ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့၏ဓါတ်မြေဩဇာနှင့် ဘိလပ်မြေဈေး

         ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ပြည်မြို့၏ ဓါတ်မြေဩဇာနှင့် ဘိလပ်မြေ ဈေးနှုန်းမှာ ယူရီးယား(လုံးကြီး) (မြင်းပျံကုမ္ပဏီ)မှာ ၄၅၀၀၀ ကျပ်၊ ယူရီးယား(လုံးသေး) (စုစံတံဆိပ်)မှာ ၈၃၅၀၀ကျပ် ၊ တီစူပါသံကွင်း (တရုတ်)မှာ ၁၂၃၀၀၀ကျပ်၊ ပိုတက်(အာမို) ၁၁၃၀၀၀ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည်(အာမို)မှာ ၁၅၀၀၀၀ကျပ်၊ ပိုးသတ်ဆေးဂလိုင်ကိုစိတ် (၄)လီတာ၊ ဝိစာရတံဆိပ်မှာ ၄၆၀၀၀ကျပ်၊ ရှောင်လင် ၅၀၀စီစီ ၁၇၀၀၀ကျပ် ဈေးနှင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဘိလပ်မြေဈေးမှာ ကြံ့နီတစ်အိတ်လျှင် ၉၀၀၀ကျပ်၊ အယ်ဖာ(၁)အိတ် ၈၈၀၀ကျပ်၊ အပါချီတစ်အိတ် ၈၇၀၀ကျပ်ဈေးဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မြေပဲဆန်ဈေးအနည်းငယ်ကျဆင်းလာသည့် ပြည်ဈေးကွက်

     ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ယခု စက်တင်ဘာလ တတိယပတ်တွင် ခရိုင်အတွင်း မြို့နယ်များဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့လျှင် မြေပဲဆန်အိတ် (၃၀၀/၄၀၀)ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်တာတွေ့ရပါသည်။ ရန်ကုန်နှင့် မန္တလေးဘက်မှ ဝယ်လက်များကလည်း ဝယ်ယူမှုရှိခြင်း၊ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များကလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြည်ဒေသရှိ ပွဲရုံနှင့် ဈေးကွက်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် ဆီဆန်(အဖြူ) တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် (၆၇၀၀)ကျပ် နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် (၆၇၀၀)ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် စက်တင်ဘာလ ပထမပတ်နှင့် ယှဉ်လျှင် မြေပဲဆန်ဈေးအနည်းငယ်ပြန်ကျသွားတာ တွေ့ရပါသည်။  မြေပဲဆန်များဈေးကွက်တွင် အဝင်လှိုင်လာခြင်းတို့ကြောင့် တစ်ပိဿာလျှင် ၄၀၀-၈၀၀ ကျပ်ခန့်ဈေးအနည်းငယ်ကျလာသည်ဟု သိရပါသည်။  မြေပဲဆီဈေးမှာ ယခုစက်တင်ဘာလ တတိယပတ်တွင် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဖြင့် ရောင်းချ၍ ယခင် စက်တင်ဘာ လ ပထမပတ်တွင်   တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့၍ တစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့် ဈေးများပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရပါသည်။ ယခုလိုမြေပဲဆီ ဈေးနှုန်းများ ကျဆင်းလာရခြင်းမှာ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းများဖြင့် စားအုန်းဆီများကို ရောင်းချပေးခြင်း၊ မြေပဲများအထွက်လှိုင်ချိန်ဖြစ်သဖြင့် ဈေးကွက်တွင် မြေပဲဆန် လက်ကျန်များနေခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ဩဇာသီးဈေးကွက်

     ပြည်ဈေးကွက်သို့ ဩဂုတ်လမှစ၍ ဩဇာသီးများ စတင်ဝင်ရောက်လျက်ရှိပြီး ယခုအခါ ဩဇာသီးလှိုင်လှိုင်ပေါ်သော စက်တင်ဘာလသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ပြည်မြို့ရှိ ဩဇာသီးများကို ပန်းတောင်းမြို့၊ ပေါက်ခေါင်းမြို့နယ်ဘက်ရှိ ကျေးရွာများနှင့် ပြည်မြို့နယ်အတွင်း ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို ကျေးရွာများမှ အများဆုံး လာရောက်ရောင်းချသည်ကို တွေ့ရှိရပါသည်။ ဩဇာသီးပေါ်ခါစတွင် အကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ် ၊ အလတ် တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချပြီး ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ဩဇာသီးအကြီးတစ်လုံးလျှင် ၈၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၅၀၀ ကျပ်နှင့် အသေး(၁၀၀၀) ကျပ်ဖိုးလျှင် (၃/၄)လုံးအထိ ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ဂရိတ်ဖရုအသီးများ ရံဖန်ရံခါအရောင်းအဝယ်ဖြစ်

     ဂရိတ်ဖရုသီးများကို ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် စိုက်ပျိုးကြောင်းသိရပြီး ထိုအသီးကို ဝိုင်၊ ယို၊ ဂျယ်လီ၊ ဖျော်ရည် စသည်ဖြင့် ပြုလုပ်၍စားသုံးကြပါသည်။ ဂရိတ်ဖရုအသီး၏ ထူးခြားချက်မှာ အသီးတွင်အနာအဆာမရှိဘဲ သက်တမ်းပြည့်ချိန်မှ ခူးဆွတ်သော အသီးဆိုလျှင် ၃လမှ ၆လအထိ ထားနိုင်ပါသည်။ ပူတာအိုဒေသမှထွက်ရှိသည့် ဂရိတ်ဖရုသီးများကို မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးဈေးကွက်တို့မှတစ်ဆင့် အမြို့မြို့အနယ်နယ်ရှိ ဈေးကွက်တို့အပြင် ပြည်ဈေးကွက်တွင်လည်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ပြည်ဈေးကွက်တွင် ရံဖန်ရံခါရောင်းချသော ဂရိတ်ဖရုဈေးနှုန်းများမှာ ကာလပေါက်ဈေးအရ အလုံးကြီး တစ်လုံးလျှင် ၁၅၀၀ကျပ်၊ အသေး တစ်လုံးလျှင် ၆၀၀-၈၀၀ကျပ်ထိ ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

လှိုင်လှိုင်ပေါ်နေပြီဖြစ်သော သရက်ကင်းဥ

    စက်တင်ဘာလ ပထမပတ်မှစတင်၍ ထွက်ရှိလာသော ရာသီပေါ်သရက်ကင်းများသည် ယခုအချိန်တွင် လှိုင်လှိုင်ပေါ်နေပြီဖြစ်ပါသည်။ သရက်ကင်းကို ဒေသတော်တော်များများက တို့စရာအဖြစ် စားသုံးကြသော်လည်း အချို့ဒေသများတွင် သရက်ကင်းကိုပါးပါးလှီးပြီး ငါးကင်၊ ပုစွန်နဲ့သုပ်စားလေ့ရှိပါသည်။ မြန်မာနိုင်ငံအနှံပေါက်ရောက်သော သရက်ကင်းကို ရာသီချိန်မှသာ ထွက်ပေါ်၍ စားရသောကြောင့် သရက်ကင်းကြိုက်သူများက ဝယ်ယူစားသုံးကြပါသည်။ ယခု သရက်ကင်း လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဈေးရှိပြီး၊ တစ်ဆယ်ကျပ်သား လျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နွေစပါးဈေးနှုန်းဈေးကွက်

     နွေစပါးမှာ ၂၀၂၃ခုနှစ် ၊ ဧပြီလတွင် စတင်ထွက်ပေါ်ပြီး စပါးပေါ်စအချိန်တွင် (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၄)သိန်းကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး မေလတွင် စပါးတင်း (၁၀၀)လျှင် (၁၅)သိန်းကျပ်အထိ ဈေးမြင့်ခဲ့ပါသည်။ ဇွန်လတွင် တင်း(၁၀၀)လျှင် (၁၄)သိန်းဖြင့်  ဈေးပြန်လည်ကျဆင်းခဲ့ပါသည်။ ဇွန်လတွင် ယခင်မေလထက် ဈေးများကျဆင်းလာရခြင်းမှာ ပြည်ပ ဝယ်လိုအားမရှိခြင်း၊ ရန်ကုန် Expoter ဝယ်လက်အဝယ်မရှိခြင်းတို့ကြောင့် ဈေးကျခဲ့ပြီး ဇူလိုင်လ မှာလည်း နွေစပါးဈေး (၁၃၂၀၀၀၀)ကျပ်အထိဈေးကျခဲ့ပါသည်။ ဆန်အဟောင်းများ လက်ကျန်ရှိနေခြင်း၊ ဝယ်လက်များမှာ ဆန်အဟောင်းများကိုသာ ဝယ်ယူစားသုံးမှုများခြင်း၊ နွေဆန်မှာ အရောင်းအဝယ်နည်းခဲ့သည့်အတွက် ဈေးဆက်လက်ကျခြင်းခဲ့ခြင်းဖြစ်ပါသည်။ ဩဂုတ်လနှင့် စက်တင်ဘာလတွင် စပါးတင်း(၁၀၀)လျှင် (၁၅)သိန်းကျပ်အထိ ဈေးပြန်လည် မြင့်ခဲ့ပါသည်။ စပါးဟောင်း လက်ကျန်နည်းခြင်း၊ နွေစပါးနှင့်နွေဆန်များမှာ စားသုံးသူများသည့်အတွက် အရောင်းအဝယ်ကောင်းလာခြင်း ဒေသတွင်းရောင်းလိုအား များသဖြင့် နွေစပါးနှင့် နွေဆန်ဈေးများ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရှိ နှမ်းသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

     ပြည်ခရိုင်တွင် ယခုစက်တင်ဘာလမှစ၍ နှမ်းသီးနှံများထွက်ပေါ်လာ၍ ထွက်ရှိသော နှမ်းသီးနှံကို မြို့တွင်းစားသုံးသည့်အပြင် အညာဒေသများဖြစ်သော အောင်လံ၊ မကွေးနှင့် မန္တလေးသို့လည်းတင်ပို့ရောင်းချကြပါသည်။ ပွဲရုံများသို့လည်း ဧရာဝတီတိုင်းဖြစ်သော မြန်အောင်၊ ကြံခင်းနှင့် ကံမဘက်မှ တင်သွင်းကြပြီး နှမ်းသီးနှံ အထွက်လှိုင်ချိန်တွင် တစ်နေ့ကို အိတ် (၁၀၀၀)ကျော် တင်ပို့ကြပြီး နှမ်းများရှားသွားချိန်တွင် နေ့စဉ်မဟုတ်ဘဲ ရက်ခြားတင်ပို့ကာ တစ်ခါတင်ပို့လျှင် အိတ် (၅၀၀)လောက်သာ တင်ပို့နိုင်ကြပါသည်။ စက်တင်ဘာလ တတိယ ပတ်တွင် နှမ်းဈေးများအနေဖြင့် နှမ်းနီ (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၂၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် စက်တင်ဘာလ ပထမပတ်တွင် နှမ်းနီ (၃)တင်းတစ်အိတ်လျှင် (၃၁၅၀၀၀)ကျပ်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် (၁၅၀၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်တွင် နှမ်းနီစိုက်ဧကနည်းပြီး အခြားတိုင်းများဝယ်ယူ၍ တစ်ဆင့် ပြန်လည်ရောင်းချရသဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းဈေးမှာ ယခင်စက်တင်ဘာလပထမပတ်အတိုင်း ဈေးငြိမ်နေခဲ့ပါသည်။ ဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလဆန်းတွင် တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်ဖြင့်ရောင်းချခဲ့သဖြင့် တစ်ပိဿာလျှင် ၁၅၀၀ကျပ်ခန့် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ထိုသို့ နှမ်းဆီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ဆီကြိတ်နှမ်းနီ ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

          ပြည်ခရိုင်အနေဖြင့် နှမ်းသီးနှံကို ဒေသတွင်းဆီဖူလှုံမှုရှိစေရန် စိုက်ပျိုးသည့်အပြင် ပိုလျှံပါ ပြည်ပသို့တင်ပို့နိုင်ရန် အရည်အသွေးကောင်း၊ ဆီထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များအား ရွေးချယ်၍ စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်ပဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဆန်ဈေးတည်ငြိမ်ပြီး စပါးဈေးအနည်းငယ်ကျ

     တောင်ငူမြို့တွင်  ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဧည့်မထ (မိုးဆန်)မှာ တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် ဧည့်မထ (မိုးဆန်)မှာ တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

       မိုးစပါးမှာ တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်၊ နွေစပါးမှာ တင်း ၁၀၀ လျှင်  ၁၈၀၀၀၀၀ ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဖွဲနုမှာ ၃၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၂၁၀၀၀ ကျပ်ရှိရာမှ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် ၁၂၆၅၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပါသည်။ ပဲလွန်းဖြူနှင့် ပဲတီစိမ်းမှာ အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းတက်

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၄၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၅၈၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်ရှိပါသည်။

        ယခုအပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၆၉၅ ကျပ်ရှိပါသည်။

       အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၃၅ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၂၆၂၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၀၀ ကျပ် ရှိပါသည်။

       ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၃၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၇၀၅ ကျပ် ရှိပါသည်။

      သို့ဖြစ်၍ ယခုအပတ်တွင် 92 RON မှာ တစ်လီတာလျှင် ၁၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၁၄၅ ကျပ် ဈေးနှုန်းကျဆင်းပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၅ ကျပ် မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်၊ ဥယျဉ်တော်ကျေးရွာရှိ တံမြက်စည်းအကြမ်းနှင့် အချောများ ဈေးအနည်းငယ်တက်

    အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာသည် တံမြက်စည်း အကြမ်းနှင့် အချောများ ကို မိသားစုတပိုင်တနိုင်လုပ်ငန်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်ကြသူများ များပြားလှပါသည်။ ဥယျာဥ်တော်ကျေးရွာမှ ထွက်သော တံမြက်စည်းများမှ လက်ရာသေသပ် ကောင်းမွန်ပြီး ခိုင်ခံ့သောကြောင့် ဒေသအတွင်းတွင် ရောင်းအားကောင်းလျက်ရှိပါသည်။

        တံမြက်စည်းအချောအတွက် ကုန်ကြမ်းအနေဖြင့် ကြိမ်နှင့် တံမြက်စည်းတံအား အသုံးပြုရပြီး တံမြက်စည်းအကြမ်းအနေဖြင့် အုန်းလက်၊ ဝါး နှင့် အနားကွပ်ရန်အတွက် ကြိမ်ကို အသုံးပြုရပါသည်။ တံမြက်စည်းအချောအတွက် တံမြက်စည်းတံအား ၁ ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြိမ်တစ်ထုပ်လျှင် ၈၀၀၀ ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။

      ဥယျာဉ်တော်ကျေးရွာမှထွက်သော တံမြက်စည်းများအား ဒေသတွင်း အုတ်တွင်း မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ တောင်ငူ၊ ဖြူး နှင့် ကျောက်တံခါးမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချပါသည်။ တံမြက်စည်းဈေးနှုန်းအနေဖြင့် ယခင်က တံမြက်စည်း အချောနှင့် အကြမ်း တစ်ချောင်း ၃၀၀၀ ကျပ်မှ ယခုအခါတွင် တစ်ချောင်းလျှင် ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း