ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသစ်တော်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ ပန်းသစ်‌တော်သီး(၁)လုံးလျှင်(၄၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ ပန်းသစ်‌တော်သီး(၁)လုံးလျှင်(၄၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပန်းသစ်‌တော်သီး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟ) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

            ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀  ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်၂၂၀၀၀၀၀ ၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

              ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(ဟောင်း) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀ ၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၉၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

              မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၆၀၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၇၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများအပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဇန်နဝါရီလ ဒုတိယ ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီ၏  စပါး / ဆန် ဈေးနှုန်း များမှာ ယခင်အပတ်တိုင်းဈေးနှုန်းများတည်ငြိမ်နေကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော လိမ္မော်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီးဈေးနှုန်းများမှာ ရွှေလိမ္မော်သီး(၁)လုံးလျှင်(၈၅၀)ကျပ်၊ (၅၀၀၀)ဖိုးလျှင်(၇)လုံး၊ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီး ဈေးနှုန်းများမှာ ရွှေလိမ္မော်သီး(၁)လုံးလျှင်(၈၅၀)ကျပ်၊ (၅၀၀၀)ဖိုးလျှင်(၇)လုံး၊ ရွှေလိမ္မော်သီး ချိန်သား တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ပျားလိမ္မော်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပျားလိမ္မော်သီးဈေးနှုန်း တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ကျဆင်းလျက်ရှိပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်း /ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥနှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ဇီးချိုသီးကိုတော့ မန္တလေးမြို့တို့မှ မှာယူရောင်းချသော အသီးများရှိသလို မိမိတို့ကန့်ဘလူ ဒေသထွက် ဇီးချိုသီးခြံမှ ဖောက်သည်ယူပြီးရောင်းချခြင်းလည်းဖြစ်ပါသည်။ မန္တလေးမြို့တို့မှ ဖောက်သည် မှာယူရောင်းချသော ဇီးချိုသီးမှာ ပိဿာချိန်(၉/၁၀)ပိဿာခန့် တစ်ဖာလျှင်(၂၀၀၀၀)ကျပ် ဖြင့် ဝယ်ယူရပြီး ဒေသထွက်ဇီးခြံများမှ ဇီးချိုသီးဈေးမှာ တစ်ပိဿာလျှင်(၅၅၀၀/၆၀၀၀)ခန့်ရှိသည့် အတွက် ဈေးကြီး၍ ရောင်းအားနည်းသည့်အတွက် အနည်းငယ်သာမှာယူရောင်းချပါသည်။

         ၂၀၂၅ ခုနှစ်၊ ယခင် ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဇီးချိုသီးဈေးနှုန်းများမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ် လျှင်(၃၅၀၀)ကျပ်၊ ‌ကန့်ဘလူဇီးခြံမှာထွက်သော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်းမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှင့် ၇၅ကျပ်သားခန့် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ‌ကန့်ဘလူ ဇီးခြံမှထွက်ရှိသော ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးဖြင့် ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက မန္တလေးမြို့မှ မှာယူရောင်းချရသော ဇီးချိုသီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန် စီးထွက်မှုအခြေအနေ

           ဇန်နဝါရီလ (ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၉၇၅၈၅၊ မန္တလေးသို့ အိတ်ရေ ၆၁၈၄၇၊ နေပြည်တော်သို့ အိတ်ရေ ၂၇၄၅၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၈၅၃၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၅၁၀၊ မိတ္ထီလာသို့ အိတ်ရေ ၉၉၆၉၊ တောင်ငူသို့ အိတ်ရေ ၂၃၄၆၊ ပဲခူးသို့အိတ်ရေ  ၅၁၅၅၊  ဘားအံသို့ အိတ်ရေ ၁၅၈၃၅၊ ကချင်သို့ အိတ်‌ရေ ၆၃၄၅၊ မွန် သို့ အိတ်‌ရေ ၁၂၈၈၀၊ ပြည်သို့ အိတ်ရေ ၁၀၂၀၊ ဧရာဝတီသို့ အိတ်ရေ ၇၄၀၊ မကွးသို့ အိတ်‌ရေ ၂၃၈၄၊ မြိတ်သို့ အိတ်ရေ ၂၀၀ အိတ်၊ မူဆယ်သို့ အိတ်ရေ ၉၂၅   စုစုပေါင်း အိတ်ရေ (၂၄၂၀၁၆) အိတ်၊ တန်အားဖြင့် (၁၂၁၀၀) စီးထွက်ခဲ့ပြီး ယခု    ဇန်နဝါရီလ      (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၁၂၇၁၁၊ မန္တလေး သို့ အိတ်ရေ ၆၇၇၀၄၊ နေပြည်တော်သို့ အိတ်ရေ ၄၂၂၄၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၈၂၃၁၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၉၂၂၊ မိတ္ထီလာသို့ အိတ်ရေ ၁၂၈၄၇၊ တောင်ငူသို့ အိတ်ရေ ၈၃၅၊ ပဲခူးသို့အိတ်ရေ  ၁၆၈၀၊  ဘားအံသို့ အိတ်ရေ ၁၁၂၀၊ ကချင် သို့ အိတ်‌ရေ ၃၅၅၀၊ မွန် သို့ အိတ်‌ရေ ၁၅၁၉၀၊ ပြည်သို့ အိတ်ရေ ၂၃၂၃၊ ဧရာဝတီသို့ အိတ်ရေ ၇၂၀၊ မကွးသို့ အိတ်‌ရေ ၁၉၀၃၊ မြိတ်သို့ အိတ်ရေ ၄၅ အိတ်၊ မူဆယ်သို့ အိတ်ရေ ၄၅၀၊ ပဲခူးသို့ အိတ်‌‌ရေ ၁၆၈၀၊ ဓနုဖြူသို့ အိတ်ရေ ၂၅၀ စုစုပေါင်း အိတ်ရေ (၂၄၈၇၀၅) အိတ်၊ တန်အား ဖြင့် (၁၂၄၃၅) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၆၆၈၉) အိတ်၊ တန်အားဖြင့် (၃၃၅)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ပန်းသီးဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပန်းသီး ဈေးနှုန်းများမှာ အလုံးအကြီး/အသေး ပေါ်မူတည်၍ ပန်းသီးအကြီး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ပန်းသီး အသးတစ်လုံးလျှင်(၂၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကာ ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲမြစ်၏ ကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

           ပဲမြစ်သည်  ပဲစောင်းလျားသီးပင်ရဲ့ အမြစ်ဖြစ်ပြီး ပဲမြစ်ပြုတ်သည် ကျန်းမာရေးအတွက်ကောင်းမွန်၍ စားသုံးသင့်သော ရာသီစာတစ်မျိုးဖြစ်ပါသည်။  ကယ်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဆီးချိုလျော့ကျစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အထူးသင့်လျောပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန် စေပြီး ပရိုတင်းဓာတ်များစွားပါဝင်၍ ခန္တာကိုယ်ကြွက်သားများ သန်မာစေပါသည်။   

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ မြလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် ရာသီစာပဲမြစ်များ ရောင်းချလျက်ရှိပါသည်။ မန်ကျည်းတောကျေးရွာမှ အဓိက ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရာသီပေါ်ဖြစ်သည့် ပဲမြစ် ဈေးနှုန်းများမှာ တစ်ပိဿာလျှင် လက်လီဈေး (၄၀၀၀)ကျပ်မှ (၄၂၀၀)ကျပ်ထိ ရောင်းချပြီး လက်က္ကားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ယခုအခါ ပဲမြစ်များ ထွက်ရှိသည့်အချိန်ဖြစ်သောကြောင့် ပဲမြစ်စိုက်ပျိုးရာ မြို့နယ်အချို့မှ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း ပဲမြစ်ရောင်းဝယ်သူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မစည်ပင်သာယာဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းမျိုးစုံ ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်းဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ အခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့်ရောင်းချလျက်ရှိပြီး     ယခု  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင် ကျပ်(၁၅၀၀) ၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီးလျှင် ကျပ်(၁၀၀၀)၊ သပြေပန်း အငုတ်(အသေး၊အကြီး) အရွယ်အစား အလိုက် ကျပ်(၁၀၀၀/၁၅၀၀)၊ အောင်သပြေအခက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ အာစီယံ သပြေအခက် တစ်စီးလျှင် ကျပ်(၅၀၀)၊ မေမြို့ပန်း တစ်စီးလျှင် ကျပ်(၁၀၀၀) နှင့် သစ္စာပန်း (၅)ခက်ပါ တစ်စီးလျှင်ကျပ် (၁၅၀၀) တို့ဖြင့် ရောင်းချလျှက်ရှိ‌သောကြောင့် ယခင်  ဇန်နဝါရီလ (ဒုတိယပတ်)ဈေးနှုန်းဖြင့် နှိုင်ယှဉ်ကြည့်မည်ဆိုပါက ပြောင်းလမှုမရှိ တည်ငြိမ်လျက်ရှိပါကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးအတွင်းရှိ ကြက်သားဈေးနှုန်း/ ဈေးကွက် အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မွေးမြူးရေးကြက်နှင့် ဗမာ ကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့်  ဇန်နဝါရီလ ဒုတိယပတ်၏ ကြက်သား ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၅၀၀၀)ကျပ် ဖြင့် ရောင်းချ ကြောင်း သိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်၏ ကြက်သားဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၆၀၀၀)ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ် ကြည့် မည်ဆိုပါက ကြက်အသားဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ကြက်အရိုးအစုံဈေး(၁)ပိဿာကို (၁၀၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေ

             ၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက် အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၅ခုနှစ်၊ ယခင် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် ကြက်သွန်ဖြူ ဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သားလျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သား လျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း ဈေးနှုန်း အသီးသီးရောင်းချခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ရှမ်းကြက်သွန်ဖြူ(ခေါ်)ကြူကုတ်အမျိုးအစား တစ်ပိဿာလျှင်  ကျပ်(၂၃၀၀၀)၊ (၂၅) ကျပ်သား လျှင် ကျပ်(၅၅၀၀)၊ ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀) (၂၅)ကျပ်သားလျှင် ကျပ်(၄၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (၂၅)ကျပ်သားလျှင် ကျပ်(၃၅၀၀)ဈေးနှုန်း အသီးသီး ရောင်းချလျက်ရှိကြောင့် ယခင် ဇန်နဝါရီလ ဒုတိယအပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကြက်သွန်ဖြူအရောင်းအဝယ်လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း