ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နဂါးတွင်း၊ ဗုံတို၊ ဘုမ္မနိုး စသည့်ကျေးရွာများတွင် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးနှံကို  ဘုမ္မနိုးကျေးရွာတွင် စိုက်ဧက ၁၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

         ငရုတ်သီးစိုက်ပျိုးရန် မျိုးစေ့များကို သာမိုတစ်ထုပ်(၆၅၀၀၀)ကျပ် ၊မောင်တိန် တစ်ထုပ် (၉၅၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရပါကြောင်း၊  စိုက်ပျိုးရာတွင် ငရုတ်မျိုးစေ့များကို စက်တင်ဘာလတွင် ပျိုးအိတ်ဖြင့် ပျိုးထောင်ကာ အောက်တိုဘာလတွင် ပျိုးပင်သက်တစ်လသားခန့်အပင်အား မြေချ ၍ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် သာမိုစိုက်ပျိုးလျှင် တစ်ဧက (၆)ထုပ်၊ မောင်တိန်စိုက်ပျိုးလျှင် (၇)ထုပ် စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် တစ်တောင်ကွာ စိုက်ပျိုးရပါကြောင်း၊ ဒီဇင်ဘာလနှင့်ဇန်နဝါရီတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သာမို-၁၁ ငရုတ်မျိုးနှင့် မောင်တိန်- ၀၄၄  ငရုတ်မျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၇၀၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် အထွက်နှုန်း ငရုတ်အစို ပိဿာ ၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဇန်နဝါရီလ တတိပတ်ဈေးနှုန်းအနေဖြင့် ငရုတ်သီးစိမ်းလက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀-၃၈၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၂၅ သိန်း ခန့် ရရှိကြောင်း၊  ဈေးကွက် အနေဖြင့် မုံရွာနှင့် ပွဲစားများက မန္တလေးကုန်စိမ်းဒိုင်များသို့ တိုက်ရိုင်တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးနှံ အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ တောင်သူများသည် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်း၊ ငရုတ်စသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြပြီး ဗုံတို၊ ဘုမ္မနိုးကျေးရွာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ဘုမ္မနိုး ကျေးရွာတွင် စိုက်ဧက (၁၀) ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

          ခရမ်းချဉ်စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့(၆)ထုပ်ကုန်ကျပြီး တစ်ထုပ်လျှင် ၃၇၀၀၀ ကျပ် နှုန်းဖြင့် ပေးဝယ်ရပါကြောင်း၊ မျိုးစေ့ကို ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီး ပျိုးပင် တစ်လသားကျော် အရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ ခရမ်းချဉ်သီးနှံကို မြေအောက်ရေတင် စနစ်ဖြင့်စိုက်ပျိုး၍ စိုက်ပျိုးပြီး နှစ်လအကြာတွင် အသီးများ စတင်ဆွတ်ခူးနိုင်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ ရေတင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

          အထွက်နှုန်းအနေဖြင့် ခရမ်းချဉ်သီးကို အမှည့်ရောင်းချခြင်းမပြုဘဲ၊ အစိမ်းကောက် ရောင်းချပါကြောင်း၊(၇)ရက်တစ်ပတ် တစ်ကြိမ် ခူးဆွတ်ရပြီး စတင်ခူးဆွတ်ချိန်တွင် ခရမ်းချဉ် သီးအစို ပိဿာချိန် ၃၅၀-၄၀၀ ခန့် ထွက်ရှိ၍ တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်း ပိုမိုလာကြောင်း၊ ခရမ်းချဉ်သီးနှံကို စတင်ခူးဆွတ်ချိန်မှစ၍ တစ်ဧကလျှင် စုစုပေါင်း ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထား၊ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်း ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် အစိမ်းဈေး ငွေကျပ် ၈၀၀-၉၀၀၊ လက်လီ တစ်ပိဿာလျှင် ၁၂၀၀-၁၄၀၀ နှုန်းဖြင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ရောင်းချမှုများအပြင် မုံရွာမြို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးမြို့၊ ကုန်စိမ်းဒိုင်များသို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်း ခန့် ရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ‌ချောင်း ဈေးနှုန်းအခြေအနေ

‌          မုံရွာမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်ကျပ်၂၁၈၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၂၃၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၃၇၀၀၀၀  ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၂၃၀၀၀၀၀၊  (၅)မူးတစ်တန် ကျပ်၂၃၀၀၀၀၀၊ (၆)မူးတစ်တန် ကျပ်၂၅၀၀၀၀၀  ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

‌          ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ဒုတိပတ်နှင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ဒုတိပတ်နှိုင်းယှဉ်ရာတွင် (၃)မူးတစ်တန်ကျပ်(၁၂၀၀၀၀ ) မြင့်တက်လာ ပြီး ၊(၅)မူး တစ်တန် ကျပ် ၂၃၀၀၀၀၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး၊ (၆)မူးတစ်တန် ကျပ် ၁၃၀၀၀၀ မြင့်တက်လာကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

သီးထပ်မတ်ပဲစိုက်ပျိုးမှုအခြေအနေ

          တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီး သီးထပ်အဖြစ် ဆောင်းသီးနှံ မတ်ပဲ စိုက်ပျိုးလျက်ရှိရာ ဥတိုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၈၁/က၁)ဦးပိုင်(၃၀)တွင် တောင်သူ ဦးအောင်မျိုးထိုက်ပါ (၉)ဦးမှ စိုက်ပျိုးထားရှိသော မတ်ပဲစိုက်ဧက(၅၀)စံပြကွက်သို့ (၃.၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှု့ ခဲ့ပြီး မတ်ပဲဧက(၅၀)စံပြကွက် အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်ရေးအတွက် ဆေးဖြန်းပုံး (၉)ပုံး၊ ရွက်ဖြန်းမြေဩဇာတစ်လီတာဝင်(၁၀)ဗူး၊ ဟက်တာကေးဇီဝမြေဩဇာ(၃၀)ထုပ် စုစုပေါင်း တန်ဖိုး ၁၅၀၀၀၀၀ (ကျပ်တစ်ဆယ်ငါးသိန်းတိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

မုံရွာမြို့တွင် အာလူးဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲ လျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်း မြို့မှတစ်ဆင့် မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်းများမှာ  အာလူးသီး (၁) ပိဿာလျှင်  ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် တို့ဖြင့် ရောင်းချကြောင်း၊ ဇန်နဝါရီလ ပထမပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် အာလူးသီး (၁) ပိဿာ ဈေးနှုန်း ကွာဟမှုမှရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော ထန်းလျက်ဈေးနှုန်းအခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင်ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ပန်ထန်းလျက် တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ရိုးရိုးထန်းလျက် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ နို့ထန်းလျက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် စမုံထန်လျက်အသေး(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

            ထန်းလျက်သည် ထန်းပင်မှထွက်ရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကိုအစားအသောက်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ကို မြေပဲယို၊ နှမ်းယို၊ ဇီးယိုစသည်တို့ပြုလုပ်ခြင်း၊ ဆေးဖော်စပ်ရာတွင်လည်း ထန်းလျက်ကိုအသုံးပြုကြသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၌ ရာသီစာ စားတော်ပဲစိမ်း ဈေးနှုန်း/ ဈေးးကွက် အခြေအနေ

          စားတော်ပဲစိမ်းသည် ရှေးယခင်  မြန်မာဘုရင်များ လက်ထက်ကတည်းကပင် အလွန်စားကောင်း၍   နုညံ့သည့် အဆင့်မြင့်ပဲတစ်မျိုးဖြစ်ရာ ဘုရင်များက စား‌တော်ပဲဟုခေါ်ခဲ့ကြသည်။ စားတော်ပဲစိမ်းသည် လူအများကြိုက်နှစ်သက်သော ပဲတစ်ပျိုးဖြစ်ပြီး ဆောင်းရာသီတွင်  ပေါ်သောရာသီစာဖြစ်သည်။ စား‌တော်ပဲစိမ်းကို ကြော်စားခြင်း၊ ချက်စားခြင်း၊ ‌ကောက်ညှင်းနှင့် ပေါင်းစားခြင်း၊ ဒံပေါက်ထဲတွင်ထည့်ခြင်း၊ ကောက်ညှင်းကျည်တောက်ထဲတွင်ထည့်ခြင်းနှင့် ပဲကပ်ကြော်အဖြစ်ကြော်ပြီး ရေနွေးကြမ်းနှင့် စားသုံးကြသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ စားတော်ပဲစိမ်းများ လှိုင်လှိုင်ပေါပြီး အနီးတဝိုက်ရှိ ကျေးရွာများမှ ရာသီစာစားတော်ပဲစိမ်းကို လာရောက်ရောင်းချ၍ ဈေး‌ကောင်းရရှိ နေကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စားတော်ပဲစိမ်းဈေးနှုန်းများမှာ စားတော်ပဲစိမ်း တစ်ပြည်လျှင်(၁၆၀၀၀)ကျပ်၊ စားတော်ပဲစိမ်း  နို့ဆီတစ်ဘူးလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

             ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၀၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၅၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၀၁၅၀ဝိ/-)၊  ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၀၀၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၃၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ်ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာ တစ်ဗူးလျှင်(၇၅၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)100ccတစ်ဗူးလျှင်(၃၃၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေး များမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်တွင် မိုးစပါးများရိတ်သိမ်းနေချိန်ဖြစ်၍ ဓါတ်မြေဩဇာ အရောင်းအဝယ်ဖြစ်မှုမှာ မရှိသလောက်နည်းပါးပြီး ပိုးသတ်ဆေးအရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်သာဖြစ်ကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ ဒုတိယအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၉၅၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်း အဝယ်ဖြစ်မှုမှာ(၄၅၀၀)တင်း/ (၁၄၇)တန် ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၅၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုနှမ်းနက်ဈေး အနည်းငယ်အေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

            ရွှေဘိုဈေးကွက်သို့ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ နှမ်းနက်များဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင်(၂၁၃၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိကြောင်း၊   အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၆)တန်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်းလျှင်(၂၂၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် နှမ်းနက်တစ်တင်းလျှင်(၇၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းနက်အရောင်းအဝယ်ဖြစ်သည့် ဈေးငြိမ်နေသော်လည်း ဝင်ရောက်သမျှအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း