ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့မှာ ကြက်ဥဈေးအနည်းငယ်ကျ

      ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ အောက်တိုဘာလအတွင်း ကြက်ဥဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

      ဈေးနှုန်းစာရင်းများအရ ယခင်က ကြက်ဥ အလတ်ဆိုဒ် ၃၀ ပါ တစ်ကတ်လျှင် ၇၅၀၀/ ကျပ်ဖြစ်ပြီး ယခုအခါ တစ်ကတ်လျှင် ၆၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကြက်ဥဈေးနှုန်းကျဆင်းရခြင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ဇာသပြင် အဖြောင့် လမ်း မှ  ဘားအံမြို့သို့ လက်လီ/ လက်ကား လာရောက်ဖြန့်ဖြူးရောင်းချလျက်ရှိသော နိုင်ဝင်းအောင် ကြက်ဥ/ ဘဲဥအရောင်းဒိုင်က  “ ကြက်ဥအရောင်းအဝယ်က နည်းနည်းအေးသွား တယ်၊ ဈေးလည်း တစ်လုံး ၃၀ လောက်ဈေးကျတယ်၊ အစာဖိုးကတော့ ဈေးမကျပါဘူး၊ အခုက သားငါးတွေ ပေါလာလို့ ကြက်ဥ အဝယ်အေးပြီးဈေးကျသွားတဲ့ သဘောပါပဲ” ဟု ဈေးကွက် အခြေအနေအား ပြောပြသည်။

    ကရင်ပြည်နယ်တွင် ကြက်ဥများအား ဒေသတွင်း မွေးမြူရေးခြံများမှ ဈေးကွက်အတွင်း ဖြန့်ဖြူးမှုများရှိသကဲ့သို ပဲခူး( တောင်သုံးလုံး)၊ တောင်ကြီး စသည့် မွေးမြူရေးခြံများမှ ကြက်ဥများ လည်း ဝင်ရောက်ကြောင်း သိရသည်။

DOCA(ကရင်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငါးဒိုင်မှ အောက်တိုဘာလ ပထမအပတ်အတွင်းရောင်းချသည့် ငါးအမယ်နှင့်ငါးဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငါးဒိုင်၌ အောက်တိုဘာလ ပထမအပတ်အတွင်း ရောင်းချလျက်ရှိသောငါးအမယ်များမှာ ငါးတန်၊ ငါးရွှေကြီး၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ တီလားဗီးယား၊ ကင်းမွန် (အကြီး)၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ငါးကြင်းဖြူ၊ ပလာတူး၊ ငါးနှပ်၊ ငါးပုတ်သင်(ငါးပျက်)၊ ပုစွန်ပျော့ (အကြီး)၊ ပုစွန်ပျော့(အသေး)၊ ပုစွန်ထုပ်(အစိမ်း)ရေချို၊ ရေဘဝဲ၊ ပလာတူးတို့ရောင်းချကြောင်းသိရသည်။  

   ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ငါးတန်တစ်ပိဿာလျှင် ကျပ်၃၁၀၀၀၊ ငါးရွှေကြီးတစ်ပိဿာလျှင် ကျပ်၁၁၈၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်၅၁၀၀၊ ငါးသလောက်တစ်ပိဿာလျှင် ကျပ်၁၁၅၀၀၊ တီလားဗီးယားတစ်ပိဿာလျှင် ကျပ်၈၀၀၀၊ ကင်းမွန်(အကြီး) တစ်ပိဿာလျှင် ကျပ်၃၂၅၀၀၊ ကင်းမွန်(အလတ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀၀၊ ကင်းမွန်(အသေး) တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊ ကကတစ်တစ်ပိဿာလျှင် ကျပ်၁၅၅၀၀၊ ငါးကွမ်းရှပ်တစ်ပိဿာလျှင် ကျပ်၁၅၀၀၀၊ ငါးကြင်းဖြူတစ်ပိဿာလျှင် ကျပ်၁၀၉၀၀၊ ပလာတူးတစ်ပိဿာလျှင် ကျပ်၄၅၀၀၊ ငါးနှပ်တစ်ပိဿာလျှင် ကျပ်၂၀၀၀(အသေး)၊ ငါးပုတ်သင်(ငါးပျက်) တစ်ပိဿာလျှင် ကျပ်၇၅၀၀၊ ရွှေငါးတစ်ပိဿာလျှင် ကျပ်၅၃၀၀၊ ပုစွန်ပျော့(အကြီး) တစ်ပိဿာလျှင် ကျပ်၂၁၂၀၀၊ ပုစွန်ပျော့(အသေး) တစ်ပိဿာလျှင် ကျပ်၁၈၄၀၀၊ ပုစွန်ထုပ်(အစိမ်း)ရေချို(အကြီး) တစ်ပိဿာလျှင် ၆၂၀၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း)ရေချို (အလတ်) တစ်ပိဿာလျှင် ၄၇၀၀၀ကျပ်၊ ပုစွန်ထုပ်(အစိမ်း) ရေချို(အသေး)တစ်ပိဿာလျှင် ၃၉၀၀၀ကျပ်၊ ရေဘဝဲတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ငါးဈေးနှုန်းများသည် အပတ်စဉ်အလိုက် အပြောင်းအလဲရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၇၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည်လျှင် (၅၇၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၈၀၀၀) ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၉၀၀၀)ကျပ်မှ (၉၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၅၀၀၀)  ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၂၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၃၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် (၄၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ အသားငါးဈေးနှုန်းမှာ ကြက်သား(အကောင်လိုက်) (CP) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ  (၈၀၀၀) ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ (၁၃၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          စက်တင်ဘာလ ပထမအပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် တခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ဈေးရောင်းချနေသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများက ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ် ၇ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေး၌   နံနက် (၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

   ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၀၀၀) ပိဿာရောင်းချပေးခဲ့ပြီး ဆန်တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ ကြက်ဥ (၅)ပါ လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ငုံးဥ (၂၅) လုံးပါ တစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀ မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံးလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀ မှ ၁၅၀၀)ကြား၊ တည်သီး (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀ မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀ မှ ၁၅၀၀)ကြား၊ မင်းဂွတ်သီး(၁)လုံးလျှင် ကျပ်(၁၅၀ မှ ၃၀၀)ကြား၊ ငှက်ပျောဖီးကြမ်းတစ်ဖီးလျှင် ကျပ်(၁၅၀၀ မှ ၂၅၀၀)ကြား၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ်(၁၅၀၀ မှ ၂၀၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၂၀၀၀)ကြားဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

   ယခုအောက်တိုဘာလ ပထမအပတ်တွင်ရောင်းချနေသော ဈေးနှုန်းများမှာ ပုစွန်ခြောက် (၁) ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀) မှ ကျပ် (၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၁၈၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀) မှ ကျပ်(၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀)မှ ကျပ်(၄၅၀၀၀)၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀) မှ ကျပ်(၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ်(၁၇၅၀၀)ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်များပူးပေါင်းကာ (၇-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ စားအုန်းဆီများကို ကန့်ဘလူမြို့တွင်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏လက်ဝယ်အရောက် သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

   အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ စားအုန်းဆီ(၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်း (၁၄၀၃)ဦးအားရောင်းချပေးခဲ့ကြောင်း၊ ခွဲတမ်းရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည် ဦးနွေဦးထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း အောက်တိုဘာလ ပထမအပတ်၌ ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သောဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။

      ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ အောက်တိုဘာလ ပထမအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၈၇၀၀၀) ကျပ်၊ မျှားကမ္ဘာ (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ကွန်ပေါင်း (10:10:5) (50)kg တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၄၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅၀၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၅၀၀၀)ကျပ်၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

                                     

ရွှေဘိုခရိုင်၌ အောက်တိုဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းတို့ကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

   ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သောခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ပထမပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၅၈၀၀ဝိ/-)ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၄၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter တစ်ဘူးလျှင် (၁၅၅၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၂၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၂၈၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၉၅၀ဝိ/-)ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g တစ်ဘူးလျှင် (၉၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် ယခင်အပတ်ထက် အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲ တံဆိပ်ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်‌ဈေးပိုခဲ့ပြီး  ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် (၅၀၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၂.၁၀.၂၀၂၃ )

၁၂.၁၀.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း