ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

             ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၄.၁.၂၀၂၅) မှ (၂၀.၁.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၂၈၅၉၀) အိတ်၊ ပေါ်ကျွဲ (၆၆၂၇) အိတ်၊ ဧည့်မထ (၇၀၀၄၅) အိတ်၊ ဆန်ကွဲ (၁၄၆၈၀) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၆၄၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၀၄၅၁) အိတ်၊ ငစိန် (၁၂၄၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၁၇၈၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

             ၂၀.၁.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ်  ၇၂၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၈၅၀၀၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ (သကြားရော) ကျပ် ၅၆၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀၊ မန်းကျည်းသီး အသား အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀ မှ ကျပ် ၁၃၀၀၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၈၀၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

            ၂၀.၁.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၇၀၀၀၀၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၁၀၀၀၀၀၊ မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက် များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၀၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ်ကြီး ကျပ် ၁၈၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၂၀၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၂၀) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၁၂၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၄၈၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၈၀၀ ၊ အကြီးမှာ ကျပ် ၃၄၀၀၊ ရှယ်မှာ ကျပ် ၃၄၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၉၀၀ ၊ အကြီးမှာ ကျပ် ၃၅၀၀၊ ရှယ်မှာ ကျပ် ၃၄၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၇၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၃၇၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

              ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန် ဈေးနှုန်း များမှာ ယခင်အပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီနှင့် အာလူးဈေးနှုန်းများ

           ၂၀.၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်) တစ်ပိဿာ ကျပ် ၁၇၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၁၁၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၂၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၃၇၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၄၂၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၃၁၀၀ ၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၃၂၀၀ ၊  ဆိပ်ဖြူ(သစ်)လတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၁၇၀၀၊ မြင်းခြံ(သစ်) ရှယ် ကျပ် ၃၄၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၃၁၀၀ ၊  မြင်းခြံ(သစ်) လတ်သန့်  ကျပ် ၂၇၀၀ ၊  မြင်းခြံ(သစ်) လတ်ချော  ကျပ် ၁၉၀၀၊ မြစ်သား(သစ်) ရှယ် ကျပ် ၃၇၀၀၊ မြစ်သား(သစ်) လတ်ကြီး ကျပ် ၄၀၀၀၊ မြစ်သား(သစ်) လတ်သန့် ကျပ် ၃၇၀၀၊ မြစ်သား(သစ်) လတ်ချော ကျပ် ၂၉၀၀၊ တရုတ်အာလူး အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ တို့အသီးသီးရှိ ကြကြောင်းကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။ ယခုရက်သပတ်အတွင်း တရုတ်အာလူးဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင် သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

             ၂၀.၁.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၆၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၅၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၅၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၅၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေးကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၈၀၀၀  တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ယခုရက်သတ် တစ်ပတ်အတွင်း ငြုပ်သီးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဇီးကုန်းမြို့နယ်တွင် ထင်းအစားထိုး(စပါခွံ)လောင်စာတောင့်များထုတ်လုပ်

           ဆန်ကြိတ်ခွဲစက်များမှ ထွက်ရှိသော ဘေးထွက်ပစ္စည်း စပါးခွံဖြင့် ထင်း/ မီးသွေး အစားထိုး လောင်စာအဖြစ် စပါးခွံလောင်စာတောင့် ထုတ်လုပ်ခြင်းလုပ်ငန်းအား ဇီးကုန်းမြို့၊ အမှတ် (၃) ရပ်ကွက် ရန်ကုန်-ပြည်လမ်းတွင် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိပါသည်။

          လောင်စာတောင့်အတွက် စပါးခွံအားစက်ဖြင့်ပြုလုပ်ပြီး ကုန်ကြမ်းစပါးခွံအားအိတ် (၂၀၀)ပါ (ပုဇဉ်းကား) တစ်စီးအတွက် စပါးခွံဖိုး (၄၅၀၀၀)ကျပ်၊ ကားခ (၂၅၀၀၀)ကျပ်၊လုပ်သားခ (၁၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း စပါးခွံကားတစ်စီးလျှင်  (၈၅၀၀၀)ကျပ် ကုန်ကျစရိတ်ရှိပြီး ကုန်ကြမ်း အိတ် ၂၀၀ တွင် ကုန်ချောအိတ် ၅၀ ခန့်ရရှိပြီး ရောင်းချမှုအနေဖြင့် ပိဿာ ၂၀ တစ်အိတ်လျှင် ၇၅၀၀ကျပ် လက်လီတစ်ပိဿာလျှင် ၄၀၀ ကျပ်ဖြင့် ရောင်းချရကြောင်းသိရပါသည်။

          လုပ်ငန်း စတင်ဆောင်ရွက်နေသည်မှာ ၂လခန့်သာရှိပြီး ဈေးကွက်အနေဖြင့် မြို့နယ်တွင်း လုပ်ငန်းသေးများဖြစ်သည့် အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင် (၅)ဆိုင်ခန့်သာ ရောင်းချရပြီးလက်လီ ရောင်းချရမှုများလည်းရှိလာပါသည်။ အကျိုးအမြတ်အနေဖြင့် အလေအလွင့် ၊ စက်လည်ပတ် / လုပ် သားခ ၊ အိတ်ခွံ၊ မီတာခ နူတ်ပြီး ပိဿာ(၂၀)တစ်အိတ် လျှင် (၃၀၀၀)ကျပ် အကျိုးအမြတ်ရရှိကြောင်း စပါးခွံလောင်စာတောင့်ကို သုံးစွဲခြင်းဖြင့် ထင်းနှင့် မီးသွေးတို့ သုံးစွဲခြင်းထက် ကုန်ကျစရိတ်သက်သာ ပြီး လောင်စာတောင့်ပြာများကို ဓာတ်မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးစ ဒန့်သလွန်သီးများ ဈေးကောင်းရရှိနေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းတွင် ရာသီပေါ်သီးနှံမျိုးစုံ ကို စိုက်ပျိုးရောင်းချလျက်ရှိပြီး  ဒန့်သလွန်သီးသီးနှံကို နေအိမ်ခြံဝန်းအတွင်း  တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြပါသည်။  ဒီဇင်ဘာလတွင်  ဒန့်သလွန်သီးများ စတင်ထွက်ရှိပြီး ယခုဒီဇင်ဘာလဒုတိယ ပတ်တွင် နတ်တလင်းမြိုနယ်ဈေးကွက်အတွင်း ပေါ်ဦးစဒန့်သလွန်သီး တစ်တောင့်လျှင်အတောင့် အရွယ်အစားကိုလိုက်၍ (၂၀၀ ကျပ်မှ ၄၀၀ ကျပ်)နှုန်းဖြင့်ရောင်းချနေ  ကြောင်းသိရပါသည်။ ယခု အချိန်သည်ဒန့်သလွန်သီးများ ပေါ်ဦးစဖြစ်သည့်အတွက် မြို့နယ်တွင်းနှင့် အနီးပတ်ဝန်ကျင် မြို့နယ် များသို့သာ တင်ပို့ရောင်းချနိုင်သော်လည်း လှိုင်လှိုင်ထွက်ရှိပါက သုံးဆယ်မြို့နယ်နှင့် ရန်ကုန်မြို့များ သို့တင်ပို့ ရောင်းချကြောင်းသိရပါသည်။

ဒန့်သလွန်ပင် စိုက်ပျိုးခြင်းကို မိုးဦးကျ ဇွန်လတွင် စတင် စိုက်ပျိုးကြကြောင်း ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍လည်းကောင်း အစေ့တိုက်ရိုတ်ချ၍ လည်းကောင်းစိုက်ပျိုးကြပြီး အစေ့တိုက်ရိုက် စိုက်ပျိုးပင်က အသီးပိုသီးကြောင်း စိုက်ပျိုးပြီး (၂)သားတွင် အသီးများ စတင်သီးပြီး (၄)နှစ်သားမှ (၅)နှစ်သားတွင် အသီးများလှိုင်လှိုင်သီးကြောင်း  သိရပါသည်။

ဒန့်သလွန်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပွင့်၊ အသီး၊ အရွက် အားလုံးကိုစား သောက်ရန်နှင့် ဆေးဝါးအဖြစ်အသုံးပြုကြပါသည်။ ဒန့်သလွန်ပင်၏အမြင့်မှာ ၁၀တောင်မှ ၁၆တောင် အမြင့်ရှိပြီး အရွယ်ရောက်ပြီး အပင်တစ်ပင်လျှင် အတောင့်အရေအတွက် (၁၀၀)မှ (၂၀၀)ကြားထွက် ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရရှိနေသော ရုံးပတီသီး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍အ သက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ် ပဲတို့အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ဂေါ်ဖီ၊သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့နိုင်သည်အထိစိုက် ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ငါး ရှဉ့်ရိုး၊ သရက်ကုန်း၊ကွေ့ချောင်း ချောင်းနားရွာများသည် ရုံးပတီသီးအများဆုံး စိုက်ပျိုး၍ ဈေးကောင်းရရှိ လျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  (၁၆၀၀၀၀)၊ ဘောင်တင်ခ (၁၆၀၀၀၀)ကျပ်၊ စိုက်ပျိုးပင်စိုက်ရန်ကျင်းတူးခ  (၁၅၀၀၀၀)၊ မြက် ကောက်ခ(၁၅၀၀၀၀)ကျပ်၊ အပင်အားဆေး(၂၄၀၀၀၀)ကျပ်၊ အသီးအား ဆေး(၂၄၀၀၀၀ကျပ်)၊ မျိုးစေ့ဘိုး(၈ထုပ်)(၃၆၀၀၀၀)ကျပ်၊ ခူးဆွတ်ခ(၃၅)ကြိမ်အတွက် လုပ်သားခ(၃၅၀၀၀၀)ကျပ်၊ သယ် ယူခ(၃၅ကြိမ်)အတွက်လုပ်သားခ(၁၄၀၀၀၀)ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ကြိမ်) (၁၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ မျိုးစေ့ဘိုး၊ ဆေးဘိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ်    ( ၃၀၅၀၀၀၀)ကျပ်   ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်းရုံး  ပတီသီး တစ်တောင့်လျှင် ၂၅ကျပ်မှ ၂၈ကျပ်ကြားရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြားခူးဆွတ် ရပြီးတစ်ခါခူးဆွတ်လျှင် အတောင့်(၅၀၀၀)ခန့်ဖြင့်(၃၅)ရက် ခန့်ခူးဆွတ်ရပြီး အတောင့်ရေ  (၁၇၅၀၀၀)တောင့်ရပါသဖြင့် တစ်ဧက ဝင်ငွေ(၄၅၅၀၀၀၀)ကျပ်ရရှိပါသည်။ အကျိုးအမြတ် အနေ ဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀၀)ကျပ် အမြတ်ဝင်ငွေရရှိနိုင်ပါကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ခေါပုတ်

               တောင်ငူမြို့ ညောင်ပင်ဈေးသို့ နေရာဒေသအသီးသီးမှ  ဒေသထွက်ကုန်များ၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်ဒေသထွက် ခေါပုတ်များ လည်း လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

               ခေါပုတ်ကို ကောက်ညှင်းဖြင့်ပြုလုပ်ပြီး မီးကင်၍သော်လည်းကောင်း၊ ဆီဖြင့်ကြော်၍ သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ခေါပုတ်ကို ထန်းလျက်၊ ဆား၊ သကြား၊ ဆီတို့ဟူး၊ ငါးခြောက် စသည်တို့နှင့် မိမိတို့ ကြိုက်နှစ်သက်ရာ အဆာပြေစားသုံးနိုင်ပါသည်။

               ခေါပုတ်ကို ယခင်က တစ်ထုပ်လျှင် ၁၀၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ယခုအခါ တစ် ထုပ်လျှင် ၁၃၀၀ ကျပ်၊ နှစ်ထုပ်ယူလျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း