ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၂.၁၀.၂၀၂၃ )

       ၁၂.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၁၀.၂၀၂၃ )

    ၁၂.၁၀.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မွန်ပြည်နယ်အတွင်းရှိ ဝဥစက်ရုံများ စတင်လည်ပတ်

    ဝဥရာသီကုန်ဆုံးချိန်ဖြစ်သော ဇန်နဝါရီလမှ ဩဂုတ်လအထိ ဝဥစက်ရုံများရပ်နားထားခဲ့ရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ဝဥများစတင်ထွက်ပေါပြီး စက်ရုံများ ပြန်လည်လည်ပတ်လျက်ရှိကြောင်းသိရှိရသည်။ ဝဥစတင်ထွက်ပေါ်ချိန် စက်တင်ဘာလဆန်းတွင် ဝဥအစိုတစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ (၁၀၂၅) ကျပ်ခန့်ရှိကြောင်း၊ ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်တွင် (၆၀၀-၈၀၀) ကျပ်ရှိခဲ့ရာ ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ ဝဥများကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဝယ်ယူရရှိကြောင်းသိရှိရသည်။

     ဝဥအစိုများကို စက်ရုံများတွင် စက်ဖြင့် ရေဆေး၊ အခွံခွာ၊ ပါးပါးလှီး၊ အခြောက်ခံကာ ဝဥခြောက်အပြားများရရှိသည်။ ဝဥအစို (၆.၇) ပိဿာလျှင် ဝဥအခြောက် (၁) ပိဿာရရှိကြောင်း၊ အဆိုပါ ဝဥအခြောက်အပြားများကိုထုပ်ပိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ ယခင်အချိန်က မန္တလေး-ချင်းရွှေဟော်- တရုတ်သို့တင်ပို့ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့တင်ပို့ကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မွန်)

 

မင်းဘူးမြို့၏ အောက်တိုဘာလ(ပထမအပတ်)စက်သုံးဆီဈေးနှုန်းအခြေအနေ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ပုံမှန် ဆိုင်ဖွင့်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထအပတ်)နှင့် အောက်တိုဘာလ (ပထမအပတ်) စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ် (၂၅၃၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၃၅)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ ဒီဇယ် (ပရီမီယမ်)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၁၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၇၅) ဖြစ်၍ ကျပ်(၂၄၀)ဈေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ(92)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၆၅) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၉၉၀)ဖြစ်၍ ကျပ်(၂၇၅)ဈေးလျော့နည်းခဲ့ကြောင်း၊ ဓာတ်ဆီ(95)(၁) လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၃၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၉၀)ဖြစ်၍ ကျပ်(၂၈၅) ဖြင့် အသီးသီးဈေးလျော့နည်း ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

အောက်တိုဘာဘာလ ပထမအပတ်တွင် ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ အလုံးအကြီး/ အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀/၈၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်၊ အာလူးအသေး/ အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် (၂၅၀၀/၂၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအကြီး/ အသေးပေါ်မူတည်ပြီး (၁၈၀၀/၂၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်ထိ၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည် ။

       ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၇၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တွင်ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ တီလားဗီးယားငါး အသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

      အောက်တိုဘာလ ပထမအပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် တခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများ၊ အသားဈေး/ ငါးဈေးနှုန်းများလည်း တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ အောက်တိုဘာလ ပထမအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလားနယ်စပ်လမ်းကြောင်းမှ သွင်းကုန်များမှာ အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၃၈)သန်းဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၀.၀၃၈) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၉၈)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

      တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ကော်ဖီ၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၃၈၃)သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၁.၀၂၉)သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၄၁၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၁၈၈)သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၅၁၄)သန်းလျော့နည်းသွားသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၇၀၂)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

 

ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

     အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်လေတပ်စခန်းတို့မှ ဆန်၊ ဆီ၊ ကြက်သား၊ ဟင်းသီးဟင်းရွက်နှင့် အသင့်စား စားသောက်ကုန်များအား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တိုင်းဆီကုန်သည်များအသင်းနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်ဈေးဖြင့်  ၄၄၀ ပိဿာ ၊ ဆန်တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ဆန် ၁၃ အိတ်၊ ကြက်ဥ (၄)လုံးလျှင် ၁၀၀၀ ကျပ်ဈေးဖြင့် အလုံးရေ ၁၀၀၀ နှင့် ဆားငါးဆယ်သားတစ်ထုပ်လျှင် ၃၀၀ ကျပ်ဖြင့် ဆား ၇၅ ပိဿာ တို့ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား ရောင်းချပေးခဲ့ပါသည်၊၊

   ထိုသို့ရောင်းချခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူတို့မှ ကွင်းဆင်းကြည့်ရှုကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မကွေးမြို့၊ မြို့မစျေးအတွင်း၌ အောက်တိုဘာလ(ပထမပတ်)အတွင်း ဖြစ်ပေါ်နေသော စျေးနှုန်းအခြေအနေ

     မကွေးမြို့၊ မြို့မစျေး၌ မြို့ပေါ်ရှိ စျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကြီးကန်ကျေးရွာ၊ ပုထိုစမ်းကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      မကွေးမြို့၊ မြို့မစျေးတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ် (၁၂၀၀-၁၅၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၅၀၀-၂၀၀၀)၊ ပဲသီး(၁)ထုံးလျှင် ကျပ်(၂၅၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်သီးစိမ်း တောင်ပေါ် (၁၁)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ပြောင်းဖူးအချို(၁၀)ဖူးလျှင် ကျပ်(၃၀၀၀)၊ ကြက်သား(CP)(၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပုဇွန်ကျော့ (၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၂၇၀၀၀)၊ ငါးမြစ်ခြင်း (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးခုတ်သား(၁) ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀၀-၂၇၀၀)၊ ဘဲဥ (၁၀)လုံးလျှင် ကျပ်(၃၈၀၀-၄၀၀၀)တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး မြို့မစျေးသို့ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့အပြင် မကွေးမြို့၊ မြို့မစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန် ဘုရင့်နောင်၊ မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလာဖီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း ၍လည်းကောင်း၊ ငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်း ပြုလုပ်၍လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

     မကွေးမြို့၊ မြို့မစျေးတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချလျှက်ရှိ သော ကုန်စျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုဇွန်ခြောက်လတ်(၁) ပိဿာလျှင် ကျပ်(၆၃၀၀၀)၊ ပုဇွန်ခြောက်အသေး(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးဖန့်ဝိုင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၂၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ်၊ ငါးရံ့လုံး (၁)ပိဿာလျှင် (၄၁၀၀၀)ကျပ်၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးဘတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၆၀၀၀- ၃၂၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရေစကြိုမြို့နယ်အတွင်း မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ပေါင်းစုံရာ မြစ်ရေကြီးချိန်တွင် ရေဝင်ရောက်သည့် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်း ကျေးရွာ များဖြစ်သည့် ကုန်းတလင်း၊ ဇီးကုန်း၊ဇီးကုန်းကျွန်း၊သူဌေးကုန်းနှင့် ကန်ဒေါင့်ကျေးရွာများတွင် မြစ်ရေကျချိန် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက်(ခေါ်) ဥစိုက်ကြက်သွန်နီများ အများအ ပြားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

     မျိုးဥများအနေဖြင့် ယခင်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စိုက်ပျိုးသည့်ပျိုးပင်စိုက် ကြက်သွန်နီများမှ ထွက်ရှိလာသည့် ဒေသခေါ် (ကျမ်းကျွံ)ဥသေးများနှင့် မျိုးစေ့ကို ကျဲပက်၍ စိုက်ပျိုး ရာမှထွက်ရှိလာသည့် ဒေသခေါ်(ဇော်မွှား) မျိုးဥများကို စိုက်ပျိုးကြကြောင်း၊ မျိုးဥ(၁)ပိဿာလျှင် ကျပ်(၃၅၀၀) ဝယ်ယူရကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုးဥ(၃၀၀ မှ ၃၅၀)ပိဿာခန့် ကုန်ကျ ကြောင်း၊ မျိုးဥအရွယ်အစား အကြီး၊အသေးပေါ်တွင်မူတည်၍ (၁)ဧကကုန်ကျမူပိဿာများ ကွာခြားလျက်ရှိပါကြောင်း ယခုနှစ်တွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၅၀၀၀၀၀)ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ်က မျိုးဥ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၊ ၂၀၀၀)ခန့်ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅၀၀၀၀၀)ခန့်ကုန်ကျကြောင်းကို ကုန်းတလင်းကျေးရွာမှ စိုက်ပျိုး တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

    မိုးစိုက်(ခေါ်)ဥစိုက်ကြက်သွန်နီများကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တူးဖော်ရမည် ဖြစ်ကြောင်း(၁)ဧကအထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀၀)မှ(၃၅၀၀)ခန့် ထွက်ရှိနိုင်ကြောင်း ယခုဈေးနှုန်းအနေဖြင့် ကျပ်(၂၅၀၀)မှ(၃၀၀၀)ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ကုန်တလင်းကျေးရွာတွင် တောင်သူ(၁၀)ဦး၊ (၂၅)ဧက စိုက်ပျိုးကြပြီး  မိမိအနေဖြင့် ယခုနှစ်တွင်(၃) ဧကခန့် စိုက်ပျိုးထားကြောင်း၊ ပတ်ဝန်းကျင်ရှိကျေးရွာများတွင်လည်း ဧက(၅၀၀)ခန့်စိုက်ပျိုးကြကြောင်း၊ တူးဖော်ချိန်တွင် ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းအနေဖြင့် ယခုလက်ရှိဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိ၊ ရာသီဥတုလည်း ကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည်ဆိုပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း