ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် အခြေခံစားကုန်အချို့ ဈေးအတက်အကျရှိ

             တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။

              ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၆၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်၊ အကြီး ၄၀၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်တက်ပါသည်။

              ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀ ကျပ်၊ အကြီး ၉၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၉၀၀၀ ရှိရာမှ ယခုအပတ်တွင် ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အလတ် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ အကြီး  တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၉၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

              အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်၊ တရုတ်အာလူး ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်း ငယ် ကျဆင်းပါသည်။

              ငရုပ်သီးခြောက် အပု/အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိပြီး ငရုပ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။

              မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၆၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၄၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                               

တောင်ငူမြို့တွင် မုံရွာဖရဲသီးဈေးအနည်းငယ်ကျ

             တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသမှထွက်သော ဖရဲသီးများလာရောက် ရောင်းချကြပြီးကားတစ်စီးလျှင် ဖရဲသီးအလုံး ၃၅၀၀ တင်ဆောင်လာပါသည်။

              ၎င်းဖရဲသီးများကို ညောင်ပင်ဈေးတွင် အထိုင်ရောင်းချသကဲ့သို့ မော်တော်ယာဉ်ငယ်ဖြင့် လည်း လူစည်ကားရာနေရာများသို့ လှည့်လည်ရောင်းချရာ ယခင်အပတ်က ဖရဲသီး အကြီး တစ်လုံး လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် ဖရဲသီးအကြီး တစ်လုံး လျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

              ဖရဲသီး အလုံးလတ် အလတ်တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှင့် အလုံးသေး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိဖြစ်ရာ ယခင်အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်ကြောင်း နှင့် မုံရွာဖရဲသီးမှာ ဒေသထွက်ဖရဲသီးထက် အရသာကောင်းမွန်သဖြင့် လူကြိုက်များပြီး ရောင်းအား ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း အခြေအနေ

        တောင်ငူမြို့သို့ တောင်ကြီးနှင့် မေမြို့တို့မှ ကြက်ဥများ ဝင်ရောက်လျှက်ရှိရာ ၁၂ ဘီးကား တစ်စီးလျှင် ကြက်ဥလုံးရေ ၄၅၀၀၀ ခန့်ပါကြောင်းသိရပါသည်။ ယခင်လက ကြက်ဥ တစ်လုံးလျှင် အသေး ၂၅၀ ကျပ်၊ အလတ် ၂၆၀ ကျပ်နှင့် အကြီး ၂၈၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အသေး ၂၄၀ ကျပ်၊ အလတ် ၂၅၀ ကျပ်နှင့် အကြီး ၂၆၅ ကျပ်ဖြင့် ဈေးနှုန်းအတည်းငယ် ကျဆင်းပါ သည်။

       ဘဲဥမှာ ယခင်အပတ်ကအတိုင်း တစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၃၃၀ ကျပ်နှင့် အကြီး ၃၅၀ ကျပ်ဖြင့်လည်းကောင်း၊ ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥမှာ တစ်လုံးလျှင် ၄၅၀ ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

          ကြက်ဥ၊ ဘဲဥမှာ ချက်ပြုတ်ရလွယ်ကူ၍ စားသုံးသူများသည့်အပြင် ယခုကာလသည် သီတင်းကျွတ်ကာလဖြစ်၍ အလှူအတန်းပေါခြင်းကြောင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ် ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                  

တောင်ငူမြို့တွင် ပေါ်ဆန်းဆန်များဈေးကျ၍ မတ်ပဲဈေးတက်

           တောင်ငူမြို့တွင် ယခင် အောက်တိုဘာ စတုတ္ထအပတ်က  ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီးဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

              စပါးအသစ်မှာ တင်း ၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲကြီး မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၄၁၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ် လျှင် ၄၀၀၀၀ ကျပ်၊ ဖွဲနုမှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က   တစ်အိတ်လျှင် ၂၆၀၀၀ ကျပ် ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြစ်၍  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခင် အောက်တိုဘာ စတုတ္ထအပတ်က    တစ်အိတ်လျှင် ၁၂၈၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ ပထမ အပတ်တွင် တစ်အိတ်လျှင် ၁၄၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဒီဇယ်နှင့်ပရီမီယံဒီဇယ်ဈေးနှုန်းအနည်းငယ်ကျ

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် အောက်တိုဘာ စတုတ္ထအပတ်က 92 RON တစ်လီတာ လျှင် ၂၁၀၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၄၆၅ ကျပ်ရှိပြီး ယခုနိုဝင်ဘာ ပထမအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော် စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၉၅ ကျပ်ရှိပါသည်။

              အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၁၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၃၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၉၅ ကျပ်ရှိပါသည်။

              ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၀၅ ကျပ် ရှိပါသည်။

              သို့ဖြစ်၍ နိုဝင်ဘာ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၁၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၃၀ ကျပ်ဈေးတက်ပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ တစ်လီတာလျှင် ၇၀ ကျပ် ဈေးနှုန်းကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

မန်းတိုင်းမြေပဲဆံနှင့် မြေပဲဈေးကွက်

          မန္တလေးတိုင်းဒေသကြီးအတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းနှင့် အညာဒေသ မကွေးဘက်များမှ မိုးမြေပဲများ ယခုလတ်တလောအဝင်များနေကြောင်း၊ မန္တလေးတိုင်းအတွင်းရှိ ဆီစက်များနှင့် စားသောက်ကုန်လုပ်ငန်းများမှ ဝယ်ယူကြောင်း မန်းဈေးကွက်တွင် မြေပဲဆံဈေးကွက် ဈေးနှုန်းအနေနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်း မြေပဲလုံးဆံနီဟောင်း ၁ ပိဿာ လျှင် ကျပ် ၇၅၀၀/-၇၀၀၀/-၊ မြေပဲလုံးဆံနီသစ် ၁ ပိဿာ လျှင် ကျပ် ၆၀၀၀/-၅၈၀၀/-၊ S1လုံးဆံသစ် ၁ပိဿာ လျှင် ကျပ် ၅၆၀၀/-၅၅၀၀/-၊ S1ဆီဆံ ၁ပိဿာ လျှင် ကျပ် ၅၆၀၀/-၅၄၀၀/-၊ မြေပဲဆီ ၁ပိဿာလျှင် ကျပ် ၁၅၀၀၀/- ၁၃၀၀၀/-ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိကြောင်း၊ ယခင်နှစ်ကာလတူဈေးနှုန်းအနေဖြင့် မြေပဲလုံးဆံနီသစ် ၁ ပိဿာ လျှင် ကျပ် ၅၈၀၀/-၅၃၀၀/-၊ S1 လုံးဆံသစ် ၁ ပိဿာ လျှင် ကျပ် ၅၅၀၀/-၅၃၀၀/-၊ S1 ဆီဆံ ၁ပိဿာ လျှင် ကျပ် ၅၀၀၀/-၄၇၀၀/-၊ ပဲဆီ ၁ပိဿ လျှင် ကျပ် ၁၂၀၀၀/-၁၁၀၀၀/-ဈေးနှုန်းများနှင့်ရောင်းဝယ်မှုရှိကြောင်း လေ့လာသိရှိရပါသည်။ မြေပဲဆီဆံများကို ဆီစက်များက ဝယ်ယူမှုများပြီး လုံးဆံနီများကို စားသောက်ကုန်လုပ်ငန်း ထိုးမုန့်နှင့်လက်ဖက်သမားများမှ ဝယ်ယူမှုရှိကြောင်း၊ မန္တလေးတိုင်း  အတွင်းသို့ ၂၀၂၃ အောက်တိုဘာ တတိယပတ်အတွင်းမှစ၍ မကွေးနှင့်မင်းကွန်းဘက်များမှ ဝင်ရောက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ ဈေးကွက်အတွင်း ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လျက်ရှိ

    စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို  မုံရွာမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး  ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါးနေခြင်း၊ ဒေသထွက်များ လှိုင်လှိုင်မပေါ်သေးခြင်းကြောင့် ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှသယ်ယူကာ ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၂၅၀၀)၊ ယခင်အောက်တိုဘာလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊  ယခင်အောက်တိုဘာလနှင့် ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်မည်ဆိုပါက ရှမ်းစတစ်ပိသာလျှင် ကျပ် (၂၀၀၀)ခန့်၊ ကြူကုတ်တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့မြင့်တက်လျက်ရှိကြောင်း မုံရွာမြို့၊ မြသလ္လာဈေးတွင်ရောင်းချနေသော ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဆက်လက်ရောင်းချ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၏ကြီးကြပ်မှုတို့ဖြင့်  ဆီကုန်သည်များနှင့်ပူးပေါင်း၍ (၇-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့၊ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်  လူတစ်ဦးလျှင် (၅၀)ကျပ်သားကို ၂၆၀၀ကျပ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး လူဦးရေ(၁၅၅၀)ဦးအတွက် စားအုန်းဆီ ၇၇၅ပိဿာရောင်းချပေးခဲ့ကြောင်း ဆီလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

နိုဝင်ဘာလ ဒုတိယအပတ် ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင်    (၂၁၃၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

     နိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင်    (၂၁၃၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၀၀)ကျပ်ဖြင့်ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၅)ကျပ်မြင့်တက်ပြီး ဓာတ်ဆီ (95) မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကာ ဒီဇယ်(ရိုးရိုး)နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၁၀)ကျပ်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ ဘုရားကြီးဈေး ဆောင်းဦးပေါက်ရာသီ၌ “ခေါဆီ (ခေါ်) ခေါပုတ်” လုပ်ငန်းဖြင့် ဝင်ငွေရရှိ

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များနှင့် အစုအဖွဲ့များဖွဲ့စည်း ၍ ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

     ကန့်ဘလူမြို့၏ သာယာလှပသောညနေခင်းဆည်ဆာအလှနှင့် အပန်းဖြေစရာနေရာတစ်ခုဖြစ်သည့် မဟာရွှေစည်ကြီး၊ ဘုရားကြီးဈေးတန်းတွင် နံနက် (၀၇:၀၀)နာရီအချိန်မှ နေ့လယ် (၂:၀၀)နာရီအချိန်ထိ ရောင်းချနေကြသော အသီးအနှံများ၊ ခေါဆီသည်များ၊ ပြောင်းဖူးပေါက်ပေါက်သည်များ၊ မုန့်တီ/ မုန့်ဟင်းခါး/ ကြာဆံဟင်းခါး/အမဲ စွပ်ပြုတ်/ဝက်ခြေထောက်စွပ်ပြုတ်/ ရေစိမ်/ ဆန်စီး/ ရှမ်း/ အာပူလျှာပူ/ ကြက်သား၊ အမဲသားဒန်ပေါက် စသည့်စားသောက်ဖွယ်အမျိုးမျိုးအနက် ဆောင်းဦးပေါက်ရာသီ၏ ခေါဆီ (ခေါ်) ခေါပုတ်လုပ်ငန်းသည် ရာသီစာဖြစ်သည့်အတွက် ခေါဆီ (ခေါ်) ခေါပုတ်လုပ်ကိုင်ရောင်းချသူနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ အောက်တိုဘာလ လဝက်မှစတင်ပြီး ခေါဆီ (ခေါ်) ခေါပုတ်လုပ်ငန်းကိုလုပ်ကိုင်ရကြောင်း၊ကောက်ညှင်းဆန် (အဟောင်း) (အဖြူ) တစ်ပြည်ကို (၅၀၀၀) ကျပ်၊   (အနက်) တစ်ပြည်ကို (၆၀၀၀)ကျပ်ဖြင့်ဝယ်ယူပြီး ကောက်ညှင်းဆန်ကို (၄/၅)နာရီခန့်ကြာအောင် ရေစိမ်ထားရကြောင်း၊ ရေစိမ်ထားသောကောက်ညှင်းဆန်များကို ပေါင်းအိုးနှင့်တည်ပြီး (၁၃:၀၀)နာရီ န့်ပေါင်းရကြောင်း၊ ပေါင်းပြီးသောကောက်ညှင်းမျာကို သန့်ရှင်းသောအခင်းများပေါ်တွင်ချပြီး နှမ်းထောင်း/ ဆီတို့ထည့်ကာ ပေါက်ဆိန်ဖြင့်ထုထောင်းပြီးလျှင် ခေါဆီအဖြစ်ရရှိကြောင်း၊ ကောင်းညှင်းဆန်တစ်ပြည်ထုထောင်းလျှင် အပြားသေး (၇၀ /၈၀) ခန့်၊ အပြားကြီး (၄၅/၅၀) ခန့်ထွက်ရှိပြီး ကျပ်၁၀၀၀ဖိုးလျှင် အပြားသေး (၁၀)ခု၊ အပြားကြီး(၆)ခုနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ တစ်ရက်လျှင် နေ့စဉ် ကောက်ညှင်းဆန် (၄) ပြည်ထုထောင်းရပြီး  ဆန်တစ်ပြည်ထုထောင်းလျှင် အမြတ်ငွေ (၂၀၀၀)ကျပ်ရရှိပြီး တစ်ရက်အမြတ်ငွေမှာ ကျပ်(၈၀၀၀/ ၁၀၀၀၀) ခန့်ရှိကြောင်း၊ အော်ဒါအမှာများပါက ပိုမိုလုပ်ကိုင်ရကြောင်း မဟာရွှေစည်ကြီးဈေးတန်းတွင် ခေါစီရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း