ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ သပြေစိုက်ပျိုးသူများ အပိုဝင်ငွေရ

              မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရား ကျောင်းကန်များတွင် လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာ ကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရပါသည်။ အိမ်ခြံဝင်းများတွင် တပိုင်တနိုင်စိုက်ပျိုးကြသူများပြီး စီးပွား ဖြစ် စိုက်ပျိုးသူများလည်းရှိပါသည်။

              သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စကသည်လည်း အနည်းဆုံး ဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ် အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်း သိရပါသည်။

              သပြေပန်း ၁၀ ညွန့်ပါ တစ်စည်းလျှင် ယခင်က ၄၀၀ ကျပ်ရောင်းချရမှ ယခုအခါတွင် တစ်စည်းလျှင် ၅၀၀ ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ ကျပ် တက်သွားပါသည်။ ဘုရားကပ်လှူ ရာတွင် အခြားပန်းများနှင့်မတူ တမူထူးခြား သပ္ပာယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအား ကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးမှ ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများ

              တောင်ငူမြို့ အနီးဝန်းကျင်ကျေးရွာများတွင် မိုးရာသီသီးနှံများကို တပိုင်တနိုင်စိုက်ပျိုး လျက်ရှိရာ ထွက်ရှိလာသော အသီးအနှံများကို ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးသို့ လာရောက် ရောင်းချလျက် ရှိကြပါသည်။

              ယခုအခါတွင်  ရုံးပတီသီးများပေါ်နေပြီဖြစ်ရာ ရုံးပတီသီး ၃ တောင့်ပါ အစည်းသေး ၁၀ စည်းလျှင် အစည်းကြီးတစ်စည်း စည်းပြီးလျှင် ၈၅၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိပါသည်။ ပဲဇောင်းလျားသီးများလည်း ပေါ်နေပြီဖြစ်ရာ ၂၅ ကျပ်သားလျှင် ၈၀၀ ကျပ်၊ တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

              ရုံးပတီသီးနှင့် ပဲဇောင်းလျားသီးများမှာ ပေါ်ခါစဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်သော် လည်း လှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များမှ သိရှိရ ပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့မှကွမ်းရွက်စျေးနှုန်း

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းကိုစီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ ကွမ်းစိုက်သူများအနေဖြင့် ကွမ်းခြံစိုက်မည့်နေရာကို နွားချေး၊ မြေဆွေးများထည့်ကာ မြေပြုပြင်ပေးရသည်။ အမြင့်(၄)လက်မနှင့် အကျယ်(၂)ပေရှိဘောင်များ ပြုလုပ်ပေးရသည်။ ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ပေါက်ပြားဖြင့်ကွမ်းဘောင်များ ပြု လုပ်ပေးရသည်။ ကွမ်းခြံဆောက်လုပ်ရာတွင် ဝါးလုံးအကြီးများကိုတိုင်အဖြစ်အသုံးပြုပြီး ကွမ်းစိုက် တိုင်များကိုလည်း ဝါးလုံးအသေးများဖြင့်လည်းကောင်း ၊ ဝါးလုံးအကြီးများကို ခြမ်း၍လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းခြံစင်ကိုလည်း အမြင့်(၇)ပေ (၈)ပေအထိဆောက်လုပ်ကြကြောင်း၊ နေပူဒဏ် မှကာကွယ်ပေးရန် အမိုးအကာများကို အုန်းလက်၊အမိုးအစိမ်း၊ အမိုးအမည်းများ အသုံးပြုရကြောင်း နှင့် ကွမ်းအမျိုးအစားများမှာ ကွမ်းနုဝါနှင့် ကွမ်းစိမ်းဟူ၍ (၂)မျိုးရှိသော်လည်း ကွမ်းနုဝါကိုအများဆုံး အသုံးပြုကြောင်း သိရပါသည်။

          ကွမ်းညွှန့်များကိုမိမိတို့နှစ်သက်ရာခြံမှ မျိူးဝယ်ယူကာ စိုက်ပျိုး‌လေ့ရှိကြသည်။ ကွမ်းနုဝါတစ် ညွှန့်လျှင် လက်ကားစျေး (၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူကာ စိုက်ပျိုးကြရသည်။ ကွမ်းဘောင်အပေါ်ရှိ မြောင်းအရှည်အတွင်း၌ နှစ်ဆစ်မြုပ်ထည့်ကာ မြေဖုံး၍စိုက်ပျိုးပေးရကြောင်း၊ ကွမ်းညွှန့်အဖျား ပိုင်းကို ခပ်ကွေးကွေးအနေအထားဖြင့် ကွမ်းတိုင်တွင်ကွမ်းညွှန့်များ ထောင်မတ်နေသည့်ပုံစံဖြင့် ချည်ပေးရသည်။ ကွမ်းညွှန့်များကို စိုက်နည်းကွာခြားသော်လည်း တစ်ပင်နှင့်တစ်ပင်ကွာခြားချက်မှာ တစ်ပေခန့်သာရှိကြောင်း၊ ကွမ်းပင်များရေလောင်းရာတွင် ရေဖျန်းပုံးဖြင့်ဖျန်းလေ့ရှိသည်။ ကွမ်း စိုက်ပျိုးပြီး(၄)အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ မိုးရာသီနှင့်ဆောင်းရာသီတွင် (၁၀)ရက် တစ်ကြိမ်ခူးရသော်လည်း နွေရာသီတွင် ရာသီဥတုအပူဒဏ်ကြောင့် (၁၅)ရက်ကို တစ်ကြိမ်သာ ခူးရပါသည်။ ကွမ်းခူးပြီးလျှင် (၁၅)ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာနှင့် မှိုဆေးများကို ဖျန်းပေး ရသည်။ မြေအနေအထားပေါ်မူတည်၍ ၃နှစ်မှ၅နှစ်အထိထားလေ့ရှိကြောင်း သိရပါသည်။ စိုက်ပျိုး ကုန်ကျစရိတ်အနေဖြင့် ကွမ်းခြံတစ်ပိုင်တစ်နိုင်စိုက်သူများအနေဖြင့် ကွမ်းတိုင်(၅၀၀)စိုက်လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကွမ်းနုဝါစျေးနှုန်းများမှာနိုဝင်ဘာလပထမအပတ်တွင်(၁၀၀၀၀)ကျပ်အထိရှိပြီး နိုဝင် ဘာလဒုတိယအပတ်တွင် (၁၂၀၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ မိုးရာသီ တွင်ကွမ်းအထွက်နှုန်း တိုးသော်လည်း မိုးများလျှင် ရောဂါပိုးကျရောက်လာသည့်အတွက် အထူး ဂရုစိုက်ရပါ‌ကြောင်း ဆောင်းရာသီနှင့်နွေရာသီတွင် အထွက်နှုန်းနည်းသွားသည့်အတွက် စျေးနှုန်းမြင့် တက်လာကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်ရှိတောင်သူများ မြင်းခွာရွက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများရရှိနေ

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ညောင်ဝန်းအုပ်စုသည် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချလျက်ရှိသည့်အပြင် ” မြင်းခွာရွက်”  ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

          မြင်းခွာရွက်သည် နွယ်ပင်မျိုးဖြစ်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ အပင်ပြုစုထိန်းသိမ်း နိုင်မှုအပေါ်မှုတည်၍ ၁၀နှစ်မှ နှစ်၂၀အထိ ခူးဆွတ်ရောင်းချနိုင်ပါသည်။ သဲကုန်းမြို့နယ် ညောင်ဝန်း အုပ်စု၊ ဝဲကြီးကျေးရွာတွင် မြင်းခွာရွက် ၀.၂၅ ဧကအကျယ်ရှိမြေကွက်၌ စိုက်ပျိုးရန် ဦးစွာစိုက်ပျိုးမည့် မြေအား ထွန်ယက်ပြုပြင်၍   မြင်းခွာရွက်မျိုးစေ့ တစ်ပြည်ကို ငွေကျပ် (၃၅၀၀၀) ဖြင့် (၁၀) ပြည်အသုံးပြုပါကြောင်း၊ မျိုးစေ့ကြဲပက်ပြီး (၁၄)ရက်သားရှိပါက အစို့များစတင် ထွက်ရှိပြီး  (၅၀-၆၀) ရက်သားရှိပါက စတင်ခူးဆွတ် ရောင်းချနိုင်ပါကြောင်း မြင်းခွာရွက်ကို စိုက်ပျိုးပြီးပါက တစ်နှစ်ပတ် လုံးခူးဆွတ် ရောင်းချနိုင်ပြီး ခြောက်သွေ့ရာသီတွင်  တစ်လ (၂)ကြိမ် ရေသွင်းပေးရပါသည်။ ကုန်ကျ စရိတ်အနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ နှစ်တစ်ပတ်လည်မျိုး၊ မြေပြုင်ခအပါအဝင်  ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အပင်ခူးဆွတ်ခ၊ ပေါင်းမြက်ရှင်းခ၊ ရေသွင်းခ စုစုပေါင်း ငွေကျပ်သိန်း (၇၀)ခန့်ရှိပါကြောင်း၊ မြင်းခွာရွက်ကို တစ်လ (၁)ကြိမ်ခူးဆွတ်ရပြီး စိုက်ဧက ၀.၂၅ ကိုအစီးရေ (၆၀၀၀၀) ထွက်ရှိပြီး၊ တစ်နှစ်လျှင်အစီးရေ ပျမ်းမျှ(၇၀၀၀၀၀)ခန့် ထွက်ရှိပြီး အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျ အပေါ်မှုတည်ပါကြောင်း  ယခုနိုဝင်ဘာလ ဒုတိယပတ်တွင်တစ်စီးလျှင် လက် ကားငွေကျပ် (၂၀) နှုန်းဖြင့် ရောင်းချရကြောင်း ထွက်ရှိလာသော မြင်းခွာရွက်များကို ဒေသတွင်း မြိုနယ်များ၊ ကုန်စိမ်းဒိုင်များမှတဆင့် ပြည်နှင့်ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချကြောင်း မြင်းခွာရွက် စိုက်ပျိုးသူ တောင်သူထံမှ သိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အရောင်းသွက်သည့် ဒေါ်လာမြေပဲဆီ

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ထုတ်ကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဒေါ်လာမြေပဲဆီသည် အနံ့အရသာနှင့်ပြည့်စုံပြီး လူကြိုက်များလှသည့် ဆီအမျိုးအစားတစ်ခုဖြစ် သည်။ ဒေါ်လာမြေပဲဆီကို ပြည်မြို့၊ ဗိုလ်ချုပ်လမ်း၊ မြို့တော်ခန်းမရှေ့တွင် ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ပြည်မြို့တွင် လူကြိုက်များပြီး ဈေးနှုန်းလည်းအသင့်အတင့်ဖြစ်ကာ ရောင်းအားကောင်းသော Brand တစ်ခုလည်းဖြစ်ပါသည်။ ဒေါ်လာဆီသည် ၁၀၀% ဆီသန့်ဖြစ်ပြီး မည်သည့်အရောအနှောမှ မပါဝင်ကြောင်းသိရသည်။ ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅)ပိဿာဘူး၊ အချိန်(၁၀)ဘူးများဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

ဒေသတွင်း လက်လီအရောင်းအဝယ်သာရှိသည့် ပြည်ချင်းဈေးကွက်

        ပြည်(ချင်း)ပွဲရုံများသို့ နယ်ဘက်အဝယ်နည်းနေပြီး ခရိုင်အတွင်းလက်လီသမားများသာ အရောင်းသမားများသာရှိနေကြောင်း သိရှိရပါသည်။ နယ်လက်အဝယ်နည်းသောကြောင့် အရောင်း အဝယ်အေးနေသည်ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါသည်။ ချင်းတက်မှာလှပြီး ဈေးသင့်တာကြောင့် လက်လီရောင်းဝယ်ရေးသမားတို့ ရောင်းချရာတွင် အရောင်းအဝယ်အနည်းငယ်ကောင်းလျက်ရှိ ကြောင်းသိရပါသည်။ ချင်းဓါးလှီးသမားတို့ အိတ်အစွဲရှိနေပါသဖြင့် ချင်း‌ဈေးနှုန်းများမှာ တစ်ပိဿာ လျှင်(ပွဲရုံဈေး) (၂၅၀၀-၃၀၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၅၀၀၀-၇၀၀၀)ကျပ် ဈေးတို့ ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဒေသအတွင်း လက်လီသမားများနှင့် အရောင်းအဝယ် သမားများတို့ အိတ်အစွဲရှိသောကြောင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ပတ် အတွင်းပွဲရုံများတွင် ချင်းပိဿာ(၃၀)အိတ်မှ အိတ်(၈၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

DOCA(ပဲခူး)

 

အရည်အသွေးကောင်းအာလူးများ ပြည်ဈေးကွက်သို့ဝင်ရောက်လျက်ရှိ

        ရှမ်းပြည်အောင်ပန်းမှ ပြည်ပွဲရုံများသို့ အရည်အသွေးကောင်းသောအာလူးများ ဆက်တိုက် ဝင်ရောက်လျက်ရှိပါသည်။ အာလူးအိတ်များမှာ ကြီး၊ လတ်၊ သေး အလိုက်ဝင်ရောက်ပြီး အလုံးလှ ကာ အရည်အသွေးကောင်းသောကြောင့် အာလူးအရောင်းအဝယ်သွက်နေ ကြောင်းသိရပါသည်။ အာလူးနှင့်ပတ်သက်သော အကြော်နှင့်မုန့်လုပ်ငန်းအရောင်းအဝယ်သမားတို့ အများဆုံးဝယ်ယူနေပြီး လက်လီဈေးများတွင်လည်း အရောင်းအဝယ်ကောင်းနေတာတွေ့ရပါသည်။ ပြည်ဈေးကွက် တွင်ရောင်းချသော အာလူးဈေးနှုန်းများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၅၅၀၀-၆၅၀၀)ကျပ် ဈေးဖြစ်ပြီး၊ လက်လီဈေးမှာ (၈၀၀၀-၁၀၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ ဈေးနှုန်းလည်းသင့်ပြီး၊ အမျိုးအစားကောင်းအာလူးများဖြစ်သောကြောင့် ပွဲရုံများတွင်အာလူး အရောင်းအဝယ်များကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့၏မုန့်ဟင်းခါးဖတ်ဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန့်ဟင်းခါးဖတ်ပြုလုပ်သူ လုပ်ငန်းရှင်(၂၁)ဦး ရှိပြီး လုပ်သားအရေအတွက်မှာ (၁၁၀)ဦးရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရန်အတွက် ဆန် (သို့မဟုတ်)ဆန်ကွဲကို ပြည်မြို့ရှိဆန်ပွဲရုံများမှ ဝယ်ယူရပါသည်။ ကုန်ကြမ်းဆန်တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာထွက်ရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် တစ်ရက်လျှင် မုန့်ဖတ် ထုတ်လုပ်နိုင်မှုမှာ ခန့်မှန်းခြေ ပိဿာ (၁၅၀/၂၀၀) ပိဿာထိထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျသည်ဟု သိရှိရပါသည်။ထုတ်လုပ်ရရှိသော မုန့်ဟင်းခါး ဖတ်များကို ပြည်မြို့ပေါ်ရှိစည်ပင်သာယာဈေးများနှင့် မုန့်ဟင်းခါးဆိုင်များသို့ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချပါသည်။

          မုန့်ဟင်းခါးဖတ်ကို ယခင်က မိရိုးဖလာပြုလုပ်ကြရာမှ အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး အရင်းအနှီးများများဖြင့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများ တိုးတက်ထုတ်လုပ်လာနိုင်လျှင် ပတ်ဝန်းကျင်ရှိလူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ‌‌‌ပေးနိုင်မည်ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်မှော်ဇာမြို့ရှိဟင်းသီးဟင်းရွက်များရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျှက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ မှော်ဇာကျေးရွာတွင်အုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက်ဟင်းသီးဟင်းရွက်များ အပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ ပြောင်းဖူးနှင့်ဒေါနပန်း များကိုလည်း စိုက်ပျိုးထား ကြောင်းသိရှိ ရပါသည်။ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက်အဝယ်ဒိုင် (၆)ခုသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက် အဝယ်ဒိုင်များ မှာဟင်းသီးဟင်းရွက်စိုက်ပျိုးသောတောင်သူများထံမှ အခင်းပြတ် ဝယ်ယူခြင်း ဖြင့်လည်းကောင်း၊ မျိုး၊ စိုက်စရိတ်ကြိုတင်ငွေပေးခြင်းဖြင့်လည်းကောင်း၊ ပွဲစားများထံမှ လည်းကောင်း ဒိုင်အရောက် လာ‌ရောင်းချကြသည့် တောင်သူများထံမှလည်းကောင်း သီးနှံ ပေါက်ဈေး အလိုက်ဝယ်ယူ၍ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချ ကြောင်းသိရှိရပါသည်။

ဈေးနှုန်းဈေးကွက်အနေဖြင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ မုန်လာဥ(၅)လုံးပါ တစ်တွဲလျှင် (၅၀၀)ကျပ်၊ ပြောင်းဖူးတစ်ဖူးလျှင် (၄၀၀-၅၀၀)ကျပ်၊ သခွားသီးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်ဒေသ၏ပန်းဂေါ်ဖီစိမ်းဈေးကွက်

          ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းကို ဆောင်းတွင်းကာလဖြစ်သော စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီလအတွင်း စတင်ထွက်ရှိပါသည်။ ပန်းဂေါ်ဖီစိမ်းကို အောင်ဆန်းပြည်သာယာဖက်ရှိ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနှုန်းမြေတွင် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင်မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကိုစိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းတစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင် ကောင်းသလို တစ်ဧကလျှင်ပျမ်းမျှ ၅-၆ တန်ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ပန်းဂေါ်ဖီစိမ်းဈေးကွက်အနေဖြင့် ယခုအချိန်တွင် ဈေးကောင်းရနေပြီး ယခင်ကပန်းပွင့်အကြီး တစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၄၀၀-၅၀၀ကျပ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ပန်းပွင့်ကြီး တစ်ပွင့်လျှင် ၁၅၀၀-၁၈၀၀ကျပ်၊ အသေးတစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်ခန့် ရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသော ပန်းဂေါ်ဖီစိမ်းများကို ဒေသတွင်းစားသုံးသည့်အပြင် နယ်များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း