲလုံးအကြောင်းကို မိတ်ဆက်ပေးချင်ပါသည်။

    ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ ဦးဆန်းဝင်း၏ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံးလုပ်ငန်းခွင်သို့သွားရောက်၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြပါသည်။

     MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်နေသည့်အလျောက် ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့် မြေပဲလုံးလုပ်ငန်းပမာဏနှင့် လုပ်ငန်းလုပ်ဆောင်မှုအဆင့်ဆင့်ကို အဆွေတော်လုပ်ငန်းပိုင်ရှင် ဦးဆန်းဝင်းက အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့ပါသည်။

   နှမ်းလုံးမြေပဲလုံးတွင် အဓိကပါဝင်သော ထန်းလျက်၊ ကပ်စေးနှဲ၊ နှမ်းနှင့်မြေပဲများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံမှမှာယူပြီး နှမ်းလုံး၊ မြေပဲလုံးပြုလုပ်ပုံအဆင့်ဆင့်မှာ သန့်ရှင်းအောင်ပြုလုပ်ထားသော ထန်းလျက် ၅၀သား၊ ကပ်စေးနှဲကို သင့်လျော်ရုံထည့်၍ ဒယ်အိုးထဲသို့ထည့်ပြီး ကျိုချက်ရပါသည်။ ညောင်စေးပေါက်လာသောအခါ နှမ်းထည့်၍မွှေပေးရပြီး လင်ဗန်းထဲသို့ထည့်ကာ အအေးခံ၍ အနေတော်အပူချိန်သို့ရောက်သောအခါ မိသားစုလုပ်အားဖြင့် ဝိုင်း၍ အလုံးဖြစ်အောင်လုံးရပါသည်။ အေးခဲသောအခါတွင် စားသုံးရန်သင့်တော်သော နှမ်းလုံးများကိုရရှိပါသည်။ အလားတူပင် မြေပဲလုံးကိုလည်း ထန်းလျက် ၅၀သား ကပ်စေးနှဲသင့်လျော်ရုံလောက်ထည့်၍ ဒယ်အိုးထဲသို့ထည့်၍ကျိုကာ ညောင်စေ့ပေါက်လာသောအခါ မြေပဲထည့်မွှေပြီး လင်ဗန်းထဲသို့ထည့်၍ အနေတော်အနေထားရအောင် အအေးခံပြီးနောက် လိုအပ်သောအပူရှိန်ဖြင့် မိသားစုများဝိုင်းလုံးကြပါသည်။ အသင့်လုံးထားသော မြေပဲလုံး၊ နှမ်းလုံးများကို ရောင်စုံစက္ကူများဖြင့် လှပသေသပ်စွာထုပ်ပိုးပြီး ပလတ်စတစ်ဘူးအဝိုင်းတွင်ထည့်၍ ဓနုဖြူမြို့တွင်းသို့လည်းကောင်း၊ ဇလွန်၊ ဟင်္သတမြို့များသို့လည်းကောင်း၊ ဖျာပုံ၊ ကျိုက်လတ်မြို့များသို့ ဈေးကွက်ဖြန့်ချိပြီး ရောင်းချနေကြောင်းကို ပိုင်ရှင်ဦးဆန်းဝင်းမှ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

    MSMEs လုပ်ငန်းတစ်ခုဖြစ်သော ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့သစ်ရှိ အဆွေတော် နှမ်း၊ မြေပဲလုံးလုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာခဲ့သော စားသုံးသူရေးရာဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက နိုင်ငံတော်မှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေမှု နှမ်း၊ မြေပဲလုံးလုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းရှင်၏ လုပ်ငန်းအပေါ် စေတနာထားဆောင်ရွက်ထားရှိမှုကြောင့် အဆွေတော်မုန့်လုပ်ငန်းမှ ထွက်ရှိလာသောနှမ်းလုံး၊ မြေပဲလုံးများသည် စားကောင်းသောကြောင့် ဈေးကွက်ရပြီး ရောင်းအားသွက်လာမည့်အပေါ် မိမိ၏မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်လာမည့် MSMEs လုပ်ငန်းတစ်ခုဖြစ်ကြောင်း ဂုဏ်ယူဖွယ်မိတ်ဆက်တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၁၀.၂၀၂၃ )

    ၁၅.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၁၀.၂၀၂၃ )

    ၁၄.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၃.၁၀.၂၀၂၃ )

   ၁၃.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၃.၁၀.၂၀၂၃ )

    ၁၃.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၁၀.၂၀၂၃ )

    ၁၃.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၅၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၃၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၃၄၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၉၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၈၂၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

       ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၄၀ကျပ်မှ ၂၆၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၆၄၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၄၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

 

မွန်ပြည်နယ်တွင် ကွမ်းသီးစိုက်ပျိုးမှုနှင့်ဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ်အနေဖြင့် ကွမ်းသီးစိုက်ဧက ၅၆၂၆၁ ဧက၊ ရိတ်ဧက ၅၁၄၂၅၊ နှုန်း ၁၀၅၅.၁၄၊ အထွက် ၅၄၂၆၀၇၀၉ ရှိသည်။  မွန်ပြည်နယ်ရှိ  ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင် မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်း၊ ခေါဇာမြို့တို့၌ ကွမ်းသီး စိုက်ပျိုးကြသည်။ အများဆုံး စိုက်ပျိုးသည့်မြို့နယ်များမှာ ဘီးလင်းမြို့၊ မော်လမြိုင်၊ သံဖြူဇရပ်မြို့၊ ရေးမြို့၊ လမိုင်းမြို့နယ်၊ ခေါဇာမြို့နယ်တို့မှ စိုက်ပျိုးဧကအများဆုံးနှင့်အထွက် အများဆုံးမြို့နယ်များဖြစ်သည်။

    ယခုနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကွမ်းသီးဈေးနှုန်း အခြေအနေမှာ ရေပေါင်းခြမ်း တစ်ပိဿာလျှင် ၄၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၈၈% အခြောက်) တစ်ပိဿာ လျှင် ၅၉၀၀ ကျပ်၊ ရေပေါင်းခြမ်း (၉၉% အခြောက်) တစ်ပိဿာလျှင် ၆၉၀၀ ကျပ်၊ အစာသန့် (ခြောက်) တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ၇၁၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်( အလယ်သား) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ ရှယ်ဝိုင်း-ခြောက်        ( အလယ်သား) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ မော်လမြိုင်အညိုသီး (ပြွမ်း) တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မော်လမြိုင်အညိုသီး(သန့်) တစ်ပိဿာလျှင် ၃၆၀၀ကျပ် ဖြစ်ကြောင်း သိရပါသည်။  မွန်ပြည်နယ် မော်လမြိုင်မြို့မှ   ထွက်ရှိသော  ကွမ်းသီးခြောက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း